ရယ်စရာဟာသ

ဖေဖေလည်းပါတယ် …

မမို့မို့သော် ဘာသာပြန်သည်။ 

ဂျွန်နီလေးရဲ့ ဆရာမဟာ စေ့စပ်သေချာသူဖြစ်ပြီး သူ့တပည့်တွေကိုလည်း အတော်ဆုံး ဖြစ်စေချင်
သူ ဖြစ်ပါတယ်။

ဒီတော့ ဂျွန်နီရဲ့အိမ်စာထဲမှာ အမှားတွေ ပရပွဖြစ်နေတဲ့အခါ ဆရာမဟာ ဒေါသ ချောင်းမြောင်း
ထွက်ပါတော့တယ်။

“ဖတ်ခဲ့သမျှ စာစီစာကုံးတွေထဲမှာ မင်းရေးထားတာ အဆိုးဝါးဆုံးပဲ”လို့ ဆရာမ ဟာ ဂျွန်နီကို
ကြိမ်းမောင်းဟိန်းဟောက်လိုက်ပါတယ်။

“အမှားတွေမှ အများကြီးပဲ။ လူတစ်ယောက်ဟာ ဒီလောက်အများကြီး လုပ်နိုင်တာ ငါ ..
အံ့ဩလို့ကို မဆုံးဘူး” လို့လည်း ထပ်ပြောလိုက်ပါတယ်။

“လူတစ်ယောက်တည်းလုပ်တာ မဟုတ်ပါဘူး” ဂျွန်နီလေးဟာ ခုခံတဲ့အနေနဲ့ သူ့ဆရာမကို
ပြန်လည်ပြောဆို လိုက်ပါတယ်။

ပြီးတော့မှ “ဖေဖေက သားကို ကူညီပေးတာပါ” လို့ ပြောလိုက်ပြန်ပါတယ်။

 

 

ဪ ..ရှေကနေ

မမို့မို့သော် ဘာသာပြန်သည်…။

တစ်နေ့မှာ ဆံပင်ညှပ်ဆရာဟာ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကို ဆံပင် ညှပ်ပေးပါတယ်။

ဘုန်းတော်ကြီးက ပိုက်ဆံပေးတဲ့အခါ လက်မခံဘဲ “ဖာသာက ဘုရားသခင်ရဲ့ အလုပ်တွေ လုပ်တဲ့
သူမို့ပါ”လို့ ပြောလိုက်ပါတယ်။

နောက်တစ်နေ့ ဆိုင်ဖွင့်တဲ့အခါ ဆံပင်ညှပ်သမားဟာ သမ္မာကျမ်းစာအုပ် တစ်ဒါဇင်ကို သူ့ဆိုင်ရှေ့
မှာ အပုံလိုက် တွေ့လိုက်ရပါတယ်။

ရဲသားတစ်ယောက်ဟာလည်း ဆံပင် ညှပ်ဆရာဆီ ဆံပင်လာညှပ်တဲ့အခါ “ခင်ဗျားဟာ ပြည်သူ
တွေကို ကာကွယ် ပေးတဲ့သူမို့ပါ”လို့ပြောပြီး အလကား ညှပ်ပေးလိုက်ပါတယ်။

နောက်တစ်နေ့မှာတော့ ဆံပင်ညှပ်သမားဟာ သူ့ဆိုင်ရှေ့မှာ ရဲသားလာထားသွားတဲ့ ဒိုးနတ်
တစ်ဒါဇင်ကို လက်ခံရရှိလိုက်ပြန်ပါတယ်။

ရှေ့နေတစ်ဦး ဆံပင်လာညှပ်တဲ့ အခါမှာလည်း “လူကြီးမင်းက အမှန်တရားအတွက် အမှုထမ်းနေ
တဲ့သူမို့ပါ” လို့ဆိုပြီး ဆံပင်ညှပ်ခမယူလိုက်ပြန်ပါဘူး။

နောက်တစ်နေ့ဆိုင်ဖွင့်တဲ့ အခါမှာတော့ ဆံပင်ညှပ်ဆရာဟာ အလကား ညှပ်ဖို့အတွက် စောင့်ဆိုင်း
နေကြတဲ့ ရှေ့နေတစ်ဒါဇင်ကို တွေ့လိုက်ပါတယ်။

7 comments

  • ခေါင်းကိုက်ကိုက်နဲ့ ဝင်ဖတ်လိုက်တာ.. ပြုံးမိသွားပါတယ်လို့… 🙂
    ကျေးဇူးပါရှင့်….

    Reply

  • MaMa

    March 14, 2013 at 5:44 pm

    ရှေ့နေကိုမှ သွားညှပ်ပေးမိတာကိုးးးးးးးးး 😆

    Reply

  • mobile

    March 14, 2013 at 6:20 pm

    ကိုဇင်ယော်ငှက်မာလာဂါပုလဲဝင်း ရေ….
    ဝင်ရောက်အားပေးသွားပါ၏…….

    Reply

  • မောင် ပေ

    March 14, 2013 at 8:51 pm

    ကျုပ် လဲ မိုပိုင်းလို ပါပဲ
    ကိုမာလာဟင်းရေ

    Reply

  • padonmar

    March 14, 2013 at 10:29 pm

    တော်သေးတာပေါ့၊ဆရာဝန်မပါလို့။

    Reply

  • kyeemite

    March 15, 2013 at 9:56 am

    ဆရာဝန်ကိုညှပ်ပေးပီး ပိုက်ဆံမယူလိုက်ရင်
    ဆံသသမား နောက်နေ့ ဘာများတွေ့ရပါ့မလဲ..?
    ရွာထဲက ဆရာဝန်တွေဖြေပေးကြပါခင်ည.. :kwi:

    Reply

  • ဦးကြောင်ကြီး

    March 16, 2013 at 10:45 am

    စစ်ဗိုလ်ကိုလည်း အလကား ညှပ်ပေးမိရော နောက်တနေ့ အဲဒီဆိုင်နဲ့မြေကွက် အသိမ်းခံရသတဲ့ကွယ်… ဘာမှပူနဲ့ ဘွားဒေါ်ဂျီးတယောက်လုံး ရှိတယ်.. သူ့သွားတိုင်… :byae:

    Reply

Leave a Reply

Your email address will not be published.