သမီး Wow အတွက် ဆေးတခွက်

 

သမီးလေးဝေါင်း… သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်။ ကိုယ့်ဖခင်ကို ဆုံးရှုံးသွားလို့ ဝမ်းနည်းကြေကွဲ နေမှာပဲနော်၊ ဦးကြောင်လည်း ကျန်ရစ်သူ မိသားစုနဲ့အတူ မျှဝေခံစားရပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် အားပေးနှစ်သိမ့်ဖို့ ဓမ္မစကားဆိုရင်း စိတ်ပြေတဲ့အခါ ရွာကိုပြန်လာခဲ့ပါလို့ ဖိတ်ခေါ်ပါရစေ…။

သဲအင်းဂူဆရာတော်ကြီးက ဆွမ်းသွပ်တရားနာပွဲတခုမှာ ကျန်ရစ်သူ ဒကာမကြီးကို ဒီလိုဆုံးမတယ်။ လူတွေက သေတယ်သေတယ် ပြောကြငိုကြတယ်။ အဲဒါ သေတာမဟုတ်ဘူး၊ ဘဝပြောင်းတာ.. ဘဝတခုကနေ တခုကို ကူးတာ။ ဘယ်သူတွေသေလဲ.. ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟနာ္တရှင်မြတ်တွေ သေတယ်။ သူတို့ပြန်မလာတော့ဘူး။ ပုထုဇဉ်တွေက အရင်ဘဝကနေ ဒီဘဝရောက်..နောက်ဘဝကိုကူး.. ရပ်ခွင့်မရှိဘူး။ ဒါကြောင့် ဆုံးရှုံးသွားပြီနဲ့ တွေ့ဆုံကြုံကွဲ လောကနိယာမအပေါ် အယူမမှားဖို့မှာတယ်။ (စကားလုံး အတိအကျ မဟုတ်ပါ)

ဘာသာတရား ရှုဒေါင့်ကနေ နတ်ပြည်လားတယ် ကောင်းကင်ဘုံသွားတယ် ဖြေသိမ့်ကြပေမဲ့ အတွင်းစိတ်က လက်မခံနိုင်လို့ ပူလောင်ကြတာပေါ့နော်။ ယုံတယ်ပဲထားအုံး ခွဲခွာသွားပြီ ပြန်မတွေ့တော့ဆိုတဲ့ အယူမှားနဲ့ ကိုယ့်ဖို့ကိုယ် ငိုကြပြန်ရော။ ဒီဘဝ ဗုဒ္ဓဘာသာ ဖြစ်မယ်၊ နောင်ဘဝ ခရစ်ယာန်ဖြစ်မယ်၊ ဘာသာမဲ့ဖြစ်မယ်။ ယခုဘဝ တရားသူကြီးဖြစ်လည်း နောင်ဘဝ လူဆိုးဖြစ်ချင်ဖြစ်မယ်။ ပစ္စုပ္ပန် မတရားခံထားရလည်း အတိတ်မှာ ကိုယ်က မတရားလုပ်ခဲ့ဖူးလား၊ အနာဂတ်မှာ မတရား ပြန်လုပ်မှာလား မသိနိုင်ဘူး…။ သံသရာ မပြတ်သ၍ အရာခပ်သိမ်း… အနိစ္စ အမြဲမရှိ တည်မနေ…။free

ဓမ္မသဘောမှာ ဝေါင်းလေး အဖေကို ဆုံးရှုံးမသွားဘူး၊ သူ့ခရီး သူဆက်တာ။ ဝေါင်းလည်း အချိန်တန် ကိုယ့်ခရီး ကိုယ်သွားမှာပဲ။ ပြန်မတွေ့တော့ဘူး ထင်လား…. သံသရာတကွေ့ နောက်ပုံစံတမျိုး ပြန်ဆုံမယ်၊ ပြန်ကွဲမယ်…။ ဆင်ခြင်တတ်ရင် ပူဆွေးမှု သက်သာမယ်၊ ဝမ်းနည်းရမှာ သံသရာဘီး လည်နေတဲ့ ဘဝကို……။ ဘာကြောင့် လည်သလဲ.. မသိမှု အဝိဇ္ဇာကြောင့်……၊ တခုခု အဟုတ်ထင် စွဲနေလို့ လွှတ်မရဘူး။ မသိသမျှ အတောမသတ် ခံစားနေလိမ့်မယ်၊ အဖေနဲ့တင်ပြီးလား….. အခြားသူများစွာ ကျန်သေးတယ်။ ကိုယ့်အလှည့် ကြတော့ရော….။

အကယ်၍ ပူဆွေးသောက ဖြစ်နေတုန်းဆိုရင် အဓိပ္ပါယ်မဲ့ အချီးအနှီးဆိုတာ သဘောပေါက်ပါ။ နဂိုမူလအတိုင်း ပျော်ပျာ်နေပါ ဝေါင်းလေး…၊ ရွာသင်ပုန်းထက် ဝေါင်းလေးစာကပ်ဖို့ နေရာတကွက် အမြဲချန်ထားတယ်။

မူရင်းတရားတော် အသံဖိုင် ၁၄။  ပဋိစ္စသမုပ္ပါဒ် MP3 Disc 02-14 အား – <a href=”http://dhammadownload.com/TheeInnGuSayadaw-UOakKaHta-mp3.htm”>ဤနေရာတွင်</a> right ကလစ်နှစ်ခါခေါက် save link as ဖြင့်ဒေါင်းလုပ်ဆွဲပါ။

ခြစ်ခြင်းမြားစွာဖြင့်..

မွေးစားဖေဖေကြောင်ကြီး 😎

21 comments

  • KZ

    March 18, 2013 at 8:20 am

    ဦးကြောင်ရဲ့ သတိတယ နဲ့ အချိန်ပေးပြီး ပြောထားတဲ့ တရား အတွက်
    Wow ကိုယ်စား ကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ။

    ကျနော် သူ့ ကိုလည်း ပြောပြလိုက်ပါ့မယ်။
    တရားကို တော့ ကျနော်လည်း ဒေါင်း သွားတယ် နော့။

    Reply

    • ဦးကြောင်ကြီး

      March 18, 2013 at 8:26 am

      KZ ဆိုတော့ ဘယ်အကောင် ဂျားကားဝင်ဆွဲသလဲ ထင့်သွားဒါပဲ.. တော်သေးတယ် ခိုင်ဇာခြစ်ခလေး ဖြစ်နေလို့… 🙄

      Reply

      • GZ

        March 18, 2013 at 8:31 am

        ညင်းညင်း…
        ခွိခွိ
        အာ..ဟိ

        :kwi:

        Reply

    • ဦးဖွတ်ကျား

      March 18, 2013 at 8:26 am

      ♫♪♫ ဇဂါးပေါရင် ကျနော် ကျနော် နဲ့ ..
      ဂျင်းဘောင်းဘီ အမြဲဝတ်တယ်…♫♪♫

      :harr:

      :528:

      Reply

      • KZ

        March 18, 2013 at 8:38 am

        ဟယ်။
        အထင်မလွဲကြပါနဲ့၊
        ဂလိုပဲ ကိုယ်ယောင်ဖျောက်နေရတယ်။
        :mrgreen: :mrgreen:

        ဂလိုမှန်းသိ ပုံလေးပါပြောင်းပလိုက်ပါတယ်။
        အောင်ကြူး မျောက်စိလည်သွားအောင်။
        :kwi:

        Reply

  • kyeemite

    March 18, 2013 at 8:26 am

    စောစောစီးစီး ဖွင့်လိုက်တာနဲ့ ဒီပို့စ်ကိုတွေ့လိုက်ရတာ
    မင်္ဂလာရှိပါဘိ…ဗရားဗိုးးးးးးးးး

    Reply

  • koaung

    March 18, 2013 at 8:32 am

    ဦးကျောင်ဦးကျောင် တရားတော်အတွတ်ကျေးဇူးကဘာ ဒါနဲ့ဂျဂါး စပ်ချင်စက် မစပ်ချင်နေ အကယ်၍မြား ဂျစ်တောသူနဲ့ မင်ဂါချောင်ပြီး စီလုဎ်ပြည်ကို ကျောင်ရေစမ်းခရီးသွားဖို့အစီအစဉ်မြား ရှိပါသလားခင်ည

    Reply

  • Wow

    March 18, 2013 at 10:07 am

    အခုလို ပို့စ်တင်ပြီး တကူးတက အားပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ဦးကြောင်ရယ်….
    တစ်ခုခု စိတ်ညစ်၊ စိတ်ရှုပ်စရာရှိရင် အခန်းအောင်း ဘယ်သူနဲ့မှ မတွေ့ချင်မပြောချင်တာ အကျင့်ဖြစ်နေလို့ပါ (ကန်ရာသီဖွားပီပီ)
    ဒါပေမဲ့ ရွာထဲကိုတော့ အမြဲတိတ်တိတ်လေးချောင်းကြည့်နေတာပါ…

    အားပေးတဲ့သူများ ဦးကြောင်၊ သဂျီး၊ ဦးဦးပါလေရာ၊ အန်တီပဒုမ္မာ၊ အရီးခင်လတ်၊ မမ၊ အူးကျောက်၊ ဦးမိုက်၊ ကိုပေါက်၊ ကိုပေ၊ ဆွိ၊ မောင်လေး ဆိုး.မိုက်.ဗူး၊ အမတ်မင်း၊ ဦးခင်ခ၊ ဖက်ဖက်ကက်၊Crystalline၊ မွန်မွန်၊ ကထူးဆန်း၊ ညလေး၊ ဆြာအုပ်၊ ကရွဲစည်၊ အံချာတုံး၊ ကရင်စည်၊ မအိ၊ မယ်ပု၊ ဗုံဗုံ၊ ညီမလေး အီတုံး၊ မိုးစက်၊ မွန်ကစ်၊ koyinmaung၊ YUYA MON ၊garuda၊ TheWinner၊၊ koaung ၊ MAUNG၊ nicolus agral … ရဲ့ စာတွေကို ဖတ်ပြီး အားပေးမှုအတွက် တစ်ကယ်ကို အားရှိရပါတယ်….

    သဲအင်းဂူဆရာတော်ကြီးရဲ့တရားတွေဒေါင်းသွားပါတယ်….

    ဒီအတောအတွင်း ခဏလောက်တော့… ရွာထဲမှာ ခွင့်တိုင်ထားပါရစေလို့….. ပျက်ကွက်တာများရှိရင် ခွင့်လွှတ်ကြပါ….

    Reply

    • KZ

      March 18, 2013 at 10:14 am

      အမြန်ပြန်လာပါ။
      ကန်ရာသီဖွားတွေ စိတ်ညစ်ပျောက်တဲ့ နည်း ကျုပ်ဆီမှာ အများကြီးရှိပါအေ။
      လွမ်းလို့ ခေါ်ရတာပါ။
      :byae:

      Reply

      • Wow

        March 18, 2013 at 11:21 am

        မူးအောင်တောက်ရမှာလား…. :kwi:
        ဒီနှစ်သင်္ကြန်တွင်းတော့ ၁၅ ရက် တရားစခန်းဝင်မလို့အေ… ကိုယ်လုပ်ပေးနိုင်တော့တာ ဒါပဲရှိတော့တယ်….

        Reply

        • KZ

          March 18, 2013 at 11:28 am

          မဟုတ်ပါဘူးအေ။
          စိတ်အေးချမ်းမဲ့ နည်း ပြောမလို့ပါ။
          သင်္ကြန်တွင်း အဲလို နေမယ်ဆိုလည်း ကောင်းပါတယ်။
          ပြန်လာရင်သာ ကျုပ် ကို ဆက်သွယ်ပါကွယ်…
          :hee:

        • အနော်လည်း ကန်ရာသီဖွားပဲ… :mrgreen:

          အစ်မ Wow ရေ.. အနည်းငယ်တော့ စိတ်တည်ငြိမ်သွားပြီ ထင်ပါတယ်နော်…
          အူးကြောင်ကလည်း ဒီတစ်ခါ အတည်တွေဘာတွေ ရေးလို့ .. 🙂

  • ဗုံဗုံ

    March 18, 2013 at 10:54 am

    မမဝါးကို မိဗုံလည်း လွမ်းတယ် ပြန်လာပါတော့နော် :byae:

    Reply

  • etone

    March 18, 2013 at 11:07 am

    မုန်းစရာကောင်းတဲ့ အူးကြောင် ………. ဘီလို ဖြစ်နေတာတုံးးးးးးးးးး အရေခွံစုတ်ပစ်လိုက်ရ … နာဒေါ့မယ် .. :mrgreen:
    ဝမ်းနည်းတဲ့ လူကို …… သွားသွား ဆွတယ် ။
    ဖခင်ဆုံး ရှုံးမှုအတွက် လစ်လစ်ဟာဟာ ခံစားရတဲ့ စိတ်သောကကို လူတိုင်း တနေ့ မဟုတ် တနေ့ ကြုံတွေ့ ရမှာပါ … ။ သူ့နည်း သူ့ဟန်နဲ့ ဝမ်းနည်းမှုကို ဖြေဖျောက်နေချိန်မှာ ……… ဘာလို့များ ….. အနာကို ဒုတ်နဲ့ ဆွသလို ရေးနေပြောနေကြပါလိမ့်တော် …… ။

    အားပေးသလိုလို ၊ နှစ်သိမ့်သလိုလိုနဲ့ ……..ကြိုးစား ဖြေဖျောက်နေရတဲ့ သတိရစိတ်ကို ၊ ပိုremind လုပ်ပေးနေတယ်လို့ပဲ မြင်မိပါတယ် ။ :chee:

    Reply

    • Wow

      March 18, 2013 at 11:25 am

      အဲ့လိုလဲ မမြင်ပါနဲ့ တုံကလေးရယ်….
      စေတနာနဲ့ ဖြေသိမ့်နေကြတယ်လို့ယုံပါတယ်….

      Reply

      • etone

        March 18, 2013 at 12:49 pm

        ခိခိ ….. အစ်မ WoW …. တခါ တလေ .. ဂလိုလေး အူးကြောင်ကို ဆော်ဂျင်နေတာ …
        ချိလို့ ကျီ စယ်တယ် မှတ်ပါ အူးကြောင် …… သမီးလာတောင်းရင် နှာနုကို ကျဉ်ပွေ့နဲ့ ကျွေးပလိုက်မယ် …. ဂူးးးးး ဂါးးးးးး … ဂီးးးးးး :kwi:

        Reply

      • စိုင်းထင်ရာ

        March 18, 2013 at 4:57 pm

        ကန်ရာသီ ဖွားဆိုတာ Cancer ကို ခေါ်တာလားဗျ …
        ကျွန်နော်က ဂနန်းလား မသိဘူး .. အဲဒီလမွေးပါတယ်
        WOW ရဲ့အဖေ ဆုံးသွားတာ မသိလိုက်ပါ
        ဦကြောင်ကြီး စာဖတ်မှ သိရပါတယ် …. ဝမ်းနည်းပါတယ်ခင်ဗျာ

        Reply

  • weiwei

    March 18, 2013 at 1:39 pm

    သာဓု … သာဓု … သာဓု ပါ …

    Reply

  • ကိုရင်စည်သူ

    March 18, 2013 at 7:10 pm

    မဝိုးလေး ခုထိ ချိတ်မကောင်းဖြစ်နေဒါသိပေမဲ့..
    အူးလေးကြောင်ရဲ့ အခြစ်တွေနဲ့ ရေးတဲ့ တရားကိုမှတ်ပီး
    တရားနဲ့ ဖြေလိုက်ပါကွယ်..။
    ဝိပဿနာကို ကိုယ်စွမ်းနိုင်တဲ့အရွယ်ထဲက အားထုတ်
    နိုင်သမျှ အားထုတ်လေ့ကျင့်ဖို့ ဆင်ခြင်မိပါရဲ့။
    အသက်ထွက်ခါနီး ဇောတွေကို ချေဖျက်နိုင်တဲ့ နည်းက
    အဲ့ဒါပဲ ရှိတယ် လေ့လာမိတယ်။
    သက်ရှိထင်ရှားမိဘကို နားလည်လွယ်အောင်၊ မှတ်မိနိုင်အောင်
    ကျင့်ကြံနိုင်အောင် တရားဓမ္မနဲ့ ကျေးဇူးဆပ်ခြင်းဟာ အမွန်မြတ်ဆုံးပါလို့..
    ကိုရင်က ခံယူထားပါတယ်… ကိုရင်လည်း ပြန်ရင်..
    ပဉ္စင်းတက်မယ်လို့ ဆုံးဖြတ်လိုက်ပါပီ.. အူးကြောင်းရယ်.. 😳

    Reply

  • မောင် ပေ

    March 18, 2013 at 8:22 pm

    ကျုပ်တို ့ရဲ ့
    သဂျီး ထက်စာရင်တော့
    ဖြေသာနိုင်မှာပါ

    Reply

  • padonmar

    March 19, 2013 at 8:14 pm

    ဦးကြောင်ရေ ..တရားဖတ်ရတဲ့တွက် သာဓုပါ။
    ကိုရင် စည်သူ ရေ..သာဓုပါ။

    Reply

Leave a Reply

Your email address will not be published.