အပြစ်ကင်းတဲ့ ချစ်ခြင်းအကြောင်း

အပြစ်ကင်းစွာနဲ့
ချစ်ခြင်းကို တွေ့ဖို့ဆိုတာ
တကယ့်ကို မလွယ်ကူလှပါဘူး ………..
အမုန်းတရား ……….. အရှုံးသမား ………..
စတဲ့ စကားတွေလည်း ကြားဘူး ကြမှာပေါ့ ………..
ဒါပေမယ့်
အဲဒီ ဥပက္ခာ အသုံးအနှုန်းတွေ မပါပဲ
ကိုယ်ချစ်သလောက် သူကပြန်ချစ်မှာ ရှိပါသေးတယ် ………..
အဲဒါ ……….. ဘာလဲ ……….. ?
Football ……….. တဲ့။
ဘောလုံးဆိုတာ
နှုတ်ခမ်းနီ ဆိုးစရာမလိုပဲ ့ ့ ့ ့ ့ သူ့အလှနဲ့ သူ ရှိထားတယ်။
ဘောလုံးဆိုတာ
မိတ်ကပ်သုံးစရာမလိုပဲ ……….. စိတ်ဓာတ်ကို တက်စေတယ်။
ဘောလုံးဆိုတာ
ရေမွှေးမလိုပဲ ……….. သင်းပျံ့လန်းဆန်း စေတတ်တယ်။
ဘောလုံးဆိုတာ
မျက်လုံး နက်နက်ကလေး မဟုတ်ပေမယ့် ……….. စွဲလန်းစေတယ်။
ဘောလုံးဆိုတာ
ဟန်မူပါပါနဲ့ လမ်းမလျှောက်တတ်ပေမယ့် ……….. လမ်းလည်း မပျောက်တတ်ဘူး။
ဘောလုံးဆိုတာ
ရည်းစား စာပေးစရာမလိုပဲ ……….. ကိုယ့်ကို အဖြေပြန်ပေးတတ်တယ်။
ဘောလုံးဆိုတာ
ပြန်စာကို ရင်ခုန်စွာ စောင့်စရာမလိုပဲ ……….. ဘယ်လိုလဲ ? လို့သာ ပြန်မေးပါလိမ့်မယ်။
ဘောလုံးဆိုတာ
ချစ်သူတစ်ယောက်လိုပဲ တိမ်းမူးဘွယ်ရာတွေကို ပေးစွမ်းတယ်။
ဘောလုံးဆိုတာ
ထမင်းမစားရင် ငိုမှာနော် ………..လို့ မချွဲတတ်ပေမယ့် သည်းတတ်တယ်။
ဘောလုံးဆိုတာ
ကော်ဖီသောက်တော့လေ ……….လို့ သတိမပေးတတ်ပေမယ့် အသိအတွေးကိုတော့ ပိုကောင်းစေတယ်။
ဘောလုံးဆိုတာ
တစ်သက်လုံးနေမှာနော် ………. ဆိုတဲ့ မုသားမျိုး မပြောတတ်ဘူး။
ဘောလုံးဆိုတာ
လက်ထပ်ကြစို့လေလို့လည်း ……….. အတင်း မတောင်းဆိုတတ်ဘူး။
ဘောလုံးဆိုတာ
လွမ်းနေမှာ နော် ………. လို့လည်း မျက်ရည်စို့ရမှာတွေ မပေးတတ်ဘူး။
ဘောလုံးဆိုတာ
တစ်နေ့ ……….. ၂ ခါ ဖုန်းဆက်ရမယ်လို့လည်း အဓမ္မ မပူဆာတတ်ဘူး။
ဘောလုံးဆိုတာ
ဒီဘဝမဟုတ် နောင်ဘဝပေါ့ ဆိုတာမျိုးနဲ့လည်း အသည်းမခွဲတတ်ဘူး။
ဘောလုံးဆိုတာ
ချစ်တော့ ချစ်ပါတယ် ……….. ဒါပေမယ့် ……..ဆိုတဲ့ ရင်နာရမယ့် စကားကို မဆိုတတ်ဘူး။
ဘောလုံးဆိုတာ
သူ့ မျက်နှာလေးကို ငေးနေရသလို ……….. စိတ်ကို အေးချမ်းစေတယ်။
ဘောလုံးဆိုတာ
ဥပက္ခာဆိုတာမရှိ ပီဘိ တစ်သဘောတည်း ရှိနေတယ်။
ဘောလုံးဆိုတာ
အရှုံးဆိုတာချည်း မဟုတ်ပဲ ……….. အနိူင်ပွဲဆိုတာလည်း လာတတ်တယ်။
ကိုုယ့်အသင်း ဂိုးသွင်းလိုက်လို့ကတော့ အနမ်းပေါင်း တစ်ရာထက်မက အရသာ ရှိတာ အမှန်ပါ
ဒီတော့
ဘောလုံးကို ချစ်ရတာ
ပတ်ဝန်းကျင်ကို ငဲ့စရာလည်း မလို
သူများ မျက်စောင်းထိုးမှာလည်း မကြောက်ရ
ဘယ်တော့ ပျောက်သွားမလဲ ……….. လို့လည်း စိုးရိမ်စရာမရှိ
ဘယ်လောက်အထိ ကောင်းလိုက်သလဲကွာ ………..
ဟောဒီလောကမှာ
အပြစ်ကင်းတဲ့ ချစ်ခြင်းကို လိုချင်ရင်
ဘောလုံးကိုသာ ချစ်လိုက်ကြပါ
အချစ်ကို ကြောက်တဲ့ ငါ့မှာလည်း
ချစ်စရာဆိုလို့
ဘောလုံးမှ တစ်ပါး ……….. အခြားမရှိ

 

🙂

14 comments

  • မောင့်ကျက်သရေ ဂီ့

    January 25, 2013 at 2:55 pm

    ဘောလုံးလား …
    ပီယာလို ကို ရောင်းထုတ်လိုက်ကတည်းက စိုက်လိုက်မတ်တပ်အားပေးလာတဲ့ အေစီကို
    အားမပေးတော့ပါ…။ ချဉ်သွားဘီ။ ဥရောပဘောပွဲတွေက မနက် ၄-၅နာရီလောက်မှလာတဲ့
    စံတော်ချိန်မှာနေသူ မို့ ..ဟိုက်လိုက်ကျိပြီး ရသေ့စိတ်ဖြေရတာလည်း ကြာပါပြီဗျာ။

    ဆြာမင်းလူကတော့ မိန်းမတယောက်ကိုချစ်ရတာ လဘာဂျာပူး အဲလေ လစ်ဘာပူးအသင်းကိုအားပေးရသလိုပဲတဲ့
    အမျှော်လင့်ကြီးမျှော်လင့်ရ ရင်ခုန်ရ နောက်ဆုံး စိတ်ပျက်ရ ဝမ်းနည်းရ ကြေကွဲရနဲ့ အချိန်တန်တော့လည်း
    မကျိဘဲ မနေနိုင်ဝူး ဆိုလား…

    :harr:

    Reply

    • မောင်တင့် တယ်

      January 25, 2013 at 6:37 pm

      အဲ လစ်ပါပူးကိုထိတာတော့ မခံနိုင်သဗျ..
      လစ်ပါပူးဆိုတာ အစဉ်အလာရှိတဲ့အသင်းလေ…
      ကောက်ကြောင်းထက်..နောက်ကြောင်းကိုကြည့်ရသဗျို့…

      Reply

  • P chogyi

    January 25, 2013 at 3:04 pm

    ဘောလုံးဆိုတာလေ ……..
    ရိုးရိုးတန်းတန်းအားပေးရင်တော့ စိတ်ဓာတ်တက်ကြွစေပေမဲ့
    စိတ်မထိန်းနိုင်လို့ လောင်းမိရင်တော့ …. မွဲတတ်ပါတယ်။

    Reply

  • Myo Thant

    January 25, 2013 at 3:11 pm

    မမွဲအောင် ဆရာကိုကိုပေ နဲ့ချိတ်ထားလေဗျာ ၊

    🙂

    Reply

    • မောင်ပေ

      January 25, 2013 at 7:34 pm

      အသာလုပ်ပါ ဆြာရယ်
      ကျုပ်တောင် ၃ပွဲ မှာ ၂ပွဲနိုင်ဖို ့
      နက်တစ်ခွင်မှာ မျက်တောင်မခတ်
      ပြောင်းတာတွေ ထိုင်ကြည့်ရတာကလား

      Reply

  • moonpoem

    January 25, 2013 at 3:17 pm

    အပြစ်မကင်းတဲ့ ချစ်ခြင်းဆိုလို ့ကိုမျိုးသန် ့ကို အထင်ကြီးပြီး ပို့စ်ကို ဖတ်လိုက်တာ လက်စသပ်တော့ ဘောလုံးတေးထပ်၊ဘောလုံးအလင်္ကာ၊ ဘောလုံးပျို ့ဖြစ်နေတာကိုး။

    Reply

  • ဗုံဗုံ

    January 25, 2013 at 3:25 pm

    ကလေးတို့ရေ……….. နောက်ဆုံးတော့ အချစ်ကြောက်တဲ့ အန်ကယ်ဂျီးလည်း ဘောလုံးနဲ့ ငှက်ပျောတုံးမှလွဲ၍ အခြားမရှိ ဖြစ်သွားသတဲ့ကွယ် :harr:

    Reply

    • ခိုင်ဇာ

      January 25, 2013 at 3:31 pm

      ဗုံဗုံတို့ကတော့ သွားပြောပြန်ပြီ။
      ဒီလူပျိုကြီးက မန်းသူကို ကြောက်ပါပြီဆိုကာမှကွယ်။

      :harr:

      Reply

  • ခင်ခ

    January 25, 2013 at 3:36 pm

    ကိုမျိုးသန့်ရေ အပြစ်ကင်းချက်တွေက ဘောလုံးမှာဘဲလား။ အခြား လုံး တွေရော ရေးစပ်ပါအုံး။
    ဥပမာ- ဂေါက်သီးလုံး၊ ဘောလီဘောလုံး၊ တင်နစ်ဘောလုံး …… တို့ ပေါ့ဗျာ။

    Reply

  • Myo Thant

    January 25, 2013 at 3:53 pm

    ကြိုးစားပါ့မယ် ရွာသူရွာသားတို့ရေ
    အင်း ရွာထဲရောက်တာ ဒီထက်စောရင်
    ပိုရင်းနှီး ပိုပျော်နေလောက်ပြီ ။

    🙂

    Reply

    • ဗုံဗုံ

      January 25, 2013 at 4:11 pm

      အိုက်ဒါ ပြောတာပေါ့ အဲ့ဂလိုဒွေ နောက်ကျခဲ့လို့ လူပျိုကြီး ဖစ်နေရတာ မှတ်ပီလား :harr:

      Reply

  • ရွာသူ jujuma .

    January 25, 2013 at 4:18 pm

    ဂလိုဆိုဒေါ့လည်း ဘောလုံးလေးပဲ ဆက်ဂျစ်ကြည့်မယ်ကွယ် …. :kwi:

    Reply

  • Myo Thant

    January 25, 2013 at 4:20 pm

    အိပ်စ်ပရက်အမြန်ယာဉ်နဲ့ဆို မီဦးမယ်ထင်ပါရဲ့
    ကြိုးစားကြည့်ပါဦးမယ် ၊ အားပေးဖော်ရှိရင်ပေါ့လေ

    🙂

    Reply

  • kokothandar

    January 27, 2013 at 11:44 am

    ဘောလုံးကစားခြင်းကို ပြင်တော့မယ် ကွင်းထဲမှာ ဘောလုံး၂ လုံးထားမယ် ကန်ချင်တဲ့ဘောလုံးကိုကန်ပြီး တဖက်သင်းဂိုးပေါက်ထဲ ကိုသွင်းရမယ် တစ်လုံးထဲထက် ပိုသက်သာတာပေါ့ ဝေးနေရင် လိုက်စရာမလိုတော့ဘူး ဂိုးများများသွင်နိုင်ြ့ပီပေါ့

    Reply

Leave a Reply

Your email address will not be published.