ငြိမ်းချမ်းရာ

ထိုနေရာမှာ
မီးတွေလင်းနေပါတယ်..
လောင်နေတဲ့မီးတွေကို ဘယ်လိုငြိမ်းမလဲ စဉ်းစားနေသလား…
ရေပန်းတွေ ဖွင့်ထားပါတယ်..
ရေရှားရာနေရာမှာ ရေလှူဖို့ ပြည်သူတွေကို နှိုးဆော်နေသလား..
အားကိုးစရာ စကားလုံးတွေ ပြောနေပါတယ်..
လိုနေတာ ဖြည့်ဆည်းခြင်းပါ ..။

ငိုသံတွေ အော်သံတွေ ဟစ်ကြွေးသံတွေအတွက်
ကျလာမယ့် ဗုံးဆန်တွေသာ
အေးမြတဲ့ မိုးစက်လေးတွေဆိုရင်
ဘယ်လောက်များကောင်းလိုက်မလဲ …။

ငါကြားနေရတဲ့ အသံတွေဟာ
သီတင်းကျွတ် ဗြောက်အိုးဖောက်သံဆိုရင်
ကလေးတွေ ဘယ်လောက်ပျော်နေလဲ ..
ငါ ထွက်ကြည့်ချင်စမ်းပါရဲ့   …။

ငါတို့ကျောင်းက ခေါင်းလောင်းသံလဲ
တိတ်ဆိတ်နေသလို ..
စာသင်ခုံမှာ ထိုင်ရင်း
မင်္ဂလာပါ လို့ ငြိမ်းငြိမ်းချမ်းချမ်း နှုတ်ဆက်ချင်တဲ့
ဆရာတပည့်တွေ …
ကြုံရာမှာ ခိုလှုံနေရင်းနဲ့
ငြိမ်းချမ်းရာ …
ငြိမ်းချမ်းရာ ကို ရှာနေသလားလေ …။

တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

2 comments

  • အလင်းဆက်

    November 12, 2012 at 7:39 pm

    ကျနော်လည်း..ငြိမ်းချမ်း ရာကို ရှာနေမိပါသေးတယ် ။

    Reply

  • ရွာသူ jujuma .

    November 12, 2012 at 10:08 pm

    ငြိမ်းချမ်ရာနေရာတော့မတွေ့ပေမယ်….
    အေးချမ်းတဲ့ ဘုရားအရိပ်တော့ရှိနေပါသေးတယ်…

    Reply

Leave a Reply

Your email address will not be published.