“အငိုပြက်လုံး”

(၁)

“အလင်းခတ်ရောက်ပြီကွ…”

တစ်ကိုယ်လုံး မှောင်သွားသူက ကြွေးကြော်တယ်။

တစ္ဆေမ လူမွေးပေါ့မလား။

(၂)

မီးကွင်းဂမုန်းမှ မဟုတ်တာ…

တောမီးဂယက်ထဲ အကုန်အပူလောင်ကြတယ်

ဘုံငရဲနယ်။

(၃)

ခေတ်ပြိုင်မြင်းမွှေးပေါ်က ကပ်ပါးတစ်ကောင်

ဘယ်တော့ ဘယ်တော့ ဘယ်တော့

ကျောရိုးရှိလာမှာလဲ။ မျှော်။

(၄)

အာရုံခြောက်ပါး တစ်ပါးသူလက်အကွယ်

မိနေသရွေ့

( )ကို သံသယရှိတယ်။

(၅)

ခြတောင်ပို့ကြီး ကြီးကြီးလာ

မျက်လှည့်ပြကွက် ပေါပေါလာ

တို့ထောင်တဲ့လက်ညှိုးကျ လူမမြင်ဘူး။

(၆)

ရေစီးကြောင်းထဲ ရေမျှောခံရ

လေယာဉ်ကြောထဲ ရောလွှင့်ခံရ

တို့သောက်တဲ့ဆေးက အတုကြီး။

(၇)

မစင်တွင်းကျ ဘဝ…ဘဝများ ဆယ်ကောက်မဲ့သူ

မတွေ့ /မရှိ

ကြာပန်းတွေ မပွင့်ခင် လောင်ကုန်ပြီ

လမ်းပြကြယ် တိမ်းမည်းစားသွားပြီ

“ငိုငိုငို အားရအောင်ငို” ။ ။

စေပိုင်ထွဋ်(ပုသိမ်)

4 comments

  • မောင်ပေ

    January 13, 2013 at 8:00 pm

    အငိုပြက်လုံး
    အပျိုရှက်ပြုံး
    အကိုဖွက်သုံး
    အဆိုမက်ရှုံး

    Reply

  • ခုဒေါ့ …
    ဖတ်ရုံဘဲ ဖတ်တွားဒယ် …
    နောက်တော့မှ ..
    ဆိုလိုရင်းတွေကို ပြန်တွေးကြည့်မယ် ….

    Reply

    • စေပိုင်ထွဋ် (ပုသိမ်)

      January 16, 2013 at 4:40 pm

      တိန်
      နောက်တော့မှ ဆိုပဲ

      Reply

Leave a Reply

Your email address will not be published.