ဝံဂျီးထံမှ သင်ခန်းစာ—-

ခုရက်ပိုင်း တမဒ အကျန်စားဒွေ– အဲ— အဲ အကျန်ပေးတွေကတစ်မျိုး —-ဝံဂျီးတွေက တစ်ဖုံ ပြည်သူတွေ လျှပ်စစ်မီးမရှိရင် ဖယောင်းတိုင်ထွန်းနေဖို ့၊ တစ်ရက် တစ်နပ် ထမင်းမစားပဲ နေကြဖို ့ အကြံပေးကြတာ တစ်ကမ္ဘာလုံးမှာ ဝက်ဝက်ကွဲ။ Princeton တို ့ Oxford တို ့က အတွေးအခေါ်ပညာရှင်ကြီးတွေတောင် တစ်ခါမှ မတွေးဖူးတဲ့ မဟာ အတွေးအခေါ်တွေကို အင်တာနက်တွေကတဆင့် ကောင်းချီးဩဘာ ပေးနေကြတာ ဘဝက်ညံမတက်ပါပဲ။ ဒါကြောင့် ကျတော်လည်း နောက်ထပ် သမိုင်းတွင်မယ့်စကား ပြောခဲ့ဖူးတဲ့ ဝံဂျီး ( အခု- အငြိမ်စား) တစ်ဦးရဲ ့ ရွှေနှ့တ်တော်ထွက်စကားကို တစ်ဆင့် လက်ဆောင်ပါးလိုက်ရပါဒယ် ။

အချိန်က ရွှေစလွယ်ဝတ်တွေ မတက်ခင် စိမ်းစိမ်း စိမ်းစိမ်း နဲ ့ပေါ့————-
ဝံဂျီးက မကြာသေးမီက လဲလှယ်လိုက်တဲ့ သာသနာရေး ဝံဂျီး သူရ မြင့်မောင်—- အဲ– အဲ့ဒီ တုံးကတော့ — ပြည်ထဲရေး ဒု ဝံဂျီးပေါ့ ဂျာ——-

ဖြစ်ပုံက ဂလို——-

တစ်ဘက်နို်င်ငံကို လူကုန်ကူုးခံရတဲ့ ပြည်သူတွေကို ပြန်လည် အပ်နှံပြီး သတင်းစာရှင်းလင်းပွဲ လုပ်တာ။ အဲ့ဒီမှာ နိုင်ငံခြားမှာ ဘယ်လိုနှိပ်စက်ခံရဒယ်။ ၊ ဘယ်လို အမျိုးသစ္စာဖောက်တွေက ဘယ်လို အကျင့်ပုပ်ပြီးတော့ ရောင်းစားဒယ်။ စုံလို ့ပေါ့ဂျာ။ အဲ့ဒီမှာ သတင်းထောက်တွေဘာတွေနဲ ့မေးကြ၊ ဖြေကြ—။ ပွဲပြီးခါနီးတော့ အဲ့ဒီ ဒု-ဝံဂျီးက ဘာပြောဒယ်မှတ်တုံး။

ဒီလူတွေ လူကုန်ကုူး ရောင်းစားခံရတာ နည်းတောင်နည်းသေးဒယ်တဲ့——–ဒီနိုင်ငံမှာလည်း လုပ်စားစရာ အလုပ်တွေ အများကြီး ရှိတဲ့ဟာကိုတဲ့–။

အဲ့ဒီအခါ ကျတော့်ဆရာ (ရိုက်တာ သတင်းဌာန)က မေးတယ်–ဘယ်လို အလုပ်တွေ ရှိလဲပေါ့——

ချောင်းတွေ မြောင်းတွေ ဒီလောက်ပေါတာ– ငါးဖမ်း ဖားရိုုက် စားပေါ့ဗျာတဲ့။ ဒီလူတွေ အလုပ်ဆိုတာ လုပ်တတ်ရင် လွယ်လွယ်လေးပါတဲ့။ အပျင်းကြီးပြီး ဖြတ်လမ်းလို်က်ချင်တော့ ဒီလို ဒုက္ခရောက်မှာပေါ့တဲ့ဗျ——–။

5 comments

  • မောင်တင့် တယ်

    February 19, 2013 at 6:21 pm

    အော် ဝန်ကြီး ဆိုတာ.. ဒီလို နည်းလမ်းကောင်းတွေကို..
    စေတနာ သဒ္ဒါတရားထက်သန်စွာနဲ့.. လမ်းညွန်တတ်ကြသကိုး…

    Reply

  • Mr. MarGa

    February 19, 2013 at 8:26 pm

    လူရွှင်တော် ဝံဂျီးတစ်ပါး တိုးလာပါပေါ့

    Reply

  • kai

    February 20, 2013 at 4:24 am

    အဲဒီသဘောမျိုးဆန်ဆန်.. နာဂစ်မုန်တိုင်းပြီးတော့.. ဆင်းရဲဒုက္ခရောက်နေသူတွေလုပ်ကြဖို့ကို.. အဲဒီတုံးက (စစ်အစိုးရအာဘော်အနေနဲ့)သတင်းစာထဲဆောင်းပါးရေးပြောတယ်.. မှတ်မိတယ်…။

    Reply

  • Myo Thant

    February 20, 2013 at 12:57 pm

    သင်္ဘောသစ်ကြီးကိုစစ်ပြီးတော့ ပြောတဲ့စကားဆိုပဲ
    ဝယ်သာ မကောင်းရင် ဖြုတ်လဲလိုက်ဆိုတာလေ ၊
    တကယ် ဟုတ် မဟုတ်မသိပေမယ့် ဖြစ်နိူင်တယ်နော်
    ၁၉၉ဝ ဝန်းကျင်လောက်ကထင်တယ်

    Reply

    • kai

      February 20, 2013 at 4:30 pm

      ဗိုလ်ချုပ်မျိုးညွှန့်ပြောတာလို့.. ပြောကြတာမှတ်မိတယ်..
      အဲဒီပုဂ္ဂိုလ်က.. ပုံတိုပတ်စနဲ့သိပ်ပြောတတ်တာဗျ..
      အင်္ဂလိပ်လိုကလည်း.. … သိပ်ပြောချင်ဆိုပဲ..
      မီတူး (me too ) နောက်ကနေ.. (me three) လုပ်တာလည်း.. သူပဲတဲ့.. :kwi:

      Reply

Leave a Reply

Your email address will not be published.