“ဗေဒင်” “သုတိလဘိဝေဇာရာန” မဟာကျမ်းတော်ကြီးအတိုင်း

MgMobileDecember 3, 20121min011

အာလုံးပဲမင်္ဂလာပါခင်ဗျာ။

ယခုဗေဒင်ကဏ္ဍလေးကတော့ ကျနော်လည်း တတ်လို့ကျွမ်းကျင်လို့ ရယ်တော့မဟုတ်ပါဘူး

ကျနော်ဆီမှာရှိနေတဲ့ ကျမ်းစာအုပ်တစ်အုပ်ကို အခြေခံပြီး နားလည်သလောက်ဟောကြားပေးမှာ

ဖြစ်ပါတယ်။ ဒီကဏ္ဍလေးကို စိတ်ပါဝင်စားမေးမြန်းလိုတယ် ဆိုပါက ….

အမည် ——————————–

မွေးရက် အချိန်(မြန်မာသက္ကရာဇ်)————————

အဓီက မေးမြန်းလိုတဲ့ အကြောင်းရာ အပြည့်အစုံ ရေး၍  4-12-2012 Tue မှ 5-12-2012 Wed

8:00 am မှ 10:00 pm အတွင်း comments ဖြင့်တိုက်ရိုက်မေးမြန်း နိုင်ပါကြောင်း . . . . . . . . .

(မချွင်းမချန် ပညာကုန်ဟောကြားပေးပါမည် )

11 comments

  • ဘဲဥ

    December 4, 2012 at 11:57 am

    ဟုတ်ကဲ့ မေးပါ့မယ်ခဗျာ
    ကျနော့ရဲ့ အမည်နဲ့ မွေးသက္ကရာဇ်ကို သိချင်ပါတယ်ခည :harr:

    Reply

  • Mobile

    December 4, 2012 at 12:15 pm

    ဟဲ့မောင်ရင် အဲ့ဒီလိုမျိုးဟုတ်ဘူးလေ ဒိကအကြားအမြင်ဆရာမှ မဟုတ်တာ
    ကျမ်းစားအုပ်ထဲ ကအတိုင်းဟောမှာဖြစ်ပါတယ် . . ..

    Reply

  • mlphyoe

    December 4, 2012 at 1:49 pm

    ကျမက 4/12/1969 ဖွားပါ။သား နှစယောက်မိခင်ပါ
    မောင်လေးမြင်သလောက်ဟောပေးပါနော်

    Reply

  • mlphyoe

    December 4, 2012 at 1:58 pm

    နာမည်ကျန်သွားတယ်
    မာလာပြည့်ဖြိုးပါ

    Reply

  • Mr. MarGa

    December 4, 2012 at 5:32 pm

    ဦးမာဃ၏ နတ်သမီး ဘယ်ငါးရာ + ညာ ငါးရာ အတွက် ဗေဒင် မေးလိုပါသည်။
    လက်ခံပါက တာဝတိံသာသို့ ကြွခဲ့ပါ
    အပြန်စရိတ် တာဝန်ယူပါမည်။ :mrgreen:

    Reply

    • Mobile

      December 4, 2012 at 5:39 pm

      တန်ဆောင်မုန်းလပြည့်နေ့ရောက်သည့်အခါတိုင်း၌ တာဝတိ ံသာသို့ စိတ်ဖြင့်သွားရောက်လည်ပတ်
      ခြင်းအမှု ပြု့လုပ်ပါသည်။ ထိုအခါကြုံကြိုတ်ပါက ဟောကြားပေးမည်ဖြစ်ပါသည်။ ယခုအခါ၌
      လာရောက်ဟောကြားခြင်းမပြုနိုင်သည်ကို ခွင့်လွတ်ပေးကြပါရန်။
      (ကျမ်းစာအုပ်အား ရရှိလိုပါက ကလောင်တံ ပေရွက်အပြည့်အစုံယူခဲ့ပြီး မည်သူမဆို အခမဲ့ လာရောက်
      ကူးယူနိုင်ပါသည်)
      မှတ်ချက်။ ။ ကျမ်းတော်ကြီးမှာ ပေစာပေါ်တွင်ကူယူခြင်း ပြုပါမှကျမ်းစာ၏ မူရင်းကို ဖော်ကြူးနိုင်မည်။

      Reply

      • Mr. MarGa

        December 4, 2012 at 5:43 pm

        ခွေးသားရေ ပုရပိုက်နဲ့ ကူးချင်တယ် ရမလား

        Reply

  • Mobile

    December 4, 2012 at 5:33 pm

    ၄-၁၂-၁၉၆၉ မှာဖွားတဲ့ မမာလာပြည့်ဖြိုးထွန်းအတွက် ကျမ်းတော်ကြီးမှာ ဖွင့်ဆိုထားတာက-
    အမျိုးကောင်းသား အမျိုးကောင်းသမီး တစ်ယောက်ဖြစ်ပေတယ်။
    မိဘမျိုးရိုးက ဂုဏ်သရေမြင့် အတန်းစားမဟုတ်ခဲ့ရင်တောင်မှာ သာမာန်ထက်မနိမ့်တဲ့ လူတန်းစား
    မျိုးရိုးဇာတိဖြစ်ပေတယ်။
    တည်ငြိမ်ရင့်ကျက်တဲ့ အတွေအခေါ်တွေနဲ့ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းသွားလာဖို့
    စိတ်အားထက်သန်တဲ့ အယူအဆပြည့်ဝသူဖြစ်တယ်။
    ပျော်ရွင်ကြည်နူးစရာ ဘဝအခိုက်အတန့်များကို အကြိမ်ကြိမ် ကြုံတွေ့ဖူးခဲ့သလို ဆိုဆိုးရွားရွား
    အခိုက်အတန့်များကို ပိုမို၍ ကြုံတွေ့ဖူးခဲ့ ပေလိမ့်မည်။
    ရှေဆက်ရမယ့် အနာဂတ် အတွက်ဖွင့်ဆိုထားသည်မှာတော့ . . .
    ဘဝကို အဆင်ပြေချော့မွေစွာ ဖြတ်သန်းသွားလာနိုင်ဖို့ အထူးကြိုးစာရပေလိမ့်မည်။
    နိမ်ချည်တစ်ခါ သာချည်တစ်လှည့်ဖြစ်တတ်တဲ့ လောကသဘာဝကြီးထဲမှာ စိတ်ဓာတ်ကျမသွားဖို့
    အထူးလိုအပ်ပေတယ်။ အောင်မြင်မှုတစ်ခုထက်ပိုမို၍ မရနိုင်သော ဇာဖွားဖြစ်ပေရာ။ အောင်မြင်မှု
    ရရှိလိုပါက ကြိုးစာ၍ ဖြစ်နိုင်သော်လဲ အလှည့်အပြောင်းများ၏ နောက်တွင် ကျရှုံးမှုကိုပဲ ရင်ဆိုင်ရမည်။
    မိမိအကျိုးပြု့ထားသည့်အရာများမှ အကျိုးခံစားခွင့်သည် မိမိပြုခဲ့သည်ထက်နည်းပေလိမ့်မည်။
    အသက်အရွယ်ကြီးရင်လာသည့်နှင့်အမျှ အလိုဘောဘ ပိုရှိလာနိုင်ရာ (မြန်မြန်ဆန်ဆန် သွားသော
    သူထက် ဖြေးဖြေးမှန်မှန် မရပ်မနား သွားသောသူက ခရီးတွင်သည်ဆိုသည့်အတိုင်း) အနည်းငယ်မျှ
    အရင်စိုက်ထုတ်၍ ပုံမှန်ကြိုးစားသွားခြင်းက မိမိဘဝအတွက် အကောင်းဆုံး ရလဒ်ကို ပိုင်ဆိုင်နိုင်ဖို့ အသင့်လျော်ဆုံး အနေအထားတစ်ခုဖြစ်ပေတယ်။ ဆင်းရဲးဖို့ဇာတာမှာတော့ မဖြစ်နိုင်သလောက်နည်း
    ပါးသော်လည်း အထွတ်အထိပ် ရောက်ဖို့အခြေအနေမှာလဲ အင်မတန်ခဲယဉ်းလွန်းလှပေသည်။
    မိမိလက်အောက်ငယ်သာ၏ စောင့်ရှောက်မှုကို အပြည့်အဝ အကျိုးခံစားခွင့်ရဖို့ လိုအပ်သည့်အချိန်တိုင်း
    မှာပြည့်စုံပါပေလိမ့်မည်။
    မှတ်ချက်။ ။ ကျမ်းတော်ထဲ၌ ပါဝင်သည်မှာ မည်သူမဆို ကံကောင်းလိုက ဗုဒ္ဓတရားတော်နှင့်အညီ
    ကျင့်ကြံနေထိုင်ခြင်းစီးပွား ရှာခြင်းမှ လွဲ၍အခြားသော ယတြရာ များကိုဖော်ပြမထားပါ။
    အထက်ပါဟောကြားချက်မှာ ကျမ်းတော်ထဲ၌ ပါဝင်သည့်အကြောင်းအရာအတိုင်း အတိအကျဟောကြား
    ပေးထားခြင်းဖြစ်ပါသည်။ စကားလုံးအသုံးအနှုန်းများကိုမူ ဖတ်ရှု့လေ့လာရာ၌ အဆင်ပြေစေရန်နှင့်
    ယခုခေတ်အသုံးအနှုန်းများနှင့် ထပ်တူကျစေရန် အနည်းငယ်ပြု့ပြင်ထားပါသည်။

    Reply

  • မောင်ပေ

    December 4, 2012 at 10:08 pm

    အဟမ်း
    ကျုပ် လာ့ဗေးဂတ် မှာ တစ်ဖက် စကီအလန်း ၃ပွေ အင်း အဲ့လောက်ပဲကောင်းပါတယ်
    အဲဒါ ဘယ်တော့လောက် လဲ ဆိုတာ

    Reply

  • Mobile

    December 5, 2012 at 12:47 am

    ကိုပေ အတွက်ဟောစာတမ်း
    ကျမ်းတော်၏အဖွင့်မှာ ………..
    ဖြစ်တော့ဖြစ်လာပေလိမ့်မည်။ အမိဝမ်းတွင်းမှဖွား ကိုပေ လိုလူစားမျိုးရဲ့ ကံဇာတာမှာ အနိမ့်အမြင့်
    အတက်ကျ အလူးအလွန့် လျှင်မြန်လွန်းပါသဖြင့် ကျရောက်မည့် အချိန်အခါကို ကောက်၍မရနိုင်ရာ
    မိမိကိုယ်တိုင်စမ်းသပ် စစ်ဆေး၍ သိရှိနိုင်ပါသည်။
    ၁။ဦးစွာပထမ ငွေဖလားတစ်လုံးယူပါ။
    ၂။နံသာရည် ငွေဖလားပြည့်လုနီးပါးအထိ ထည့်ပါ။
    ၃။ဇီးဖြူသီး အရွယ်ခန့်ရှိသော ကျောက်ခဲတစ်လုံးကိုရှာပါ။
    ၄။နံသာရည်ထည့်ထားသော ဖလားထဲသို့ နံနက် ၄းဝဝ နာရီတွင်တစ်ကြိမ်
    ည ၁၂း၃ဝ တွင်တစ်ကြိမ်း ထိုကျောက်ခဲ့အား ထည့်ကြည့်ပါ။
    ကျောက်ခဲသည် ရေပေါ်တွင်ပေါ်နေပါက သုံးရက်မြောက်သောနေ့တွင့် အလိုဆန္ဒများ
    အောင်မြင်ပေလိမ့်မည်။
    မှတ်ချက်။ ။“သုတိလဘိဝေဇာရာန” ကျမ်းတော်ကြီးထဲ၌ ရှာဖွေမတွေ့ရှိပါသဖြင့်
    ဗရုသုခပေါင်းစု ကျမ်းတော်၏ဖွင့်ဆိုချက်အတိုင်း ဟောကြားပေးထားခြင်းဖြစ်ပါသည်။

    Reply

  • mlphyoe

    December 5, 2012 at 7:53 am

    ကျေးဇူးပါပဲမောင်လေးရေ
    .

    Reply

Leave a Reply

Your email address will not be published.