တောင်ကြီးကွန်ပြူတာ အဆောက်အအုံပြိုကျ

Yin Nyine NwayJuly 16, 20101min02

တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်တွင် အသစ် ဆောက်လုပ် လျက်ရှိသော ကျောင်းဆောင် အဆောက် အအုံသည် ဇူလိုင်လ ၉ ရက်နေ့က ပြိုကျသွားကြောင်း သတင်းရရှိသည်။

တာဝန်ယူ ဆောက်လုပ်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီက အဆိုပါ အဆောက်အအုံကို တက္ကသိုလ် တာဝန်ရှိသူများထံသို့ လွှဲပြောင်းခြင်း မပြုမီ ပြိုကျသွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တောင်ကြီး ကွန်ပျူတာ တက္ကသိုလ် တာဝန်ရှိသူများသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော် လည်း ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။

တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်မှ အမည် မဖော်လိုသူ နည်းပြတဦးကမူ“ဆောက်လက်စ အဆောက်အအုံကြီး ပြိုကျ သွားတာပါ။ ထိခိုက် ဒဏ်ရာရတာတော့ တယောက်မှ မရှိပါဘူး” ဟု ပြောသည်။

ပြိုကျသွားသည့် အကြောင်းအရင်းကိုမှု ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်သည် တောင်ကြီးမြို့၏ တောင်ဘက် ၄ မိုင် အကွာတွင် တည်ရှိသည်။

တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်ကို ၂၀၀ဝ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် အစိုးရ ကွန်ပျူတာ ကောလိပ်အဖြစ် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀ရ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။

ရှမ်းပြည်နယ်တွင် နည်းပညာ တက္ကသိုလ် ၄ ခု၊ ကွန်ပျူတာ တက္ကသိုလ် ၄ ခု၊ ပညာရေး တက္ကသိုလ် ၁ ခုနှင့် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် ၄ ခုရှိသည်။

စစ်အစိုးရ သတင်းစာများက ဖော်ပြသည့် အချက်အလက်များအရ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံတဝန်း၌ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းပေါင်း ၁၉၂ ကျောင်းအထိ တိုးချဲ့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာ ပညာရေးသည် နိုင်ငံတကာ အဆင်အတန်း မီကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း တက္ကသိုလ်နှင့် ကျောင်း အရေအတွက်သာ တိုးလာခြင်းဖြစ်ပြီး အဆင့်အတန်း ပြည့်မီခြင်းမရှိဟု လေ့လာသူများက ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် လူထု အုံကြွမှုအပြီး နိုင်ငံတဝန်းလုံးရှိ ကျောင်းများ၊ တက္ကသိုလ်များကို ၂ နှစ်ခန့် ပိတ်ထားခဲ့ပြီး ၁၉၉၆ ခုနှစ်တွင်လည်း ကျောင်းသား လှုပ်ရှားမှုကြောင့် စစ်အစိုးရက တက္ကသိုလ်များကို ၃ နှစ်ခန့် ပိတ်ထားခဲ့သည်။

၁၉၉၉ ခုနှစ်မှ စတင်၍ နိုင်ငံတဝန်းလုံးတွင် တက္ကသိုလ်ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ဝိဇ္ဇာ၊ သိပ္ပံ ရိုးရိုးဘွဲ့များအတွက် သင်တန်းကာလကို ၄ နှစ်မှ ၃ နှစ်သို့ လျှော့ချ သတ်မှတ်ခဲ့သည်။

2 comments

  • shattermoon

    July 16, 2010 at 9:58 am

    ထုံးနဲ့သဲစပပြီးဆောံမှတော့ မပြီးသေးမအပ်သေးခင်ပြိုတာတော်သေးတာပေါ့
    “ နိုမို့ဆို အစုလိုက်အပြုံလိုက်သတ်မှာ/ အဲ… သေကုန်မှာ

    Reply

  • chitsayar

    July 17, 2010 at 3:42 pm

    သင်္ခါ ရပါ ကိန်ကန်

    Reply

Leave a Reply

Your email address will not be published.