ငါပိုင်တဲ့သုည

အိမ်ကအထွက် သုညတွေကောက်ရတယ်..
ထုံးစံအတိုင်းကောက်မြဲကောက်ခဲ့တယ်..

ညက အိမ်မက်ထဲကို လမ်းလျှောက်ရင်းပြန်ရောက်သွားတယ်..
အအိပ်မက်တဲ့ ငါ့အတွက် ပြန်ထွက်ဖို့အခက်သားပဲ..

လက်နဲ့ချေပစ်လိုက်တဲ့.. လေထုထဲငါ့ရဲ့..
အာနိသင်တစ်ချို့ပါသွားတယ်…ရှိစေတော့..
ကိုယ့်ထိုက်နဲ့ကိုယ်ပဲလေ…။
ငါကသူများထက်တော်တယ်….
ငါ့ရဲ့ ကြည့်မှန် တစ်ခုထဲ ရဲ့ အတွင်းမှာပေါ့..
ဒီလိုနဲ့…စက္ကန့်ပေါင်းများစွာငါ အလွတ်ရပြီးပြီ
ငါ့ထက်ညံ့တဲ့သူကိုငါ မတွေ့ဘူးသေးဘူး….

တစ်ခါတစ်လေ..တွေးမိတဲ့အလင်းတွေရဲ့အကြောင်းကို
ငါ အမှောင်ထဲရောက်မှ အဓိပ္ပာယ်ဖော်ကြည့်မိတယ်..
သူလည်းမထူးပါဘူး….အရောင်တစ်မျိုးပဲလေ…
ဒါကငါ့ရဲ့တစ်ဖက်သတ်အတွေး..

ဘဝဆိုတာ ဘာမှန်းညာမှန်းမသိပါဘူး
တကယ်ပြောတာ…
အခုထိ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့..ငါ…
အဘိဓ္ဓါန်မှန်သမျှကိုအလွတ်ကျက်နေမိတယ်…
နောက်..ငါ အလွတ်ရတာဆိုလို့…
အခွံလွတ်နဲ့..အခွံတစ်ခု အဲ နှစ်ခု…နဲ့
လေထုမရှိတဲ့ အာကာသကြီးတစ်ခု…

7 comments

  • ခင်ခ

    January 26, 2013 at 2:11 pm

    ဖတ်ပြီးပြီ နောင်တရတယ် ဒါပဲ။

    Reply

    • မောင်ပေ

      January 26, 2013 at 7:13 pm

      ကျုပ် လဲ ကိုခင်ခ အတိုင်းပဲဗျို ့

      Reply

  • မောင်တင့် တယ်

    January 26, 2013 at 2:18 pm

    ိတိန်

    Reply

  • ရွာသူ jujuma .

    January 26, 2013 at 3:14 pm

    သုညကြီးများတောင်ပိုင်တယ်ဆိုပဲ ..
    ဂယ်ပိုင်တာလား .. လေနဲ့ပိုင်တာလား ဗျ … :kwi:

    Reply

  • Mobile

    January 26, 2013 at 3:20 pm

    သူများနားမလည်သောစာများရေးတတ်သည်.
    မှန်လိုက်လေခြင်း မောင်တင့်တယ်လ်တယ်တယ် ရေ………………

    Reply

  • ဗုံဗုံ

    January 26, 2013 at 4:43 pm

    ဦးတင့်တယ် ရယ် ကိုယ့်ဟာကိုယ် ပန်းပဲ လုပ်နေတာ ဟုတ်ရက်နဲ့ ခုတော့ ……… :harr:

    Reply


  • ငါကသူများထက်တော်တယ်….
    ငါ့ရဲ့ ကြည့်မှန် တစ်ခုထဲ ရဲ့ အတွင်းမှာပေါ့..
    ဒီလိုနဲ့…စက္ကန့်ပေါင်းများစွာငါ အလွတ်ရပြီးပြီ
    ငါ့ထက်ညံ့တဲ့သူကိုငါ မတွေ့ဘူးသေးဘူး….

    အိုက်ဒါလေး ခိုက်သဗျာ …
    ဂယ်ဘဲ … ရေးထားတာ လန်းဒယ် …
    အားပေးတွားဘာဒယ် … ဘိုးဘိုးတင့် ခည …

    Reply

Leave a Reply

Your email address will not be published.