အူစိန်ဘော့ထက် ပြေးနိုင်သူ

kokothandarJanuary 21, 20131min01

နှတ်ထွက်သွာတဲ့ ဒုသမတ ရှစ်လုံးကြီးဟာ ကျန်းမာရေးဒေါင်ဒေါင်မြည်သူပါ နားတာက ဒုသမ္မတဟာ ရုပ်ပြသာဖြစ်တာ အခန်းအနားတွေမှာ အောက်လက်ကရေးပေးတဲ့ မိန့်ခွန်းဖတ်ဖို့သာ ထားတာကိုသိနေတယ် နောက်တစ်ချက်က စစ်ထောက်ချုပ် ဘဝနဲ့ M E C ကိုင်ခဲ့စဉ်က မတရားရခဲ့တဲ့ ငွေတွေကလဲ့ ထားစရာမရှိတော့ဘူး သူနေတဲ့ သမိုင်း အောင်သိဒ္ဒိလမ်းခြံထဲမှာ တစ်ထပ်တိုက်နှစ်လုံးရှိတယ် တစ်လုံးကလူနေတယ် တစ်လုံးက ပိုက်ဆံထားတဲ့ဂိုဒေါင် ဂိုဒေါင်ပြည့်လာလိုက် ရွှေချောင်းတွေဝယ်လိုက်နဲ့ ထားစရာ မရှိတော့အောင်ချမ်းသာနေတာရယ် ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ရဲဆိုသလို ဒေါ်စု အစိုးရစည်းဝိုင်းတဲ့ စဝင်လာတာရယ် တစ်ချိန်မှာ ဒေါ်စု ပါတီသာ လွှတ်တော်ကို ချုပ်ကိုင်ပြီး ကြတ်ဖွတ်တွေ ပြေးရမှာကိုတွေးမိတာရယ်ကြောင့် အူစိန်ဘော့ အရှုံးပေးရလောက်အောင် အစိုးရအဖွဲ့ထဲကနေ တားမရဆီးမရ ထွက်ပြေးတာပါ အရှက်မရှိ တွယ်ဖက်နေတဲ့ ကိုအောင်သောင်းတို့ ကိုကျော်ဆန်းတို့ ကိုဌေးဦးတို့ ကိုခင်ရီတို့ ထက်စာရင် ခေါင်းပြေးတယ်လို့ဆိုရမှာပါ ခုတော့ ရခဲ့သမျှ စည်းစိမ်ကို ဇိမ်ခံနိုင်ပြီ သူဘာတွေသုံးပြ သုံးပြ ဘာမှလုပ်လို့မရအောင် မတရားတဲ့အခြေခံ ဥပဒေ က ကာကွယ်ပေးထားတယ်   ရက်စက်ကြပါပေ ့ အာဏာရူးအဖွဲ့တွေရယ်

One comment

  • aye.kk

    January 22, 2013 at 6:40 pm

    မှန်ပါ၏။။
    အခြေခံဥပဒေကိုမပြင်သေးသမျှ
    ပြည်သူတွေအတွက်ရင်လေးရမှာအမှန်ပါ။။

    Reply

Leave a Reply

Your email address will not be published.