ရပ်စဲပေးပါ

ကာရံDecember 3, 20121min014

စစ်မြေပြင်မှာ အချစ်ရေစဉ်တိုက်ကျွေးရမှာလား

ပစ်လွှတ်လိုက်တဲ့ ကျည်ဆံတွေကြားမှာ

မင်းရဲ့ ရင်ခုန်သံမသာယာတာတော့ အမှန်ဘဲလေ

အကျည်းတန်ဆန်တဲ့ စစ်ပွဲတွေကြောင့်

မေတ္တာတွေလဲ အရောင်ပြောင်းကုန်ပြီနော်

အရှုံးကြောင့် အမုန်းဆိုတာစတင်လာခြင်းလား

အငြိုးကြောင့် အပြုံးတွေလဲပျောက်ကွယ်ရခြင်းလား

အနိုင်လိုချင်တဲ့မင်းရဲ့စိတ်ကတော့ ဘယ်တော့မှ ထိန်းမရတဲ့

မိုင်းတစ်လုံးအလား စနက်တန်ဖြုတ်ပြီးမှ ပြန်တက်ဖို့မလွယ်ကူတဲ့

မင်းရဲ့ အတ္တ မာနတွေအောက်မှာ အခုတော့ အပြစ်မဲ့တဲ့နှလုံးသားတွေလဲ

အပြုံးများပျောက်ကွယ်ကုန်ကျပြီနော်

ရင်ခွင်မဲ့တော့မဲ့ သူတွေရဲ့လက်ထဲမှာတော့ အမှောင်ပျိုးတော့မယ့် အလင်းပမာ

ချစ်ခြင်းတရားတွေလဲ အနောက်အရပ်လို့ လျှိုးကွယ်ကြကုန်ပြီ

ကြည့်စမ်းပါဦး ဒီတစ်ညတော့ ကြယ်တွေလဲပျောက် လမင်းလည်းပျောက်

အော် ချစ်ခြင်း မုန်းခြင်း ပူဆွေးခြင်းတွေသာ အနားသို့ ရောက်လာရပြီဘဲလေ

ပိတောက်မိုး

14 comments

  • Inz@ghi

    December 4, 2012 at 10:16 am

    ခေါင်းစဉ် ဖတ်ရင်း နဲ့ ကြက်သီးထသွားတယ်…ဟီး …

    ရပ်ဆဲ ပေးပါဆိုတော့ …

    ဟိုကိစ္စ များ မတ်တပ်ရပ် ထဆဲ ခိုင်းထားသလားလို့ ….
    မဟုတ်လို့ တော်သေး ဝှူး…

    ရပ်စဲ ပေးပါ

    လုပ်ပါဆြာရယ်…

    :harr:

    Reply

    • surmi

      December 4, 2012 at 10:31 am

      ကျုပ်လည်း ပိတောက်မိုးများ လိုင်းပြောင်းသွားသလားလို ့… :hee:
      ခွင် ့လွှတ်ညီလေးရေ …. ကျုပ်တို ့လည်းခုတလော ဂယောင်ခြောက်ခြားဖြစနေလို ့
      အလင်းဆက်ရဲ ့ဘော်ဘော်ဆိုတာသိပါတယ် ဖတ်လည်းဖတ်ဖြစ်ပါတယ်
      ကော့်မန် ့သာမရေးဖြစတာပါ
      အားပေးနေပါ ့မယ်

      Reply

    • Mr. MarGa

      December 4, 2012 at 5:10 pm

      ဦးမာဃလဲ အဲလိုထင်သွားတာ
      အင်းးးးးးးးးးးး သတ်ပုံအဖွဲ့ ကို ပြောရုံတင်မက ပြင်ပေးခိုင်းမှ ထင်တယ်
      နောက်တာနော်

      Reply

  • ခင်ခ

    December 4, 2012 at 10:46 am

    ကိုပိတောက်မိုးရေ ဘာတွေများ ဆဲ ပေးရမလဲလို့ ဝင်ဖတ်ဖြစ်တာပါ။
    ကြယ်တွေလင်း လမင်းထွန်း တဲ့နေ့တွေ ရောက်ပါစေနော်။

    Reply

  • candle .

    December 4, 2012 at 11:22 am

    အကျည်းတန်ဆန်တဲ့ စစ်ပွဲတွေကြောင့် မေတ္တာတွေလဲ အရောင်ပြောင်းကုန်ပြီနော်..တဲ့..မိုက်တယ်..
    အနောက်အရပ်သို ့ လျှိုးကွယ်သွားတဲ့ ချစ်ခြင်းတရားတွေ အမြန်ပြန်တွေ ့နိုင်ပါစေ….

    Reply

  • padauk moe

    December 4, 2012 at 4:52 pm

    အားပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ လိုင်းမပြောင်းသေးပါဘူးဗျ ကားကျပ်ကျပ်မတိုးရဲ့သေးလို့ပါ ရန်ကုန်ပြန်ရောက်ရင် ကားစီးရတဲ့ဒုက္ခကမသေးဘူးလေ ဟီးဟီး………….

    Reply

  • အတွေးလှလှလေးတွေနဲ့ ကဗျာဖွဲ့နေတဲ့ ပိတောက်မိုးရေ
    စေတနာနဲ့အကြံပေးချင်ပါတယ်။

    ကဗျာဆိုတာ စကားလုံးအလှကို ခံစားရတဲ့ အရာတစ်ခုပါ။
    စကားလုံးကို အင်အားပြုတဲ့ဘာသာရပ်ပေါ့။
    အဲတော့ စကားလုုံးတစ်လုံးချင်းစီမှာကို အနက်အဓိပ္ပါယ်တွေကွယ်ဝှက်မူ့တွေနဲ့
    ပြည့်နှက်နေပါတယ်။
    အဲတော့ စကားလုံးရဲ့ သတ်ပုံ လွဲသွားရင် အနက်လဲ လွဲသွားပါတယ်။
    ပိတောက်မိုး ကဗျာတွေမှာ စာလုံးပေါင်းသတ်မှား မှားနေတာ တွေ့ရပါတယ်။
    အဲတော့ ကဗျာရေးမယ်ဆိုရင် သတ်ပုံတွေကိုလေ့လာစေချင်ပါတယ်။

    အခုကဗျာဆိုရင်
    ရပ်စဲ= ဆက်လက်မလုပ်တော့
    ရပ်ဆဲ=ရပ်နေတုန်း သို့မဟုတ် မတ်တတ်ရပ်၍ဆဲသည်

    လို့ အနက်ထွက်တော့ စကားလုံးကို ဂရုစိုက်စေချင်ပါတယ်။
    ခင်လို့ပြောတာပါ၊

    Reply

  • padauk moe

    December 4, 2012 at 9:35 pm

    အခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ နောက်ဆိုသတိထားရေးပါ့မယ် ဆက်လက်ပြီးဝေဖန်ချက်များကို လေးစားစွာ လက်ခံပါတယ်ဗျာ

    Reply

  • မောင်ပေ

    December 4, 2012 at 10:05 pm

    ရပ်စဲပေးပါ
    ကြက်ဘဲဈေးမာ
    ဝှက်ဖဲဘေးမှာ
    လက်ရဲဆေးလာ
    ဆက်ပဲကျွေးဟာ

    Reply

  • P chogyi

    December 5, 2012 at 11:13 am

    အပေါ်မှာ အကြံပေးတဲ့သူတွေများလို့
    နိုမို့ဆိုရင်
    ရပ် ဆဲ သွားမှာ။

    Reply

  • etone

    December 5, 2012 at 12:54 pm

    ရပ်ဆဲပေးပါဆိုလို့ ……… ထိုင်ပြီး ဆဲမလို့ဝင်လာဖတ်တာ …… ဟီးးးးး
    အပေါ်မှာ ဂီစိန် ပြောသွားခဲ့ပြီးပြီ …စာလုံးပေါင်းကြောင့် အဓိပါ္ပယ်ပြောင်းသွားတာကိုုး ။ ခိခိ :mrgreen:

    Reply

  • အလင်း ဆက်

    June 28, 2013 at 10:02 pm

    ကဲ..ကဲ…
    မကြီးစိုးရေ..
    ငါ အခုမှ မြင်မိလို ့.. ပြန် ပြင်ပေးခဲ့တယ်အေ…..

    ညည်းနှယ်…

    ရပ် ပြီး.ဆဲ မိတော့မလို ့…

    Reply

  • အလင်း ဆက်

    June 28, 2013 at 10:03 pm

    ညည်း ကဗျာတွေ အကုန်လုံးက..
    poetry ထဲ..မှာ မရှိ ။
    အခုမှ လိုက်ထည့်ပေးနေရတယ် ။ ညောင်းလိုက်တာ..။။
    ညည်းပြန်လာခဲ့…
    ငါနဲ ့တွေ ့မယ် ။
    အုန်းအုန်းထ သွားအောင်… ဝုန်းပြ မယ်..

    Reply

Leave a Reply

Your email address will not be published.