ကိုပေါက် လက်ဆော့ခဲ့တဲ့တောင်သမန်

1 ရေလည်က ကျောင်းဆောင်လေး တောင်သမန်အနောက်ဘက်ခြမ်း

 

2 နံနက်စောစော ဝမ်းရေး အတွက်
3 နံနက်ခင်း ကျန်းမာရေးအတွက် လမ်းလျောက်

 

5 တံတားက မစောင်းပါဘူး ကျနော်က စောင်းသွားတာပါ

 

6ဘဝ ဝမ်းစာ

8 ပြောမရဆိုမရ တံတားပေါ်စက်ဘီးမစီးနဲ့ဆိုလဲစီးတာဘဲ
9 အသက်ပင်မရှုရဲ……………..(ဟိုတစ်နေ့ညက ကလေးလေးဆိုသွားတဲ့ဇရာသိချင်းထဲက စာသားပါ)

 

10 ရေထဲကလူမောတော့ရေသောက်တာပေါ့

 

11 မခန့်ပေါက်ကွာ…………………….

 

12 ရေထဲမှာပိုက်တန်းချတဲ့သူ
13 သူကလဲရေထဲမှာတန်းချတာပါဘဲ

 

14 နားသူနဲ့ မျှားသူ

 

15 ဒီကစောင့်နေသူ………………….(မျိုးကြီး)

 

“ကိုပေါက်လက်ဆော့ခဲ့တဲ့ တောင်သမန်”

 

 

တောင်သမန်အင်းကို အကြိမ်မရေမတွက်နိုင်အောင်ရောက်ခဲ့ဘူးပါတယ်။

ဒါပေမယ့် မနက်အရုဏ်တက်ကိုတော့ အခုတစ်ကြိမ်ဘဲရောက်ဘူးပါတယ်။

မနက်စောစော ဝမ်းရေးအတွက် လာသူ

မနက်စောစော ကျန်းမာရေးအတွက်လမ်းလျောက်လာသူ

မနက်စောစော တောင်သမန်အလှကို ခံစားဘို့လာသူ

မနက်စောစော တောင်သမန်ကို မှတ်တမ်းတင်ဘို့လာသူ

ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ်လာခဲ့ကြသူချည်းပါဘဲ။

ဝါသနာအရ မှတ်တမ်းတစ်ခု တင်ထားချင်တဲ့ကျနော်ကတော့

မြင်မြင်သမျှကို ခလုပ်နှိပ်မိပါတယ်။

တံတားပေါ်ကို ဈေးသည်လေးတွေဖြတ်လာတာ

တံတားပေါ်ကို တိမ်ခိုးလေးတွေတက်လာတာ

တံတားပေါ်ကို စက်ဘီးစီးလာတာ

တံတားပေါ်ကို ငှက်ကလေးတွေဖြတ်ပျံသွားတာ

တောင်သမန်ရင်ခွင်ထဲမှာ တံငါလှေလေးတွေရောက်လာတာ

တောင်သမန်အင်းရေပြင်ထဲက တံငါသယ်လေးရေဆာလို့ရေသောက်နေတာ

တောင်သမန်အင်းရေပြင်ထဲဆင်းပြီး ငါးပိုက်တန်းချနေတာ

စက်ဘီးလေးက နားသလိုလှဲနေပြီး ပိုင်ရှင်တော့ ငါးမျှားနေတာ

တွေကို မှတ်တမ်းတင်ခဲ့မိ လက်ဆော့ခဲ့မိပါတယ်။

ပြန်ကြည့်မိတော့ လဲ နှစ်သက်မိ ပြုံးမိပြန်ပါလေရောဗျာ။

 

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(20-11-2012)

 

 

 

16 comments

  • surmi

    November 23, 2012 at 11:31 am

    ကျနော်က တစ်ရက်တည်းနဲ ့ ရိုက်တာမပြီးလောက်ဘူးထင်တာ
    တော်တော်လေး ပြေးလွှားပြီးရိုက်ရမှာပဲ
    အားကျတယ်အစ်ကိုရေ ……

    Reply

  • မနက် ငါးနာရီခွဲကျော်ကျော်လောက်က စရိုက်တာ 7နာရီလောက်ထိပါဘဲ အနောက်ဘက်က ဘုရားပေါ်ကနေစလိုက်တာ တံတား တစ်ဝက်လောက်ထိ ခေါက်တုံ့ခေါက်ပြန်ပါဘဲ

    Reply

  • juu juu

    November 23, 2012 at 1:19 pm

    ဦးပေါက် တကယ်သွားသားပဲ……… ညနေ ဆည်းဆာ လည်းလှတယ် ဦးပေါက် သတင်းပေးလိုက်တယ်နော်……….

    Reply

  • ညနေဆည်းဆာက ပြီးခဲ့တဲ့လက ရိုက်ပြီးတင်ပြီးသွားပါပြီ

    13-10-2012 မိုးတစ်နေ့တောင်သမန်အင်းအသွားလက်ဆော့ခြင်း
    http://myanmargazette.net/?p=150903

    15-10-2012 တောင်သမန်အင်းအရှေ့ဘက်ခြမ်းက
    http://myanmargazette.net/?p=150962

    17-10-201 တောင်သမန်ကိုနုတ်ဆက်ခြင်း
    http://myanmargazette.net/?p=151005
    လင့်တွေနောက်ကို လိုက်ကြည့်ရင် တောင်သမန်ညနေခင်းလေးတွေကိုမြင်ရမှာပါ

    Reply

  • Uncle Lay

    November 23, 2012 at 5:23 pm

    ပုံတွေက အရမ်းမိုက်တယ်… အရမ်းကြိုက်တယ်…။

    Reply

  • မောင်ပေ

    November 23, 2012 at 8:42 pm

    နောက်တစ်ခါထပ်ရောက်တဲ့အခါကြ ပုစွန်ကြော် ငါးကြော်ပုံ ရိုက်ခဲ့ပေးဗျို ့
    ရွာထဲဝင် စာဖတ်ရင်းနဲ ့ ၊ မစားရ အမြင်ခံရအောင်

    Reply

  • ခိုင်ဇာ

    November 23, 2012 at 8:47 pm

    အကြော်စုံရော။ ငါးကြော်ရော၊ ပုစွန်ကြော်ရော၊ ဆတ်သားခြောက်ကြော်ရော၊ ကောက်ညင်းပေါင်းရော၊ အုန်းရည်ရော၊ အကုန်ရိုက်ခဲ့ပေးပါ ကိုကြီးပေါက်။ :hee:

    Reply

  • Hnin Hnin

    November 23, 2012 at 10:07 pm

    ရောက်ခဲ့တုန်းက ဆိုင်တွေ ဒီလောက်များနေတာ မနက်စောစော ၈နာရီကျော်ကျော်
    ဘာမှမရှိလို့ တောင်သမန်စာတွေ မစားခဲ့ရဘူး.. 🙁
    တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ ဆိုင်တစ်ဆိုင်ပဲ ကောက်ညှင်းပေါင်း နဲ့ဆတ်သားခြောက်
    ရတယ်..ချုပ်ကြီးဖြစ်မှာစိုးလို့ မစားတော့ သီးမွှေးငှက်ပျောသီးပဲ ဝယ်တီးခဲ့ရတာပေါ့…

    Reply

  • အရင်တုန်းက ညနေခင်းဆိုတောင်သမန်အင်းအနောက်ဘက်က မယ်ဇယ်ပင်ရိပ်ထိုင်
    ငါးလတ်လတ်ပေါက်စန ပုဇွန်ပေါက်စနလတ်လတ်ကြော်စား
    ကဲ ဘာနဲ့တွဲမယ်ထင်သလဲ……………………………..

    Reply

    • ခိုင်ဇာ

      November 23, 2012 at 11:53 pm

      Beer. :mrgreen:

      Reply

  • ဟုတ်ဘူး ရေနွေးကြမ်း းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    (အိုးထဲကို ဘီဘီ ထည့်ကစ်တာ)
    နက်ဖြန်မနက် သစ်ကိုင်းလေးတွေ သစ်ရွက်ကလေးတွေအိပ်နေတာကိုလိုက်လက်ဆော့မယ်။
    နောက်ရက် တောင်သမန်အင်းကလှေစီးပြီးရင် ပြင်ဦးလွင်တက်လက်ဆော့မယ်။
    ပြီးရင် မနက်စောစော စစ်ကိုင်းတံတားအောက်သွားမယ်။
    ပြန်လာရင်တောင်သမန်အင်းမြောက်ခြမ်းကိုနေ့လည်ပိုင်းသွားပြီး
    ညနေပိုင်းမှာတော့ ကျုံးပါတ်လိုက်ပါအုံးမယ်နော်

    Reply

    • ခိုင်ဇာ

      November 24, 2012 at 1:11 pm

      ဟင် ဒီတိုင်းသောက်တော့ ဘာဖြစ်မှာကျလို့။
      ကျောင်းတုန်းက ကျောင်းသားတွေ ရေနွေးအိုးထဲ ထန်းရည် ထည့်သောက်တာတော့ တွေ့ဖူးတယ်။ :hee:

      Reply

  • မယ်ခိုင်ရဲ့
    ကျနော်တို့ထိုင်တဲ့ဆိုင်က အရက်လိုင်စင်မရှိဘဲရောင်းတာအေ့။
    တော်ကြာလာကိုကိုယစ်က လာရစ်လိုက်ရင် ဆိုင်ရှင်ထီပေါက်သွားမှာစိုးလို့ပါအေ့
    (ကြာတော့လဲကြာခဲ့ပါပြီအေ့…………………)
    ဟိုိုလိုပါအေ့…………………
    ဒီလိုပါအေ………………………………………
    မန်းလေးလာရင်ပြောပါအေ့………………………….

    Reply

  • ရွှေ ကြည်

    November 24, 2012 at 9:53 pm

    လေးပေါက် ၉ နဲ့ ၁၂ ကိုကြိုက်ဆုံးပဲ လေးလေးပုံတွေကြည့်တိုင်းမြန်မာပြည်ကိုပိုချစ်လာတယ်..။

    Reply

  • ကိုပေါက်လမ်းသလားတော့ မြန်မာပြည်မှအလှတရားတွေကို ဖြန့်ဝေခွင့်ရသွားသလိုပေါ့နော်

    Reply

  • Mလုလင်

    November 25, 2012 at 1:40 am

    နံပါတ် ၉ ပုံ တော့ တော်တော် ကြိုက်မိတယ် ဗျာ ..။

    Reply

Leave a Reply

Your email address will not be published.