ခရိုနီတွေ ငြိမ်းချမ်းရေးအတွက် ဒိုနာအုပ်စုအဖြစ် ဖန်တီးဖို ့လိုအပ်နေတယ်

phone_kyawFebruary 6, 20131min07

လက်တလောမှာ နိုင်ငံခြားက အကူအညီတွေ အရမ်းရတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးအတွက်ဆိုပြီး နိုင်ငံတကာဒိုနာတွေ လှူတာ အားရစရာကောင်းတယ်။

ချမ်းသာတဲ့နိုင်ငံတွေကတော့ လှူပေမဲ့၊ တိုင်းပြည်ထဲမှာ အရမ်းချမ်းသာပြီး ခရိုနီလို ့ခေါ်တဲ့လူတွေ စုပေါင်းပြီး ငြိမ်းချမ်းရေးအတွက်နဲ ့တိုင်းပြည်ဖွံ ့ဖြိုးရေးအတွက် လှူရင် အရမ်းကောင်းတယ်။ ဒါဆိုရင် သူတို ့မတရားသဖြင့် ရထားတဲ့ စည်းစိမ်တွေကို ပြည်သူက အပြစ်မြင်မနာလိုစိတ်များတာ နဲပြီး သူတို ့အပေါ်လည်း နားလည်နိုင်တယ်။

အခုတော့ ငါတို ့သေမှ လှူခဲ့မယ်ဆိုတော့ မသေခင် ဝ အောင် စားမယ်ဆိုတဲ့ သဘောဖြစ်နေတယ်။

လှူတော့ လှူတယ်။ ဘယ်လိုလှူလဲဆိုတော့ မဟုတ်တာကိုလှူတယ်။

ဆွယ်တာအကျီလေးတစ်ထည်နဲ ့ပန်ချီကားလေးတစ်ချပ်ကို သိန်းထောင်ချီ ဝယ်ပြီး ချောင်ထိုးထားတဲ့အလှူမျိူးနဲ ့ နာမည်မခံပဲ နောက်ကွယ်ကနေ အာဏာနဲ ့လုပ်ပိုင်ခွင့်ပိုရအောင်လှူတဲ့အလှူမျိူးအစား ပေါ်တင် ဂုဏ်သိက္ခာရှိရှိလုပ်ကြစမ်းပါ။

မြန်မာလူမျိုးမဟုတ်တဲ့လူတွေတောင် မြန်မာပြည်ငြိမ်းချမ်းရေးနဲ ့တိုးတက်ရေးအတွက် လှူကြတန်းကြ လုပ်နေသေးတာပဲ။

မြန်မာနိုင်ငံက အရမ်းချမ်းသာတဲ့လူတစ်စုက ပိုလို ့လုပ်သင့်တယ်လို ့ထင်တယ်။

အားလုံးစုပေါင်းပြီး ဒိုနာအုပ်စုအဖြစ်၊ ဖန်တီးပြီး မြန်မာပြည်မှာ အဓိကလိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေပြုပြင်ရေး၊ အစိုးရရုံးဌာနတွေမှာ လိုအပ်နေတဲ့ခေတ်မှီနည်းပညာနဲ ့ပစ္စည်းတွေဖြည့်တင်းရေး စတဲ့ လိုအပ်နေတဲ့အရာတွေကို လှူကြရင် အားလုံးသာဓုခေါ်မည်မလွဲပါ။

7 comments

  • kyeemite

    February 6, 2013 at 9:16 am

    ကိုဖုန်းကျော်ရဲ့ဒီပို့စ်ကိုတော့ဖြင့် အပြည့်အဝထောက်ခံပါဂျောင်းးးး
    :harr:

    Reply

  • P chogyi

    February 6, 2013 at 9:45 am

    ဟိုလိုလုပ်တာမကောင်းဘူး
    ဒီလိုလုပ်တာလည်းမကောင်းဘူး
    ဒီလိုလုပ်ပါလား
    ငါတော့ဘာမှမလုပ်ပါဘူးထက်စာရင်
    ဘယ်လိုနည်းနဲ့လှူလှူ လှူတဲ့သူကသာပါတယ်။

    Reply

  • မောင်ပေ

    February 6, 2013 at 8:38 pm

    မှန်လိုက်လေခြင်း
    mirror follow air ginger !

    Reply

  • padonmar

    February 6, 2013 at 10:01 pm

    ကိုဘုန်းကျော်
    ပြန်လာပြီကိုး။
    အဲဒီအဆိုတင်တာကို ထောက်ခံပါတယ်နော။

    Reply

  • အရီးခင်လတ်

    February 7, 2013 at 4:29 am

    ဟိုဘက်က သီချင်းလေး နားထဲ ပါလာတာ နဲ့ အတော်ဘဲ။
    “ဘိုင်စကုတ် ကြည့်တော့ လူကြမ်း ကိုအံ့ကျော် ကို အလွန်တစ်ရာနှစ်သက် တတ်ခဲ့တော့ ” လို့ ဆိုထားတယ်။
    အမှန်က ချစ်ဖို့ကောင်းအောင်သာ ရိုးရိုးသားသား သရုပ်ဆောင်ကြည့်။
    လူကြမ်းဖြစ်နေ လဲ ချစ်ကြတာပါဘဲလေ။
    (Post အကြောင်း နဲ့ ဆိုင်တယ်ဆိုလဲ ဆိုင်တယ်ပေါ့၊ မဆိုင်ဘူးဆိုလဲ မဆိုင်ဘူးပေါ့)
    :kwi:

    ကဘုန်းကျော် ပြန်လာလို့ ဝင်နှုတ်ဆက်တာ။ 😉

    Reply

  • Shwe Ei

    February 7, 2013 at 3:22 pm

    မှန်ပဗျာ။ လှူတယ်ဆိုတာထက် လုပ်ကွက်ဝယ်နေကျတာ။
    ဘွဲ့တံဆိပ်ဝယ်တဲ့လူလဲရှိရဲ့။ ရွာထဲမှာတော့ ကို့သဘောနဲ့ကို ဘွဲ့ခံလိုက်ကျသေးတယ်။
    ဇဗ္ဗူလောကပါလကြောင်ဝတုတ် ဆိုလား :harr:

    Reply

    • ကြောင်ဝတုတ်

      February 7, 2013 at 3:57 pm

      ဘွဲ့တွေပြန်ရုပ်သိမ်းထားပါပြီဗျာ…
      နာမည်စီးနေလို့…

      Well come back ကိုဘုန်းကျော်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      Reply

Leave a Reply

Your email address will not be published.