သွေးသောက်ကာရန်

တောက ကိုရင်December 20, 20121min02

သွေးသောက် ကာရန်

သွေးသောက်တွေဆို

ဘေးရောက်စေလိုသလား

သခင်မရယ်

ရင်မှတွယ်ယှက် နှောင်ကြိုးဖျက်ခြွေ

ဘယ်ဆီသွေခွာ နွေလာမှီချဉ်း

ရင်မီး တွင်းလျှံ မြိုထားအန်ထွက်

အဆိပ်တက်ဆို မငိုရဲဘဲ

မျက်ရည်ဝဲတက် မိုးစွေလျှက်နွမ်း

နှလုံးကျွမ်းမြေ့ အသိမေ့ချင်

မတွေ့မြင်လွမ်း တွေးထင်မှန်းဆ

အိပ်ပျက်ညအို သန်းခေါင်ကြိုလင့်

နေခြည်မြင့်တက် တစ်မနက်ကူး

အာရုံမူးဝေ မွန်းတည့်နေပြင်း

နေဆယ်စင်းလို ရင်လှိုက်ဖိုကျွမ်း

နေဝင်နွမ်းလျ အေးမြလရိပ်

တမှေးအိပ်စဉ် အိပ်မက်မြင်ဆဲ

စိတ်ထင်စွဲသည် လွမ်းတမြည်စိုး

ဘဝင်ညှိုးခွေ ညလေပြေဆိတ်

ပြတင်းပိတ်မှ အိပ်ခန်းကကျဉ်း

သူလာချဉ်းကပ် မျက်ဝန်းဟပ်မီး

ရေနှယ်စီးယို ချော်ရည်ဆိုလည်း

သွန်ထုတ်ဆဲမှာ ပါးပြင်သာစို

ထီးကျန်ငိုချင်းအက်ဆစ်ပြင်းလား

သခင်အားရ ကျေနပ်မှလျှင်…။။

(သက်ဆုံးထိတိုင်ပျော်ရွှင်ချင်…။။)

တောက ကိုရင်

၀၅.၀၈.၂၀၁၂

2 comments

  • အလင်းဆက်

    December 20, 2012 at 8:59 pm

    လေးလုံးစပ်…ပေါ့နော် ။
    ဒါပေမယ့်..
    ကာရန်ကို သေချာ ကိုက်မထားဘူး ထင်တယ် ။

    🙂

    Reply

    • တောက ကိုရင်

      December 21, 2012 at 8:29 am

      ဘယ်လိုကာရန်ကိုက်မထားတာလဲဗျ
      သိဘူးရော

      Reply

Leave a Reply

Your email address will not be published.