ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၅)

ရသေ့ပျံဂူ

လတ်လောင်  (16.82276,97.58575) မှာတည်ရှိပါတယ် (လတ်/လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ)

ကျွန်တော်ရဲ့ ဘားအံခရီးစဉ်ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၀)  မှာဘားအံကိုရောက်ပြီး ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၁) မှာ ကျောက်ကလပ်တောင် ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၂) မှာ ဇွဲကပင်တောင် ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၃) မှာ ဆဒ္ဒန်ဂူ ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၄) မှာ ကော့ဂွန်း ကိုရောက်ခဲ့ပြီး နေ့လည်လောက်မှာ ထွက်ခဲ့ကြပါတယ်.. နာရီဝက်လောက် အကြာမှာတော့ မြင့်မားတဲ့ တောင်ကဘားယံ ကြီးအောက်က ရသေ့ပျံဂူကို ရောက်ရှိကြပါတယ်.. ဆဒ္ဒန်ဂူ နဲ့  ကော့ဂွန်းဂူ ကိုရောက်လာခဲ့ပြီးပြီမို့ ရသေ့ပျံဂူရောက်တဲ့ အခါမှာ တော့ နဲနဲလဲ ပြိုင်းနေတာကြောင့် စိတ်သိပ်မပါတော့ ပါဘူး

ရသေ့ပျံဂူက တောင် အပေါ်ဘက်ကို ထပ်တက်ရသေးတာ မို့လို့ တော်တော်လေးကြိုးစားပမ်းစား တက်လိုက်ရပြီး လျှာတောင် တော်တော် ထွက်သွားပါရဲ့.. ဂူပေါက်ကိုရောက်တဲ့ အခါမှာ တော့ ရင်ပြင် ကနေ တဆင့်မြင့်တဲ့ နေရာမှာ စေတီလေးတဆူတည်ထားတာ တွေ့ရပါတယ်. လှေခါးထစ် ၁ဝ ထစ်လောက် ဆက်သွားရင် စေတီတော်လေးရဲ့ ရင်ပြင်ကို ရောက်ပါတယ်.

ရသေ့ပျံဂူတောင်
ရသေ့ပျံဂူ
ဂူအတက်က ကျောက်စာတိုင်
ဂူအတက်က ကျောက်စာတိုင်

.တက်လာတဲ့ ဘက်နဲ့ ဆန့်ကျင်ဘက် ရင်ပြင် နောက်တဘက်မှာ တော့ စေတီတော်တည်ထားတဲ့ ကုန်းအောက်ခြေကို မြင်ရပါတယ်.. စေတီတော်ရင်ပြင်ကို မတက်ဘဲ နဲ့လဲ အောက်ခြေက ပတ်သွားရင် ရောက်ပါတယ်.

 

ဂူအဝင်
ဂူအဝင်
စေတီတော်ရင်ပြင် အတက်လမ်းလေး
စေတီတော်ရင်ပြင် အတက်လမ်းလေး
စေတီတော်
စေတီတော်

 

 

တောင်ပေါ်ကမြင်ကွင်း
တောင်ပေါ်ကမြင်ကွင်း
ရသေ့ပျံဂူလမ်းကြောင်းမြေပုံ
ရသေ့ပျံဂူလမ်းကြောင်းမြေပုံ

 

အဲဒီမှာ နဲနဲပါးပါးရိုက်ပြီး ပြန်ကြပါတယ်.. ဗိုက်ကလဲ ဆာနေကြတာကြောင့် သိပ်မရိုက်ချင်တာရယ် 4GB ကတ်ကို ခြွေရိုက် နေရတာကြောင့် သိပ်ပြီး မရိုက်နိုင်ခဲ့ပါဘူး..  အပြန်မှာ တော့ နေ့လည်စာ ထမင်းကို ထမင်းဆိုင်လေး တစ်ဆိုင်မှာ ဝင်ကြိတ်လိုက်ကြပါတယ်.. ဝိုင်းစားလိုက်ကြတာ ထမင်းဆိုင်လေးခမျာ ရှိသမျှ ထမင်းရော ဟင်းရော ပါပြောင်သွားရှာပါတယ်။

စားပြီးသောက်ပြီး မှာတော့ ထွက်လာလိုက်ကြတာ final destination  အဖြစ် (ရုပ်ရှင်မဟုတ်ဘူးနော်) ဘုရင့်ညီဂူကို ရောက်ခဲ့ကြပါတယ်. မနွယ်ပင် post မှာလည်းဖော် ပြထားြ့ပီးသားမို့လို့ သိပ်တော့ မပြတော့ပါဘူး။  ကရင်ပြည်နယ်ခရီးစဉ်ကြီးကလဲ ပြင်းလာတာကြောင့် ဘုရင်ညီဂူကို ဒီ post ထဲမှာပဲ ပေါင်းထည့်လိုက်ပါတယ်။

 ဘုရင်ညီဂူ

လတ်လောင်  (16.970411,97.493565) မှာတည်ရှိပါတယ်၊  ဂူတွေထမှာတော့ ဒီဂူက အဆင့်မြင့်ဆုံး၊ မရောက်ခင် မုဒ်ဦးရှိပြီး

ဘုရင်ညီဂူတောင်တန်း
ဘုရင်ညီဂူတောင်တန်း
မုဒ်ဦး
မုဒ်ဦး
လျှောက်လမ်း
လျှောက်လမ်း

မုဒ်ဦးက ဝင်လို်က်တာနဲ့ သစ်ပင် တန်းလေးရှိသည်။ သစ်ပင်တန်းလေး လွန်လိုက်ရင်တော့ နာမယ်ကျော် ရေပူစမ်းရှိသည်။ ရေချိုးနိုင်ပြီး ယောက်ကျား တစ်ကန်၊ မိန်းမ တစ်ကန် ဖြစ်သည်။

ရေပူကန် ယောက်ျားရေချိုးကန်
ရေပူကန် ယောက်ျားရေချိုးကန်၊ မိန်းမရေချိုးကန်ကတော့ ညှင်းညှင်း ပြဘူး
ရေကန်
ရေကန်။ ဘယ်ဘက်တွင် မိန်းမရေချိူးကန်

ကန်ကိုကျော်ပြီး မှ ဂူကို တက်သည့် လှေကားထစ်လေးများကိုရောင်သည်။ အပေါ်တက်သွားရင်တော့ ထုံးစံအတိုင်း

အတွင်းကစေတီ
အတွင်းကစေတီ
အတွင်း
အတွင်း
ဂူအတွင်းပိုင်းသို့ အဝင်လမ်း
ဂူအတွင်းပိုင်းသို့ အဝင်လမ်း
မြေပုံ
မြေပုံ

 

တော်ပီ ဂူအကြောင်းပဲရေးနေရတာပြင်းလာပြီ….

အဲဒီမှာ ဓာတ်သေရိုက် ပြန်ဆင်း ပြီးတော့ ပြန်လာ ရန်ကုန်ရောက် ဒါပဲဗျာ။။နောက်တင်မယ့် post ကတော့ ဖိုကြားဆင်စခန်းခရီးစဉ် ဖြစ်ပါတယ်.

8 comments

  • P chogyi

    February 14, 2013 at 8:47 am

    ကျောင်းအုပ်ဆရာ ကရင်ပြည်နယ်သွားရင်း
    ဘယ်လိုဖြစ်လို့ ကချင်ပြည်နယ်ခရီးစဉ်ဖြစ်သွားရတာလဲ။
    (ကချင်ပြည်နယ်ခရီးစဉ်ကြီးကလဲပြင်းလာတာကြောင့်)

    Reply

    • ဂန္ဓာရီ ဆြာအုပ်

      February 14, 2013 at 9:47 am

      အင်းပြင်လိုက်ပါပြီဗျို့ first comment အတွက်ကျေးကျေးပါ

      Reply

  • မောင်ပေ

    February 14, 2013 at 8:08 pm

    ရေပူကန် ပုံစံ က သာမန်ရိုးရိုးရေကန်လိုပဲနော
    ဘယ်လောက်ထိ ပူလဲဗျို ့
    အဲ့ဘက်တော့ သွားလည်ဖို ့အိုက်ဒီယာရမိတာ ဆြာအုပ်လမ်းညွှန်လို ့

    Reply

    • ဂန္ဓာရီ ဆြာအုပ်

      February 16, 2013 at 12:14 am

      အင်းအဲဒါတော့ တိဘူးဗျ..
      သိပ်ပူဟန်တော့မတူဘူး ရေဆင်းချိုးနိုင်တယ်ဆိုတော့
      ခေါင်တိုင်က ရေပူစမ်းကတော့ ကြက်ဥတောင်ကျက်တယ် အငွေ့တထောင်းထောင်းနဲ့
      အဲတာကြောင့် ဟိုတယ်က ဖွင့်လုပ်ပေးထားတဲ့ ရေစိမ်ကန်ထဲမှာရေ ပြန်ရောထားရတယ်

      Reply

  • Foreign Resident

    February 14, 2013 at 8:48 pm

    ဖိုကြားဆင်စခန်း ကို ပိုစိတ်ဝင်စားတယ် ။

    Reply

  • Mr. MarGa

    February 14, 2013 at 9:06 pm

    ဖိုး…………ကျားးးးးးး
    ဖိုး………..ကျားးးးးးးး
    ဖိုး………..ကျားးးးးးး
    ရောက်တော့မယ်ကွ
    နောက်အပိုင်းကို စောင့်ကြည့်မယ်

    Reply

  • kyeemite

    February 15, 2013 at 2:30 pm

    မရောက်ဖူးသေးတဲ့နေရာတွေပါ..
    ဓါတ်ပုံနဲ့တကွ ပြောပြတော့ ရောက်သွားသလိုပါပဲ….
    သင့်ခရုပါဆြာအုပ်။

    Reply

  • mamanoyar

    February 15, 2013 at 4:44 pm

    မရောက်ဖူးသေးတဲ့အတွက်
    အခုလိုပုံလေးတွေယူလာပေးတာ ကျေးဇူးပါရှင်

    Reply

Leave a Reply

Your email address will not be published.