မိုးအတွက် မိုး

တောက ကိုရင်December 20, 20121min08

မိုး အတှကျ မိုး

မိုးရိပ်ဆင် မိုးထင်မှ
မိုးကျလွန် မိုးသွန်ဆဲ
မိုးသည်းနေ မိုးလေပြင်း
မိုးမင်းရွာ မိုးလာခို
မိုးညိုမှောင် မိုးရောင်သန်း
မိုးဖြန်းစေ မိုးစွေလျှက်
မိုးစက်မှုန် မိုးတုန်ဟီး
မိုးသီးကြွေ မိုးလေထန်
မိုးမာန်တင်း မိုးညှင်းကဲ
မိုးသည်းစိမ့် မိုးသိမ့်တုန်
မိုးဟုန်ပျံ့ မိုးနံ့သင်း
မိုးဝင်းလက် မိုးသက်ဆင်
မိုးသွင်မှန်း မိုးတမ်းဖွေ
မိုးတွေညို မိုးပြိုနိုး
မိုးကြိုးလက် မိုးသက်တန့်
မိုးလန့်ငို မိုးဆိုမုန်း
မိုးတုန်းမှ မိုးညထဲ
မိုးသည်းပျော် မိုးမျှော်ငေး
မိုးဝေးလို့ မိုးသို့ထံ
မိုးပြန်တမ်း မိုးလွမ်းတုန်း
မိုးသုဉ်းပျက် မိုးစက်သွေ
မိုးကြွေလွင့် မိုးသင့်ဆောင်း
မိုးနှောင်းမှ မိုးကညို
မိုးစိုရွှဲ မိုးထဲမှာ
မိုးလာပြန် မိုးသံကြား
မိုးခါးစွေ မိုးမြေလူး
မိုးဦးမိုး မိုးခိုးရယ်
မိုးဆွယ်လို့ မို့ညို့မှိုင်း
မိုးလှိုင်းလွန့်မိုးကွန့်မြူး
မိုးရူးဆဲ မိုးစဲနေ
မိုးသေလို မိုးကိုရည်
မိုးမိမှာမို့ မုန်းမေ့မည်…။ ။

တောက ကိုရင်
၀၅.၀၈.၂၀၁၂

8 comments

  • အလင်းဆက်

    December 20, 2012 at 9:05 pm

    စကားလုံး..တွေ..သုံးစွဲတတ်လိုက်တာ…
    ကိုရင်ရေ…

    Reply

    • တောက ကိုရင်

      December 24, 2012 at 1:52 pm

      စကားလုံး
      သုံးစွဲမှ တော်
      အသုံးမတော် မွဲမှာမို့

      Reply

  • mobile (mandalay)

    December 20, 2012 at 9:18 pm

    မိုး
    မိုး
    မိုး
    မိုး
    ရွာလိုက်ပါတော့မိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    Reply

    • တောက ကိုရင်

      December 24, 2012 at 1:59 pm

      မှောင်မဲမှာမီးမှိတ်မှ
      မိုက်မိုက်မဲမောင်မေးမယ်
      မုန်းမိ့မယ် မေမှန်းမှ
      မောင်မောင့်မှာ မြန်မြန်မောမှာမို့
      မောင်မေ့မယ်မေ

      Reply

  • မောင်ပေ

    December 22, 2012 at 12:56 pm

    စိန်မာဒင့် မျိုးဆက်
    မိုးဝင်း တို ့ မိုးမင်း တို ့လဲ ရှိသေးတယ်နော
    အဲဒါ အဲဒါ

    Reply

    • တောက ကိုရင်

      December 24, 2012 at 2:05 pm

      မိုးဝင်းထိန် မိုးမင်းငြိမ်သက်
      မိုးပြင်းချိန် မိုးဝင်းထိန်ခက်
      မိုးသက်လေ မိုးရေနှင့်နှင်
      မိုးစက်သွေ မိုးစွေလွင့်ချင်

      Reply

  • rain pricess

    December 22, 2012 at 1:49 pm

    မိုးတောင် မျက်စိလည်သွားတယ်…ဟီးး

    Reply

    • တောက ကိုရင်

      December 24, 2012 at 2:10 pm

      မိုး မျက်စိမလည်ချင်နဲ့
      မိုး မှတ်မိမယ်ထင်ရဲ့
      မိုးနတ်မိမယ် မြင်ခဲ့
      မိုးထက်ရှိမယ် ဝင်ခဲ့

      Reply

Leave a Reply

Your email address will not be published.