အော် ယောက်ျား …ယောက်ျား ,

cobraJuly 18, 20101min09

အော် ………….ယောကျ ်ား……..ယောက်ျား…….

ဖော်ဖော်ရွေရွေ များ ဆက်ဆံမိရင် ပြောပါလိမ့်မယ် …. ‘
သူ့ကိုကြိတ်ကြိုက်နေတယ် ‘ … လို့
အဲလိုမှ မလုပ်ပြန်ရင်လဲ … ‘ အဲဒီ မိန်းမက ဘာမှ မဟုတ်ပါဘူးကွာ ‘ … တဲ့
သပ်သပ်ရပ်ရပ်များဝတ်စားမိရင် ပြောပါလိမ့်မယ် … ‘ သူ့ရုပ်နဲ့ပဲများနေတာ ‘ … လို့
အဲလိုမှ မဝတ်ပြန်ရင်လဲ ‘ တိုက်ဂေါ ‘တဲ့
သူကိုများ ပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် …’ စွာတေးမ ‘…လို့
ငြိမ်နေပြန်တော့လဲ … ‘ ငတုံးမလေးပါကွာ…ငါလိမ့်ချင်သလို
လိမ့်လို့ရပါတယ် ‘ …တဲ့
သူထက်များ ပိုတော်နေရင် ပြောပါလိမ့်မယ် … ‘ ငဖျံမ ‘…လို့
သူကများ ပိုတော်နေရင်တော့လဲ …’ အရည်အချင်းကြောင့် ‘…တဲ့
သူ့ကိုများ မကြိုက်ဘူးဆိုရင် … ” လက်ဖက်ရည်ဆို်င်မှာ
ရေနွေးအိုးတအိုးနဲ့ တစ်နေ့လုံးထိုင်ပြီး…ဒီစော်က
ဘာကြီးဘာကွာ….ညာကြီးပါကွာ…..ဘယ်တုန်းကငါနဲ့ဘယ်လို….ဘာဖြစ်ခဲ့တယ်…ညာဖြစ်ခဲ့တယ်…အခုမှ
အထာတွေပိုနေတာပါကွာ……စတဲ့စတဲ့….အတင်းတွေပြောလာပါလိမ့်မယ်
သူ့ကို ကြိုက်မိပြန်တော့လဲ … သင့်ကို အနိုင်ကျင့်နည်းပေါင်းစုံနဲ့
တရားဝင် အနိုင်ကျင့်လာပါလိမ့်မယ်….
ချစ်နေတဲ့ အမူအရာများ ပြမိရင်ပြောပါလိမ့်မယ် … ‘ ငါက
ပိုင်ပါတယ်ကွာဆိုပြီး နောက်ကွယ်မှာ လျှောက်ဖေါဦးမယ်….
အဲလို အမူအရာမပြပြန်တော့လဲ … ‘ မင်းကတကယ်မချစ်လို့ နောက်တစ်ယောက်ရှာတာ ‘…တဲ့
အခက်အခဲရှိလို့ တိုင်ပင်မိရင် ပြောပါလိမ့်မယ် … ‘ ပစိပစပ် ‘…လို့
မတိုင်ပင်ဘဲ နေပြန်တော့လဲ … ‘ သူ့ကို မယုံကြည်လို့ ‘…တဲ့

သူ့ကိုများ အော်ငေါက်မိရင် ပြောပါလိမ့်မယ် …’ ယောက်ျားကို
လွှမ်းမိုးမယ့်မိန်းမ ‘ …လို့
သူကများ အော်ငေါက်ရင်တော့ ‘ ဆုံးမတာ ‘…တဲ့

ပေးထားတဲ့ ကတိ ဖျက်မိရင် ပြောပါလိမ့်မယ် … ‘ ကတိမတည်တဲ့မိန်းမ ‘…လို့
သူဘက်ကဖျက်ရင်တော့ …’ မလွဲမရှောင်သာလို့ပါ ‘ …တဲ့

မိန်းကလေး……… shopping သွားမိရင် ပြောပါလိမ့်မယ် …’
ပိုက်ဆံဖြုန်းတဲ့မိန်းမ..လို့
သူ ပိုကာ ဆွဲတာကျတော့ …’ အပျင်းပြေပါ ‘…တဲ့

သင် စာမေးပွဲအောင်ရင် ပြောပါလိမ့်မယ် …’ သူအားပေးတတ်လို့ပါ ‘…လို့
သူအောင်ရင်တော့ … ‘ အရည်အသွေးကြောင့် ‘ …တဲ့

သူများကိုများ မတော်တဆ နာကျင်စေမိရင် ပြောပါလိမ့်မယ် … ‘
အကြင်နာတရားမဲ့တဲ့လူ ‘ …လို့
သူ့ကြောင့်များ သင်ခိုက်မိရင်တော့ … ‘ အထိမခံ ရွှေပုဂံ ‘ …တဲ့

သူနဲ့ အတူတူ အပြင်သွားလို့ သူပိုက်ဆံ ရှင်းရမယ်ဆိုရင် ……ဝလာမှာ
စိုးလို့နည်းနည်းပဲစားတဲ့……
ကိုယ့်ဘာသာ ရှင်းမယ်ဆိုရင် အစားဆိုတာ ကောင်းကောင်းစားရတယ်တဲ့

ယောက်ျားတွေ အကြိုက် ဆယ်ခါလိုက်လဲ
မလိုက်တစ်ခါ ရှိခဲ့ပါမူ…
သွားပုတ်လေလွင့်..လျှောက်ပြောတတ်၏( blog တွေလည်း လျှောက်ရေးတတ်၏် ..)တဲ့……

ရည်းစားသက်တမ်းကြာလာလို့ သူတို့အသစ်ကလေးရှာချင်ပြီဆိုရင်…….မင်းကို
ချစ်တာမဟုတ်ခဲ့ပါဘူး …ခဏ သာယာမိတာပါတဲ့……..(ဗလောင်းဗလဲ
ကိုကောင်းကောင်းပြောတတ်သေးပါတယ်…………..)

ဒီစာကို ယောက်ျားတွေဆီ ပို့ပေးမိရင် ပြောပါလိမ့်မယ် … ‘ မဟုတ်မဟတ်တွေ’
…လို့..မပို့ပြန်ရင်လည်း … ‘ အတ္တသမားတွေ ‘ …တဲ့
ယောက်ျားမကောင်းကြောင်းရေးထားတာ မဟုတ်ဘူးနော် သူငယ်ချင်းတို့ ကို
ချစ်လွန်းလို့ယောကျာ်းတွေရဲ့ မကောင်းတဲ့အကျင့်ကိုရေးထားတာနော် ဒါပေမယ့်
ယောက်ျားတိုင်းတော့ မဟုတ်ဘူးနော်
သက်ဆိုင်သူများ ရှိခဲ့ရင် လွတ်လပ်စွာ သဘောထား ကွဲလွဲ နိုင်ပါတယ်နော် ။

မှတ်ချက်
ရန်ဖြစ်ချင်လို့မဟုတ်ပါ။ မိန်းကလေးတွေရဲ့ သနားစရာ ဘဝ ကို အသိပေးခြင်းသာ ဖြစ်ပါသည်။

9 comments

  • HayMonChan

    October 8, 2010 at 4:18 pm

    har har so so good
    very good
    hee hee
    thanks for share
    naw friend

    Reply

  • naw2lay

    October 13, 2010 at 10:07 am

    အရမ်းကောင်းတဲ့ ပို့စ် လေးပါ ကော်ပရာ နောက်ရှိလဲတင်ပေးဦးနော်
    အော် ယောကျာင်္းတွေများ ခံပေရော့ပေါ့ ဟဟ ဒီတစ်ခါတော့ထိသွားပြီ

    Reply

  • search123

    October 13, 2010 at 10:49 am

    အရမ်းကောင်းတဲ့ Post ပါ…တော်တော် ကြိုက်ပါတယ်..ရှာရှာဖွေဖွေ တင်ပေးတာ ကျေးဇူးပါ။

    Reply

  • fatty

    October 13, 2010 at 2:19 pm

    ခေါင်းစဉ်ဖတ်ကြည့်ပြိး …ကျနော့များခေါ်လိုက်တာလားလို့

    Reply

  • kgmalay.girl

    July 9, 2012 at 2:30 pm

    very good

    Reply

  • mamanoyar

    July 9, 2012 at 2:35 pm

    ဟားးးးးးးးးး တကယ်ရီရတယ်
    မှန်လဲမှန်တယ်
    ဟီးးးးးးးးးးးးးးးးး

    Reply

  • Wow

    July 9, 2012 at 3:10 pm

    မှန်၏…မှန်၏ ဟီ…ဟီ့

    Reply

  • နွေဦး

    July 9, 2012 at 3:34 pm

    ယောက်ျားတိုင်းတော့ ဟုတ်မယ် မထင်ဘူးနော် ။
    သူ့ခမျာ ကံမကောင်းရှာဘူးနော် .
    ဒီလောက် ကောင်းတဲ့ ယောက်ျားတွေ အများကြီး ရှိတာတောင်
    ဒီလိုလူမျိုးနဲ့မှ တွေ့တတ်ပလေ…ကျွတ်ကျွတ် ကျွတ်ကျွတ်….သနားလိုကတာ…..

    Reply

  • အရင့်ရောင်

    July 9, 2012 at 3:34 pm

    ပေါရက်လိုက်ထာအေ……….
    တူတို့တစ်တွေပေါတာကြတော့ အပေါဖူးညော်
    တူတို့ပေါတာ ပိုချိုးတယ်………
    ဟိဟိ

    Reply

Leave a Reply

Your email address will not be published.