ကဗျာ….

အလွမ်း တွေ တနင့်တပိုးနဲ့..
လမ်းလျှောက်ထွက်ခဲ့သူပါ..
လက်ညိုးထိုး ဟားတိုက်ရုံသက်သက်နဲ့တော့..
ဒီလမ်းကို နင်မခင်းခဲ့သင့်ဘူး…

နင် တစ်ခါတစ်လေ ပျော်ဖို့ အတွက်လောက်ပဲ..
ငါ့ အတွေးအခေါ်တွေကို မိတ်ကပ်လူး စင်ပေါ်တင်..
ပြက်လုံးတွေပြော ခိုင်းခဲ့တာမှ မဟုတ်တာ..

နွေရာသီ အလယ်မှာ နှင်းကျအောင်တော့..
ငါလည်းမစွမ်းနိုင်ဘူးလေ…
ပူဖောင်းထဲ လေမှုတ်ရတာလောက်ပဲ ဖြစ်ဖြစ်ခိုင်းပေါ့…
ဒါမှမဟုတ်..တစ်ခုခု ပေါ့…

ငါခင်းမယ့်လမ်းအတွက် နင်ဆိုတဲ့ အရာ..
ခင်းမှ ဖြစ်မယ်ဆိုလည်း…မတက်နိုင်ဘူးလေ…
ငါ့နှလုံးသားမှာ.. အပေါက်တစ်ပေါက်တော့..
လေဝင်လေထွက်ရှိနေမှာပဲ….

7 comments

  • Mobile

    February 4, 2013 at 9:27 pm

    ပူဖောင်းထဲ လေမှုတ်ရတာလောက်ပဲ ဖြစ်ဖြစ်ခိုင်းပေါ့…
    ဒါမှမဟုတ်..တစ်ခုခု ပေါ့…
    အင်းကကဗျားလေးထဲက ဒီစာသားလေးရဲ့ အဒိတ်ပါယ်ကိုတော့
    မစဉ်းစားတတ်ဘူးကွယ်။။။။။။။။။။။။။။။။။။။။။။။။။

    Reply

    • မောင်တင့် တယ်

      February 5, 2013 at 9:03 am

      အော် အရမ်းခက်တာတွေပဲခိုင်းနေလို့.
      လွယ်တာလေးများတစ်ခါတစ်လေ ခိုင်းပါလား..လို့..
      ရင်ဖွင့်ကြည့်တာပါ နောင်တော် ဖုန်းရယ်…

      Reply

  • အွန် …..
    စောစောကကျဒေါ့ …
    အကြွားသက်သက်ပို့စ် ဆိုပီးးး
    ဂျစ်သူ ရပီဆို …
    ခုဒေါ့ … ဘိုဖစ်ရပြန်ဒါဒုံးးးး

    Reply

    • မောင်တင့် တယ်

      February 5, 2013 at 9:04 am

      ဒါက ချစ်သူဖြစ်ပြီး နောက်ပိုင်း ဇာတ်လမ်းလေ..
      ဟီးဟီး…လာဦးမှာပါ..ဒါမျိုးတွေ..ပေါ့…

      Reply

    • မောင်တင့် တယ်

      February 5, 2013 at 9:06 am

      ဒါက ချစ်သူဖြစ်ပြီး နောက်ပိုင်း ဇာတ်လမ်းလေ..
      ဟီးဟီး…

      Reply

  • thaung htutsoe

    February 5, 2013 at 11:36 am

    ဘာတွေဖြစ်နိုင်ရေရှိလည်း ထူးခြားရင် နော့ကိုလည်း ပြောအုံးနော်……….

    Reply

  • thaung htutsoe

    February 5, 2013 at 11:36 am

    ဘာတွေဖြစ်နိုင်ရေရှိလည်း ထူးခြားရင် နော့ကိုလည်း ပြောအုံးနော်…………

    Reply

Leave a Reply

Your email address will not be published.