ကွာလတီ မဂ္ဂဇင်း

Thit San KhantFebruary 10, 20132min05
quality-blocks1
ကဗျာတစ်ပုဒ် တွေ့လို့ တွေ့ညား
မဂ္ဂဇင်းထဲ လှန်လို့ ဖွေရှာ
တွေ့ရမှာက စကဒ်ပေါင်တို
ရင်မှာလည်ဟိုက် တကယ်မိတဲ့
မင်းသမီးချော ဗျူး သတင်းပင်။
နေရာမရွေး မျက်စိမှိတ်လို့
လက်ထောက်ကြည့်ပါ တွေ့မှာ ကြော်ညာ။
ဒါတင်မက နှုတ်ခမ်းနီတို့ သည်းသည်းလှုပ်စေ
စူပါမင်းသား ကိုရီးယားတို့
ဓါတ်ပုံဝေဆာ သတင်းစုံတာ။
ဤစာမျက်နှာ မည်သို့ ကျော်စေ
ဖတ်ဖတ်ကိုမော ရှာဖို့မလွယ်
အိုဘယ့် ကဗျာ ဘယ်ဆီမှာများ
ချောင်ခိုကပ်လို့ ပျောက်နေပြီလဲ?။

5 comments

  • Mr. MarGa

    February 10, 2013 at 9:47 am

    ကွာလတီ ကွာလတီ
    စက္ကူ ကွာလတီ ကောင်းတယ်
    မားကတ်တင်း ကွာလတီ ကောင်းတယ်
    ပြောစရာလေးက တစ်ခုထဲရယ်
    ရသစာတွေ၊ ကဗျာတွေက မော်ဒယ်လေးတွေကြား ရောက်နေရှာတယ်

    Reply

  • မဟာရာဇာ အံစာတုံး

    February 10, 2013 at 10:53 am

    ကဗျာ က ရှေ့နားက စာမျက်နှာ တချို့မှာ
    ခိုကပ် နေတတ်တာလေ ….
    ကဗျာကို ဖတ်တဲ့လူလည်း နည်းမယ် ထင်ပါရဲ့ …
    ခေါင်း အရသာ ထက် …
    မျက်စိ အရသာ ကို ပိုနှစ်သက်ကြသူ များမယ် ထင်ပါရဲ့ ….

    Reply

  • မောင်ပေ

    February 10, 2013 at 12:02 pm

    ကွာလတီ
    ဘာမထီ
    ဆာပလီ
    ကြာတအီ
    ပြာငညှီ

    Reply

  • TheWinner

    February 10, 2013 at 1:22 pm

    မှန်လိုက်လေ—

    Reply

  • ခိုင်ဇာ

    February 10, 2013 at 4:32 pm

    မြန်မာ မဂ္ဂဇင်းထဲတော့ ရွှေအမြုတေပဲဖတ်တယ်။ ဒါတောင် သူက ကဗျာမပါဘူး။
    ကိုယ်ကလည်း ကဗျာက နည်းနည်းဝေးသူမို့ အတော်ပါပဲ။
    :hee:

    Reply

Leave a Reply

Your email address will not be published.