အမျိုးသားများအသုံးအများဆုံး မုသားဆယ်ခွန်း

littlekaungJuly 15, 20101min00

အမျိုးသားများသည် အမျိုးသမီးများထက် မုသားစကားဆိုတတ်ကြပြီး ယင်းအတွက်လည်း
ရှက်ရွံ့မှု နည်းပါးကြကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြသည်။

လူ ၃၀၀၀ဝ ကို စစ်တမ်းကောက်ယူခဲ့ရာတွင် ပျမ်းမျှအားဖြင့်
ဗြိတိသျအမျိုးသားများသည် တစ်နေ့လျှင် မုသားစကားသုံးခွန်း ပြောကြားလေ့ရှိပြီး
တစ်နှစ်လျှင် စုစုပေါင်းမုသားစကား ၁၀၈၂ ခွန်းအထိ ပြောကြားကြကြောင်း စစ်တမ်းက
ဖော်ပြသည်။

အမျိုးသားများရော၊အမျိုးသမီးများပါ အများဆုံးပြောသည့် မုသားများထဲတွင် နံပါတ်

၁ဝ ချိတ်သည့်စကားမှာ ”အမြဲလိုချင်ခဲ့တာ အဲဒါပဲလေ”ဆိုသည့် စကားဖြစ်သည်ဟု
သိရသည်။တစ်ယောက်က တစ်ယောက်ကို လက်ဆောင်ဝယ်ပေးသည့် အခါတွင် ရရှိသူက တစ်ဖက်သား
စိတ်ကျေနပ်အောင် ကြိုက်ကြိုက် မကြိုက်ကြိုက်
ပြောသည့်စကားဖြစ်သည်။

အမျိုးသားများအသုံးအများဆုံး မုသားဆယ်ခွန်းမှာ

၁။ငါအများကြီး မသောက်ခဲ့ပါဘူး။
၂။ဘာမှမဖြစ်ပါဘူး၊ ရပါတယ်။
၃။မင်းအဆက်အသွယ် လုပ်တာမရလိုက်လို့ပါ။
၄။ဒါဈေးမကြီးပါဘူး။
၅။လမ်းမှာ(ရောက်တော့မယ်)။
၆။လမ်းပိတ်နေတာ။
၇။မဟုတ်ပါဘူး။ ပုံဆိုးပန်းဆိုးမဖြစ်ပါဘူး။
၈။ဆောရီး။ ငါမင်းဖုန်းဆက်တာမရလိုက်ဘူး။
၉။မင်းဝိတ်ကျလာတယ်နော်။
၁၀။အမြဲလိုချင်ခဲ့တာဒီဟာပဲ။

ref;forward

Leave a Reply

Your email address will not be published.