သစ်ခက်….လက်

SawAungDecember 27, 20121min04

မျောလွင့်နေတဲ့ အိပ်မက်တွေထဲ…..
ကူးခတ်လူးလွန့် လာရင်းးးးးးးးးးးးးးး
ကြယ်တွေဟာ တဖျတ်ဖျတ်တုန်ခါလို့
အို……………..ဘုရားသခင်…….
တိမ်တွေပေါ် အရုပ်ရေးဖို့
စူပါဖောင်တိန် တစ်ချောင်းလောက်ပေးသနားပါ

ညို့မှိုင်းမှိုင်းကောင်းကင်ဟာ အဖြူရောင်စာရွက်လောက်မရိုးသားတော့ဘူး
ငါးရိုးစူးတဲ့မြို့ပြညတွေထဲမှာ ရင်ဘတ်ထဲကစိုက်ခင်းတစ်ခုနဲ့
ကျွန်တော်အသက်ရှင်နေရတယ်

ဟုတ်ကဲ့………ကျွန်တော်အောက်ဆီဂျင်လိုနေတယ်။

ငွားစွင့်တဲ့ ပန်းပွင့်တွေအတွက်
မြေဆီလွှာတွေ စတေးခဲ့တယ်
ခန့်ညားတဲ့မြို့ပြတွေအတွက်
ဘယ်သူတွေစတေးခဲ့သလဲ………..။
ဟင့်အင်း…..သူတို့က ဖန်လှောင်အိမ်တွေပိုင်ဆိုင်တယ်။

ကျွန်တော်လက်နဲ့ သစ်ပင်စိုက်ထာတယ်
တိမ်ညိုတွေကင်းတဲ့နေ့မှာ
ဘုရားသခင်ဆီက ဖောင်တိန်မရလည်းနေပါစေ
ကျွန်တော့်သစ်ခက်တွေနဲ့  အရုပ်ရေးကြည့်မယ်။

……………

ရင်နှင့်ရင်း၍
အောင်မိုးသူ
2012 ခရစ္စမတ်နေ့
11း15 PM

4 comments

  • ခင်ခ

    December 27, 2012 at 12:44 pm

    တိမ်ညိုတွေကင်းလို့ သစ်ခက်တွေနဲ့ အရုပ်ရေးနိုင်တဲ့
    နေ့သစ်ကို အမြန်ရောက်ပါစေဗျာ။

    Reply

    • aung moethu

      December 27, 2012 at 2:30 pm

      ကျေးဇူးပါ နော်

      Reply

  • မောင်ပေ

    December 27, 2012 at 7:41 pm

    သစ်ခက်လက်
    စစ်တပ်ပျက်
    လစ်ထွက်ချက်
    ယစ်မတ်တပ်
    ညစ်မျက်ခွက်
    ကစ်ဆက်နှပ်

    Reply

  • alinsett (gazette)

    March 22, 2014 at 3:01 pm

    ညိုမှိုင်းတဲ့ကောင်းကင်ဟာ
    အဖြူရောင် စာရွက်လောက် မရိုးသားဘူး ဆိုတဲ့ စကားလုံးလေး အပါအဝင်
    အသုံးအနှုန်းလေးတွေ သဘောကျမိပါတယ်

    Reply

Leave a Reply

Your email address will not be published.