“တစ်ရွာ မပြောင်း” “သေချင်တဲ့ကျား” ဒုတိယပိုင်း ဇာပ်သိမ်း

MgMobileDecember 12, 20123min08

 

တစ်ရွာမပြောင်း သေချင်တဲ့ကျား ဒုတိယပိုင်း(ဇာပ်သိမ်း)

၅ လခန့်ကြာသော် . . . . . . . . . .

ကိုခင်မောင်ထွန်း ၊ ကိုဇော်နိုင် ကိုကျော်မျိုး စတဲ့ အသိမိတ်ဆွေ သုံးယောက်နှင့် ကော့ကရိတ် မှာဆုံမိခဲ့ပါတယ်။

ကျနော် အကြောင်း ကိစ္စအနည်းငယ်ဖြင့် မန္တလေး သို့သွားရန် မြဝတီမှ ကော့ကရိတ်သို့ ဆိုင်ကယ်ဖြင့် ဆင်းခဲ့ပါသည်။

ကားနှင့် ဆင်းမည်ဆိုပါက ဒေါနတောင် ပေါ်တစ်လျှောက် လမ်းကကျဉ်းသည်။ ကားတစ်စီး သာသွားလာနိုင်သည်မို့

အဆင်းတစ်ရက် အတက်တစ်ရက်သတ်မှတ်ထားသည်။ ရှေ့မှ ကားတစ်စီး ပိတ်မိနေပြီဆိုပါက လမ်းကျဉ်းသော

နေရာများတွင် နောက်မှကားများ ကျော်တက်ရန်ခက်လှသည်။ ထို့ကြောင့် အမြန်ရောက်လိုသူများ အနေဖြင့်

ဆိုင်ကယ် ဖြင့်ဆင်းကြသည်။ ဆိုင်ကယ်ကတော့ အတက်ရက် အဆင်းရက်မရှိ သွားလာနိုင်တာမို့ အဆင်ပြေပါသည်။

ကော့ကရိတ်ရောက်တော့ ကားထွက်ဖို့ အချိန် တစ်နာရီလောက် လိုသေးတာမို့ ကျနော် လက်ဖက်ရည်ဆိုင်မှာ ထိုင်၍

အချိန်ဖြုန်းရင်းစောင့်နေခိုက်။ ဆိုင်ကယ်သုံးစီးဖြင့် ဝင်လာသော ခရီးသည်သုံးယောက်ကို တွေ့လိုက်ရတော့

အံအားသင့်သွားမိပါသည်။ ကျနော် အသိမိတ်ဆွေ များဖြစ်သော ကိုခင်မောင်ထွန်းတို့ အဖွဲ့ဖြစ်ပါသည်။

ဝမ်းသာအားရ လှမ်းခေါ် နှုတ်ဆက်လိုက်ပေမယ့်။ သူတို့သုံးဦးသာ ထံမှထွက်ပေါ်လာသော အကြည့်များကတော့

အားငယ်နေသော မျက်လုံးများဖြင့်။ သူတို့လဲ အံအားသင့်သွားပုံပေါ်ပါသည်။

“ဟာမိုဘိုင်းပါလား မင်းဘယ်လို ဒီမှာရောက်နေတာလဲ “

“ကျနော် ဘယ်လိုဒီမှာ ရောက်နေတာထက် ကိုကြီထွန်တို့

ဘယ်လိုရောက်လာ တာလေးလုပ်စမ်းပါ့ဦး”

“ပြောရမှာတောင် မကောင်းပါဘူးကွာ အခုမင်း ဘယ်သွားဖို့လဲ”

“ကျနော် မန်းန္တလေးကို သွားဖို့ပါ “

“ မန္တလေးကို သွားဖို့ဆိုတော့ မင်းက ဒီမှာနေတာလား “

“ ဟုတ်တယ်ဗျ ကျနော် ဒီဖက်မှာရောက်နေတာ ကြာပြီ “

“ လတ်မှတ်ဖြတ်ပြီးပြီးလား ရန်ကုန်ကနေပဲ ပြန်မှာမို့လား “  

“အင်းရန်းကုန်ထိ မလိုက်တော့ဘူး ဘုရားကြီးမှာ ဆင်းမယ်

အဲ့ဒီကနေပဲ ရန်ကုန်ကထွက်လာတဲ့ ကားပဲစောင့်စီးတော့မယ် “

“ တို့လဲ အဲဒီတိုင်း စီးရင်ရလာ ငါတို့ကတော့ ရန်ကုန် ကနေမှ

တစ်ဆင့်သွားတတ်တာ ဒီဖက်ကိုလဲ ခုမှရောက်ဖူးတာပဲ”

“ရတာပေါ့ဗျာ ရန်ကုန်ထိလိုက်သွားရင်လဲ ပြီးတော့

ဘုရားကြီးဖက်ကို ပြန်ရောက်တာပဲ လူပင်ပန်းတာပေါ့”

“ဒါဆိုကားလက်မှတ် ဖြတ်လိုက်ဦး တော်ကြာနေခုံမရလို ဒုက္ခရောက်နေဦးမယ်”

“ ပြီးမှ လက်ဖက်ရည်လေး ဘာလေးသောက်ရင်း စကားပြောကြတာ့ပေါ့”

 ထိုမှစ၍ လက်ဖက်ရည်ဆိုင် ထိုင်ရင်း ပြီးနောက် ကားစီးကြရင်း ကိုခင်မောင်ထွန်းတို့ သုံးဦးသား၏ ဖြစ်ပုံပျက်ပုံ အလုံးစုံကို

စိတ်မကောင်းခြင်း ကြီးစွာခြင့် နားထောင်ခဲ့ရပါသည်။ ရွာမှာ မရှိ ရှိတာလေးရောင်းချ အတိုးယူတဲ့လူကယူ ဒီလိုနဲ့

ဘန်ကောက်ကို အလုပ်သွားလုပ်ဖို့ ပွဲစားအဆက်အသွယ်  ဖြင့်လိုက်ပါ လာခဲ့ကြခြင်းဖြစ်သည်။ ပွဲးစားဆိုသည်မှာတော့

စကားပြောအင်မတန် ကောင်းတာလူတိုင်းအသိပါ။ ဘာတွေလုပ်ရမယ် ဘယ်လောက်ရမယ် စသဖြင့်ပေါ့။

ကိုယ့်ရပ် ကိုယ့်ဒေသမှာ အလုပ်အကိုင် မကောင်းလို့ အဆင်မပြေသူများ အတွက်ထွက်ပေါက်

ရမလားဆိုပြီး အားကိုးမိရာက ဒုက္ခရောက် ကြသူတွေမနည်း။ အဆင်ပြေသွားတဲ့ လူများလည်း ရှိပါ၏။

ထိုက အနည်းငယ်မျှသာဖြစ်၏။ ကိုခင်မောင်ထွန်း တို့မှာ တစ်လလောက်ပဲ  ကြာမယ် မြဝတီ မှာနေပြီး

ပတ်စ်ပို့စ် လုပ် ဗီဇာလျှောက်ပြီး ဘန်ကောက်ကို သွားရမယ်ဆိုပြီး လိုက်လာခဲ့ခြင်းဖြစ်သည်။

ပွဲးစားခ သုံးသိန်းသုံးသောင်း ပေးရသည်ဟု သိရပါသည်။ ဘန်ကောက်မှာ ရောက်တဲ့အခါ အလုပ်လုပ်ရင်းဖြင့်

အကြွေးက တစ်လကို ဘတ် တစ်ထောင်နှုန်းဖြင့် ဆယ့်နှစ်လကြာ ၁၂၀၀ဝ ပြန်ဆပ်ရမည်။(၁ ဘတ်= မြန်မာ ၂ရ ကျပ်ဝန်းကျင်)

ပတ်စ်ပို့စ် လုပ်ခဘာခပေါ့ဗျာ။ မြဝတီ မှာနေစဉ် နေရေးစားရေး စီစဉ်ပေးမည် ဟုဆိုသော်လဲ။ နေရထိုင်ရတာက အဖြစ်

အမိုးသာပါ၍ အကာမပါသော အဆောက်အဦးထဲ၌ နေရသည်။ စားရေး စီစဉ်ပေးသည်ဆိုမှာလဲ တစ်ရက်ကို ထမင်း

နှစ်နပ်ကျွေးသည်။ နေ့လယ်စာကို နေ့လယ် ၁၂ မှာကျွေးပြီး ညစာကို ည ရ နာရီမှာ ကျွေးသည်။ အစပိုင်းမှာတော့

အသားဟင်းတစ်မျိုး နှင့် ဟင်းကြမ်းပါသည်ပေါ့။ နောက်တစ်လ လောက်ကြာလာတဲ့အခါမှာ အသားဟင်း

ပါမလာတော့ ကြက်ဥ ပြုတ်တစ်လုံးနှင့်သာ နှစ်ပါးသွားရသည်က များလာသည်။ ထိုနောက် ဟင်းမကျွေးတော့

တစ်ရက်အတွက် ဟင်းဖိုး ၅၀ဝ ပေးသည့်ဟုသိရပါသည်။ သူတို့ကတော် သေးသည်ဟုမြင်မိသည်။ အခြားကျနော်

တွေ့ဖူးသော သူများမှာ တစ်ရက်ကို ဟင်းဖိုး ၄၀ဝ ပေး၍ ထမင်းဖြူ နေ့လယ်တစ်ထုပ် ညတစ်ထုပ်ပေးသည်ဟု

ပြောပြသောတစ်ဖွဲ့ ကိုလဲတွေ့ဖူးပါသည်။ အဆိုးဆုံး အနေဖြင့် ထမင်းလုံးဝ မကျွေးတော့ပဲ မိမိအစီအစဉ်ဖြင့်

မိမိဝယ်စားနေရ သူများလဲရှိပါသည်။ ကိုခင်မောင်ထွန်းတို့ အဖွဲ့မှာ မြဝတီရောက်လို့ တစ်လလောက်ကြာပြီးနောက်

တစ်ပတ်လောက်နေသွားရမည်။ ငါးရက်လောက်နေသွားရမည်ဖြင့် ၄ ကျော်ကျော်လောက် မြဝတီတွင် အစားအသောက်

အဆင်မပြေဖြင့် ခုက္ခခံခဲ့ရကြောင်း။ အတူတူ သွားဖို့ အားလုံးပေါင်းအဖွဲမှာ အယောက် ၁၀ဝ ကျော်ကြောင်း။

ထိုအထဲ၌ ပွဲးစားခ ၄ သိန်း ၊ ၅ သိန်း အများဆုံး ၈ သိန်းအထိ ပေးခဲ့ရသူများ ပါဝင်ကြောင်း။ အနည်းဆုံး

ပေးရသူကတော့ နှစ်သိန်းခွဲဖြစ်ကြောင်း။ ကိုခင်မောင်ထွန်းတို့ သုံးယောက်မှာမူ သုံးသိန်းသုံးသောင်စီပေးခဲ့ရပြီး။

နံနက်စာအတွက် အပြင်မှာစားရတဲ့ စရိတ် အထွေထွေ အသုံးစရိတ်များ ပေါင်းလိုက်ပါမူ အားလုံးပေါင် ၆ သိန်းလောက်

ကုန်ကျခဲ့ကြောင်း။ ဒီလေးလလောက် အတွင်းမှာ အလုပ်မလုပ်ရတဲ့အတွက် ဝင်ငွေမရသည်က တစ်ခါနာ

၆ သိန်းလောက်ကုန်ခဲ့လို တစ်ခါနာ မိအေး နှစ်ခါနာ အဖြစ်နှင့် ကြုံတွေ့ ပုံများကို ပြောပြကြပါသည်။

နောက်ဆုံး ဘုရားကြီးမှ နေ၍ကားစောင့်ကြသောအခါ ရန်ကုန် မန္ဘလေး အဝေးပြေးကာက အရင်ရောက်လာပါသဖြင့်

ကိုခင်မောင်ထွန်း ၊ ကိုဇော်နိုင် ၊ ကိုကျော်မျိုးတို့အား နှုတ်ဆက်စဉ် ကိုဇော်နိုင်မှ ငါ့ညီ မိုဘိုင်း မင်းလိမ်လိမ် မာမာနေနော်

အသက်အရွယ်ငယ်တုန်းမှာ လုပ်စရာရှိတာကို ကြိုးစားထား မဟုတ်ရင် အသက်ကြီးမှ ဒုက္ခရောက်လိမ့်မယ်

အခုငါတို့ကိုကြည့်ကွာ အဆင်မပြေတဲ့ကြားထဲ အကြွေးတင်ခံပြီးလာရတာ အခုရွာကို

ဘယ်လို မျက်နှာနဲ့ ပြန်ရမယ်တောင်မသိတော့ပါဘူးကွာ ဟု ကိုဇော်နိုင်ရဲ့ အားငယ်စွာဖြင့် ပြောကြားလိုက်သော

ဆုံမစကားနှင့်တကွ ညည်းညူသံလေးကို စိတ်ထဲမှာ အထပ်ထပ်ကြားယောင်ရင်းဖြင့် မန္တလေး သို့ရောက်ခဲ့ပါသည်။

တစ်ရွာမပြောင်း သူကောင်းမဖြစ် နှင့်ှ သေချင်တဲ့ကျား တောပြောင်း ခဲ့မိသော……………………….

+++++++++++++++++++++++++++++++++++++++++++++

တစ်ခါက ကြုံတွေ့ ဖူးသော အဖြစ်အပျက်လေးကို မိမိရေးတတ်သလောက် ပြန်လည်ရေးဖွဲ့ ထားခြင်းဖြစ်ပါသည်။

အားပေးသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေခင်ဗျာ။

“လက်တည့်စမ်းတဲ့မောင်”

12-12-2012 , 12 AM အမှတ်တရ

soemoe.myint19@gmail.com

 

 

8 comments

  • ဗုံဗုံ

    December 12, 2012 at 9:28 am

    ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ် ကိုမိုဘိုင်းရေ
    အစစ အရာရာ အဆင်ပြေပါစေနော်

    Reply

    • Mobile

      December 12, 2012 at 8:25 pm

      အန်တီရေ ဖတ်ပြီ စိတ်မကောင်း ဖြစ်မနေပါနဲ့ မိမိ ပတ်ဝန်းကျင်မှာ မိမိ လက်လှမ်းမှီသလောက်
      ဒီလို ဒုက္ခရောက်နေတဲ့လူတွေကို အစစ အရာရာ မဖြစ်သင့်တာ မဖြစ်ရလေအောင် မိမိတတ်စွမ်းသမျှ
      ကူညီရိုင်းပင်၍ လက်တွဲခေါ်ဖို့ လိုအပ်မယ်လို့ တွေးမိပါတယ်။
      ပထမဆုံး ကွန်မန်း လေးအတွက်ကော ယခုလို စောင့်မျှော် ဖတ်ရှု့အားပေးတဲ့အတွက်ရော
      ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

      Reply

  • MaMa

    December 12, 2012 at 11:02 am

    အောင်မြင်သွားသူအတွက်….
    တရွာမပြောင်း သူကောင်းမဖြစ်လို့ ပြောကြပြီးးးးးးးးးး

    ဆုံးရှုံးနစ်နာသွားသူတွေအတွက်…….
    သေချင်တဲ့ကျား တောပြောင်းလို့ ဆိုကြပေမယ့်………

    မပြောင်းခင်အချိန်မှာ ဘာဖြစ်မယ်မှန်း မသိပဲ စွန့်စားကြရတာမို့……..

    တရွာမပြောင်း သူကောင်းမဖြစ်နဲ့
    သေချင်တဲ့ကျား တောပြောင်းဆိုတဲ့ စကားပုံ၂ခုကို ဇဝေဇဝါ ဖြစ်နေတာ ကြာပြီ။
    :eee:

    Reply

    • Mobile

      December 12, 2012 at 8:30 pm

      ညီမလေးရေ
      မြန်မာစကာ ပုံတွေနဲ့ ပတ်သတ်လို့ကတော့ ဘာမှ စိတ်ထဲထားနေလို့ မရပါဘူး။
      ဘာဖြစ်လို့လဲဆိုတော့ ဖြစ်လေ့ရှိတဲ့ ဖြစ်တတ်တဲ့ အရာတိုင်းမှာ စကာပုံတွေက ရှိနေလို့ပါပဲ။
      ဖြစ်သွားတဲ့ ရလဒ်ပေါ်မှာမူတည်ပြီး သူနဲ့ကိုက်ညီမယ့် စကာပုံနှင့် ခိုင်းနှိုင်းကြတာပဲ ဖြစ်ပါတယ်။
      ယခုလို ဝင်ရောက်အားပေး တဲ့အတွက် ကျေးဇူးပါခင်ဗျာ။

      Reply

  • kai

    December 12, 2012 at 12:41 pm

    ရှေးကတောသားတွေ.. ပြောတဲ့ဆိုရိုး.. ပစ်ထားလိုက်ပြီး.. လုပ်စရာကို..ခေတ်နဲ့ညှိ ပညာနဲ့တွေးလုပ်ဖို့လိုပါလိမ့်မယ်.။
    ရှေးကတောသားတွေလို့.. ပြောရတာက..
    ကျားတွေ..တောတွေ.. ရွာတွေနဲ့ စာသားတွေထည့်သုံးထားတာမို့ပါ. :kwi:

    ဆိုတော့..
    ကျားတကောင်ဒေါ်လာ ၂သောင်းလောက်တန်မယ်ထင်တယ်..

    Bengal tiger for sale – asking price $20,000 | KING5.com Seattle
    http://www.king5.com/archive/59747262.htmlShare
    Aug 15, 2009 – Bengal tiger for sale – asking price $20,000. Credit: Paul Koehnke/KREM 2. Nine-year-old Bengal tiger named “Lilly” can be bought for $20,000

    တောပြောင်းတဲ့ကျား.. မသေရင်.. အရှင်ဖမ်းရောင်းစားပြီး…
    သေရင်.. အရေခွံဆုပ်ရောင်းဖို့ပါပဲ..။
    အစွယ်..အရိုးတွေလည်း.. ချိုင်းနားရောင်းစားရင် ဈေးကောင်းရတယ်ဆိုကြပါတယ်..

    ရောင်းမှတော့.. ရွာကနေမြို့တက်… မြို့ကနေနိုင်ငံခြားအထွက်နိုင်ရင်အကောင်းဆုံးပေါ့..။
    အဲဒါနဲ့..အမြင်ကျယ်လာတဲ့အခါ.. တခြားအလုပ်လုပ်ရင်း.. နိုင်ငံခြားအခြေချဖြစ်လည်း.. ချဖြစ်မယ်ပေါ့..။

    စကားအတင်းစပ်..
    ဒီကမ္ဘာကနေ.. အင်္ဂ ါဂြိုလ်သွားရင်.. အာကာသယဉ်လက်မှတ်ခ ဒေါ်လာ၅သိန်းလောက်ကျမယ်မှန်းထားတယ်တဲ့..

    Elon Musk Says Ticket to Mars Will Cost $500,000 | Autopia | Wired …
    http://www.wired.com/…/elon-musk-says-ticket-to-mars-will-cost-50...
    Mar 21, 2012 – Serial entrepreneur Elon Musk says SpaceX is developing a plan for trips to Mars that will eventually cost just $500000 per seat. Musk founded …

    အဲဒါ…
    ကမ္ဘာကနေ.. အဂ င်္ါဂြိုလ်ပြောင်းရင်. ဟိုမှာဘာဖြစ်မယ်မသိသေးဘူး.. ခရီးကုန်ကျစရိပ်ပါတဲ့..
    အဲ..
    ဗီဇာလျှောက်ရမယ့်ပုံတော့.. မရှိဘူး..
    ဟိုက..မာရှန်တွေက.. ကြည့်ရတာ.. တောသားတွေနဲ့တူတယ်..။
    လူတွေဒီလောက်လာရှုပ်နေတာ.. ဘာမှအကြောင်းမပြန်သေးဘူး.. :kwi:

    မှတ်ချက်…။ ။၁၂၁၂၁၂အမှတ်တရ.။

    Reply

    • Mobile

      December 12, 2012 at 8:43 pm

      သူကြီး (အစ)
      ဥက္ကဌ (အလယ်)
      ကျေးရွာအုပ်ချုပ်ရေးမှူး (ယခု)
      အဆင့်ဆင့်ပြောင်းလဲလာသော မြန်မာနိုင်ငံ၏ ရာထူးအမည်များဖြစ်ပါသည်။
      ထိုသုံးခုထဲမှ မိမိကြိုတ်နှစ်သက်သည့် အမည်ဖြင့် ခေါ်ဆိုခံရသည် ဟုမှတ်ပေးပါ
      ————–ရေ
      ယခုလို ဝင်ရောက်အားဖြည့်ပေးသွားတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း………
      အင်္ဂ ါဂြိုလ် အလည်အပတ်သွားရင် အာကာသယာဉ် လှက်မှတ်ခ ပဲကုန်မယ်ဗျ
      ဘာဖြစ်လို့လဲ ဆိုတော့ လမ်းမှာ ဘယ်စားသောက်ဆိုင်မှ ဝင်စရာမရှိသလို ပြန်လာရင်လဲ
      လက်ဆောင်ပစ္စည်းတွေ ဘာတွေ ဝယ်ခဲ့စရာမရှိဘူးလေ . . . . . .

      Reply

  • မောင်ပေ

    December 12, 2012 at 8:17 pm

    ဇာပ်သိမ်း
    ကြက်စိမ်း
    တက်ကိန်း
    ဖက်သိမ်း
    ရွက်ဘိန်း
    ကပ်မှိန်း

    Reply

  • Mobile

    December 12, 2012 at 10:31 pm

    mိုေu ရေ
    ဇာပ်သိမ်းလေးကို ကြက်စိမ်း စားပြီး တက်ကိန်းတွေ ဖျက်သိမ်း
    ရွက်ဘိန်းနဲ့ ကပ်မှိန်းရင်းမှ အခုလိုလာရောက် အားပေးခဲ့တဲ့အတွက်
    အထူးကျေးဇူးတင်ရှိပါကြောင်း . . . . . . .

    Reply

Leave a Reply

Your email address will not be published.