ရီးရဲလ် ဦးဆောင်နေသော Football’s money league 2011-12

၂၀၁၁ – ၂၀၁၂ ဘောလုံးရာသီမှာ ဝင်ငွေအကောင်းဆုံး အသင်းအဖြစ် ရီးရဲလ်က ၈ ရာသီဆက်တိုက် ဦးဆောင်နိူင်ခဲ့ပြီး တစ်ရာသီအတွင်း ဝင်ငွေ ယူရို သန်း ၅၀ဝ ကျော် ရတဲ့ ပထမဆုံး အသင်းအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ် ၊ ဒုတိယ နေရာမှာတော့ ဘာစီလိုနာ ရှိနေပြီး မန်ယူက တတိယပါ ၊ ထိပ်ဆုံး ၁ဝ သင်း စာရင်းကတော့

1. Real Madrid: Revenue: 512.6m

2. Barcelona: 483m

3. Man Utd: 395.9m

4. Bayern Munich: 368.4m

5. Chelsea: 322.6m

6. Arsenal: 290.3m

7. Man City: 285.6m

8. AC Milan: 256.9m

9. Liverpool: 233.2m

10. Juventus: 195.4m

3 comments

  • Myo Thant

    January 24, 2013 at 9:26 am

    ထူးခြားတာကတော့ ထိပ်ဆုံး အသင်း ၂ဝ ထဲမှာ စပိန်က ၂ သင်းတည်း ( ရီးရဲလ် – ဘာစီလိုနာ ) ပါခဲ့ပြီး ပရီးမီးယားလိဂ်က ရ သင်း ( မန်ယူ – ချဲလ်ဆီး – အာဆင်နယ် – မန်စီးတီး – လီဗာပူး – စပါး – နယူးကာဆယ် ) ပါနေတာဟာ ပရီးမီးယားလိဂ်ကို လူကြိုက်များရခြင်းအပေါ် သိသာစေတာပါပဲ ၊ ကျန်တဲ့ အသင်းတွေကတော့ စီးရီးအေ ၅ သင်း ( အေစီ – ဂျူဗီ – အင်တာ – နာပိုလီ – ရိုးမား ) ဘွန်ဒစ်လီဂါ ၄ သင်း ( ဘိုင်ယန် – ဒေါ့မွန် – ရှော့ကေး – ဟမ်းဘတ် ) ပြင်သစ်လိဂ် ၂ သင်း ( မာဆေး – လိုင်ယွန် ) တို့ဖြစ်ကြပါတယ် ၊

    Reply

  • မောင့်ကျက်သရေ ဂီ့

    January 24, 2013 at 10:24 am

    ကျေးကျေးပါ ဆြာရေ့…

    အချက်အလက်ပိုင်း အားဖြည့်ပါရစေဗျို့ …

    အဲ့သည့်ဇယားကို ၂၀၀၉ခုနှစ် လောက်ကဟာ ကြည့်ဖူးရဲ့ …။
    ဘာသွားတွေ့လဲဆိုတော့ နာပိုလီက အသစ်ခင်ဗျ…
    အရင်က သူ့အစား ဖီအိုရင်တီးနား ရှိခဲ့ဖူးတယ် မှတ်တယ်။
    မွဲပါတယ် အော်နေတဲ့ စီးရီးအေ အသင်းတွေ ထိပ်တန်း ၂ဝအတွင်း
    ၄သင်းတောင် ဝင်နေတာကတော့ ယနေ့ခေတ် ကွင်းတွင်းဝင်ကြည့်သူ
    သောင်းဂဏန်းထက် တကမာ္ဘလုံးကနေ တီဗီကကြည့်သူ သန်းဂဏန်း
    ဆီကရတဲ့ အကျိုးအမြတ်ကို ခွဲဝေမှု ကောင်းမွန်မှုကြောင့်လို့ ယူဆရပါတယ်။
    ဒါတောင် လိဂ်ဟာ အမြင့်ဆုံးအဆင့်မှာ ရှိမနေတော့တာ ..ကွင်းတွေက
    မြို့ကောင်စီပိုင် တွေ ။ ၁ကွင်းကို ၂သင်း သုံးရတာတွေ ကြောင့်သာပေါ့…။
    အဲ့ဒါတွေ ပြင်နိုင်ရင် ဖြည့်နိုင်ရင် စီးရီးအေ ပြန်လာမယ် ထင်တာပါပဲ။
    သို့သော် တိုင်းပြည်ကမွဲနေတာကြောင့် ကြာဦးမယ် မှတ်ပါရဲ့…။

    စပိန်ကတော့ ၂ကောင်တည်းပြေးတဲ့ မြင်းဖြစ်ဦးမယ်ထင်ပါ့…။
    သူတို့ ၂သင်းကို အိမ်အဝေး ၂ပွဲကန်ခိုင်းပြီး ဖလား၁လုံးပေး ။
    ကျန်၁၈သင်းအတွက် လိဂ် သပ်သပ် လုပ်ပေးရင် ကောင်းမယ်ဗျာ …။ဟီဟိ…

    ပရီးမီးယားလိဂ်ကတော့ ပြည်တွင်း စိန်ခေါ်မှု ပြင်းပြလေလေ
    ဥရောပတန်းမှာ ခြိမ်းခြောက်နိုင်စွမ်း ကျဆင်းလေလေ လို့ပဲ မြင်မိပါတယ်…
    သူ့မှာက တခြား လိဂ်တွေထက် ကြယ်လေးပွင့်အဆင့်လောက် အသင်းတွေ
    ပိုများသလို ရှုံးထွက်ဖလားကလည်း သူများတိုင်းပြည်က ၁လုံး သူက
    ၂လုံး ကန်ရတာကိုး …။

    ဂလိုနဲ့ပဲ … တပြားမှလည်းမရ ..။ အအိပ်ပျက် ။ အစားပျက် ။ အားပေးရ။
    သူတို့နိုင်လည်း ကိုယ်ဘာမှ မထူးလာ ရှုံးတော့လည်း ဝမ်းနည်းရ …
    ပိုက်ဆံက ကုန်ရသေး …အော်… ပိတ်သတ်တွေပဲ သနားဇယာ ကောင်းပါတယ်ဗျာ…။
    တကယ်တော့ ဝင်ငွေအကောင်းဆုံး ဘောလုံးကလပ် ဆိုတာ ..ပိတ်သတ်ကို ဒုက္ခအပေးဆုံး
    ကုန်ကျစရိတ်အထောင်းဆုံး အသင်းစာရင်းတွေပဲ မဟုတ်ပါလား..။

    :harr:

    ဒက်ဂလောက်….ဒက်ဂလောက်

    Reply

  • Myo Thant

    January 24, 2013 at 10:36 am

    အအိပ်ပျက်တာတော့ မပြောပါနဲ့တော့ဆရာရယ် ၊
    ကျနော့် ဌာနက နေ့ ည ရှိတာမို့ နေ့လည်း ကြီးကြပ်ရ ဘောလုံးပွဲရှိတဲ့ညလည်း စိတ်မချလို့ သွားရနဲ့
    မိန်းမသာရှိရင် မလွယ်လောက်ဘူးဗျာ
    ( ကြော်ငြာဝင်တာ ဟုတ်ဘူးနော့ ရိုးရိုးသားသား ပြောပြတာပါ ) 🙂
    ဒါပေမယ့် ဘောလုံးသတင်းကော ဘောလုံးပွဲကိုပါ အရမ်းရူးသွပ်သူပါ ၊
    မန်ယူရှုံးတဲ့ညဆို ထမင်းတောင်မစားနိူင်ပါဘူး ၊

    Reply

Leave a Reply

Your email address will not be published.