အမှားတရံ အမှန်တရား

ကာရံNovember 25, 20121min02

အကြင်နာတရားတွေ ခေါင်းပါးလှချီလား

ရင်မှာတောင်းတမိတာ မေတ္တာတရားပါ

မင်းတို့ရဲ့နှုတ်ကထွက်တဲ့ သစ္စာဆိုတာတွေကို

ဘယ်အရာနဲ့တိုင်းတာချင်နေသေးတာလဲ နာကျင်နေတဲ့ နှလုံးသားကို မင်းတို့ရဲ့ သုံးမရတဲ့

လောဘတွေနဲ့ တစက်စက်ထိုးနှုတ်နေတုန်းဘဲလေ မောဟမျဉ်းပြိုင်ကြားမှာ

ငါလေ သောကတွေထွေးပိုက်ရင်း လျှောက်လှမ်းနေရတုန်းပါ

ကြင်နာပေးပါ နာကျင်မှုတွေမလိုအပ်တော့တဲ့ ဘဝလေးကို အပြုံးခွန်အားလေး

ပေးသနားလှည့်ပါကွာ တောင်းဆိုနေတာမဟုတ်ပါဘူး  တောင်းပန်မှုလေးပါ

ကူမယ့်သူမရှိပေမယ့်လဲ နားလည်မှုလေးတွေကိုတော့ မင်းတို့ ဖန်ဆင်းပေးနိုင်သေးတယ်ဆိုရင်

ဘယ်လောက်ဘဲ ပင်းပန်းတဲ့ လောကဒဏ်ဖြစ်နေပါစေကွာ  ငါ့ပုခုံးနဲ့ မင်းတို့အတွက်

ထန်းပိုးပေးနိုင်မယ်ဆိုရင် ကျေနပ်ပေးနိုင်ပါစေ

အေးချမ်းပါစေ ငြိမ်းချမ်းပါစေ ချစ်ရသောသူ ချစ်မိသူတွေ

ရင်မှာအစဉ်လန်း ဝမ်းမြောက်မှုတွေ ပိုင်လှည့်တော့လေ……..

ပိတောက်မိုး

2 comments

  • မောင်ပေ

    November 25, 2012 at 3:33 pm

    အမှန်တရား
    ပုဂံအသွား
    ပန်းရံကုလား
    အကျန်မစား
    ဆလံမများ
    တနံတလျား

    Reply

  • padauk moe

    November 25, 2012 at 3:41 pm

    ကိုပေရေလန်းတယ်ဟေ့

    Reply

Leave a Reply

Your email address will not be published.