မမြဲခြင်း

ကာရံNovember 13, 20121min01

အတွေးတွေ ထဲမှာ မင်းအိပ်မနေပါနဲ့တော့နော်

နိုးထချိန်တန်ရင် ပျိုးထားခဲ့တဲ့ မင်းလေးရဲ့ နံနက်ခင်းတစ်နေရာမှာ

စိမ်းလန်းခြင်းတွေ တည်ရှိနေပြီလေ………..

လတ်ဆက်တဲ့ လေနုအေးနှင့်အတူ

မင်းရဲ့နှလုံးသားကို နှစ်မြုပ်လိုက်စမ်းပါ

အေးချမ်းခြင်းရဲ့ အရသာကို ခံစားတက်လာပါလိမ့်မယ်

ကြည့်စမ်းပါဦး အားမာန်အပြည့်နဲ့ တောက်ပနေတဲ့ နေမင်းရဲ့ခွန်အား

မင်းကို အားအင်တွေ ပေးစွမ်းလို့နေပြီလေ

ရယူလိုက်စမ်းပါ သူငယ်ချင်း သောကကို လောဘနဲ့ မထိန်းချုပ်ခြင်းစမ်းပါနဲ့

တော်ကြာ မောဟတွေက မင်းကို လှိုက်လောင်မြိုက်လို့နေလိမ့်မယ်လေ

အေးခြမ်းချင်းကို အထူးရှာစရာမလိုပါဘူး

မင်းလေးရဲ့ဘေးမှာ တည်ရှိနေခဲ့တာ အမှတ်မထားမိလို့ပါ

သိမ်းပိုက်လိုက်ပါ မင်းသိမ်းပိုက်လို်က်စမ်းပါကွာ

မေတ္တာတရားတွေနဲ့ သစ္စာတွေ တစ်ပွေ့တစ်ပိုက်ကြီး

မင်းရလာပါလိမ့်မယ်

အရှည်ကိုမတွေးပါနဲ့တော့လေ ဖြစ်လာမယ့်အရာကို

အပြစ်ဆိုတဲ့ ပေတံနဲ့မတိုင်းဘဲ မင်းရိုးရိုးလေး လျှောက်လှမ်းခဲ့ပါ

အဲဒီမှာ မုဒိတာတွေ အများကြီးရှိတယ်

စိတ်ဆိုတာ အရောင်များပါတယ်

အဖြူရောင်စိတ်ထားလေးကို မင်းထားတက်ပြီဆိုတဲ့တစ်နေ့

ငြိမ်းချမ်းခြင်းကို ရလိမ့်မယ်လို့ ငါကြိုတွေးရင်း……….

ပိတောက်မိုး

One comment

  • padauk moe

    November 13, 2012 at 12:04 am

    တောင်းပန်ပါတယ် ခေါင်းစဉ်လေးကျန်ခဲ့လို့နော် ခေါင်းစဉ်လေးက မမြဲခြင်း

    Reply

Leave a Reply

Your email address will not be published.