ပန်းသီးဝယ်ရင်သတိထား

NovyNovember 6, 20121min040

ပန်းသီးပုံးလိုက်ဝယ်မယ်ဆိုရင် သတိထားဖို့နဲ့ သိထားစရာလေးတွေကို

ကိုယ်တွေခံခဲ့ရလို့ ရွာသူားတွေကိုလည်း နိုဗွီလို မအေး၂ခါမနားရလေအောင်

ပြန်လည်ဝေမျှလိုက်ပါတယ်

ကန်တော့ရမဲ့လူကြီးတွေများလွန်းလို့ ပန်းသီးနဲ့ ပန်းသစ်တော် ပုံးလိုက်ဝယ်မှအစဉ်ပြေမယ် ဒါကြောင့်မို့   ပြီခဲ့တဲ့ စနေနေ့ညနေက

သီရိမင်္ဂလာဈေးကို ရောက်ခဲ့တယ်ပေါ့ အရင်တုံးကလည်း ၁နှစ်ကို ၂ခေါက်လောက်တော့ ပုံးလိုက်ဝယ်ဖြစ်ပါတယ်

အခုလို အဖြစ်မျိုး မကြုံဘူးပါဘူး

ပန်းသစ်တော်ဝယ်တာဘာပြဿနာမှ မရှိပေးမဲ့

ပန်းသီးဝယ်တာမှာတော့ ခံလိုက်ရပါတယ်

ပန်းသီး ၁ပုံးကို ၂သောင်း ပေးရပါတယ်

အကန့်၄ကန့်ပါတယ် တစ်ကန့်မှာ ၁၅လုံးပါ

အပေါ်ကန့်ကို ဖွင့်ပြတယ် အပြည့်ပါတယ် အောက်မှာလဲဒီအတိုင်းပဲလို့ပြောတယ်

ကိုယ်လည်းအောက်ကို မဖွင့်ခိုင်းမိလိုက်ဘူး

အိမ်ရောက်တော့ ပုံးကိုဖွင့်ပြီးကတော့ဖို့အတွက် အလုံးတွေကို ထုတ်တော့မှ

ဒုတိယ အကန့်မှာ ၆လုံးရော့နေတယ်

စိတ်တော့တိုသွားတယ် ပြီးတော့မှ ဒီလောက်နဲ့တော့ ကိုယ်လည်းမွဲမသွားပါဘူးလေးဆိုပြီး

စိတ်ကိုဖြေလိုက်တယ်

ပြီးတော့တတိယအကန့်ကိုဖွင့်ချိန်မှာတော့ ဒေါသကငယ်ထိပ်ရောက်သွားတယ်

၉လုံးတောင်ရော့နေတယ် စုစုပေါင်း၁၅လုံးဖြစ်သွားပြီ

အချိန်ကြည့်လိုက်တော့ ည၉နာရီထိုးနေပြီး ဒီညတော့ သွားလို့မရတော့ဘူး

ကားဆီကုန်ရင်ကုန်ပလေ့စေ မနက်ကျမှာ သွားကိုပြောပြစ်မယ်ဆိုပြီး

အသီးပုံတွေကို ဓာတ်ပုံရိုက်ပြီး ပုံးထဲကို ပြန်ထည့်ထားလိုက်တယ်

မနက်ကျတော့ ဝယ်လာခဲ့တဲ့

သီရိမင်္ဂလာဈေး (ခ) ရုံ – အောင်ဇေယျ သစ်သီးဒိုင်ကို သွားပြောတော့

သူတို့လဲဒီလိုပဲဝယ်ရတယ်တဲ့ မတက်နိုင်ဘူးတဲ့

တခဲ့ သစ်သီးဒိုင်ကြီးတွေဖြစ်ပြီး ဒီလိုမျိုး တစ်နပ်စားမကြံသင့်ပါဘူး

မပြည့်ရင် မပြည့်တဲ့အကြောင်းကြိုပြောသင့်ပါတယ်

ဒါမှ ဝယ်တဲ့သူကလည်း စဉ်းစားချင့်ချိန်ပြီး ဘာလုပ်ရမယ်ဆိုတာကို စဉ်စားနိုင်မှာပါ

ဒီအမျိုးအစားက မပြည့်ရင် တခြားအမျိုးအစားကို ပြောင်ဝယ်ဖို့ စဉ်စားမှာပါ

ပြီးတော့ အခုလိုမျိုးလည်း ပြန်သွားပြောဖြစ်မှာ မဟုတ်ပါဘူး

သူတို့တွေရဲ့ တနပ်စားအကြံကြောင့် ဝယ်ယူသူတွေ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်

သူတို့လဲဒီလိုပဲဝယ်ရတယ်တဲ့ မတက်နိုင်ဘူးတဲ့ဆိုတဲ့ စကားတစ်ခွန်းနဲ့

ကျမမှာတော့ ဆီကုန်လူပန်း အလုပ်ပျက်တာပဲ အဖတ်တင်ခဲ့ပါတယ်

ကျမလိုမျိုး မိအေး၂ခါမနာရလေအောင် သတိပေးရင်နဲ့…

 

 

 

ပုံးအပေါ်မြင်ကွင်း

ပုံးဘေးဘက်

အပြည့်ပါတဲ့ အပေါ်ကန့်

၆လုံးရော့တဲ့ ဒုတိယအကန့်

၉လုံးရော့တဲ့ တတိယအကန့်

 

လူအချင်းချင်းလှည့်ပတ်ချင်းကင်းဝေးကျပါစေ…

 

 

 

40 comments

  • Mon Kit

    November 6, 2012 at 1:16 pm

    ဟယ်… အဲလိုလဲ ရှိတာဘဲလား မနိုရယ်…
    စိတ်များနှယ် ညစ်လိုက်တာ…
    လူတွေ… လူတွေ… ကိုယ့်ကျင့်တရားတွေ တော်တော်ပျက်သုန်းနေကြပီ…
    🙁

    Reply

    • Novy

      November 6, 2012 at 2:13 pm

      မွန်ကစ်ရေ..

      လူတွေတစ်ဘဝတစ်နပ်စာအတွက် အကျင့်တွေပျက်ကုန်ကျပြီထင်ပါတယ်

      Reply

  • Khaing Zar Win

    November 6, 2012 at 1:20 pm

    ဟင် ။ စိတ်ကုန်စရာ။
    မနိုရေ နောက်တစ်ခုက ပန်းသီးစားရင် အခွံခွါစားတဲ့ဗျာ။ ကြာရှည်ခံအောင် ဖယောင်းတင်ထားတတ်တယ်လို့ ပြောနေကြတယ်။
    အရင်က အဖေသင်ဘူးတာ ပန်းသီးခွံက ဆေးဖက်ဝင်လို့ အခွံပါစားတဲ့။
    ခုတော့…………..

    Reply

    • Novy

      November 6, 2012 at 2:28 pm

      Khaing Zar Win@
      တခါလေ မနိုလဲ ပန်သီးကို အလုံးလိုက်ကိုက်စားရတာကို
      သဘောကျတဲ့သူဆိုတော့ နောက်ဆိုရင် ရှောင်ရမှာပေါ့နော်

      Reply

  • မိုချို

    November 6, 2012 at 1:24 pm

    ပုံးထဲ က ပန်း သီး အခု မှမြင်ဖူးတယ်။ အဲလို အကန့် တွေ ခွဲ ထားတာဆိုတော့ အပြည့် မပါရင် သိသာ တာပေါ့ ။ ၊ အပြည့် နဲ့ အလျော့ နဲ့ ဝိတ် အများ ကြီး ကွာ လောက်တာ ကို သူတို့ မသိပဲ မနေ ပါဘူး ။ တခါတလေ ဝယ်တဲ့ သူမို့ အဲဒါမျိုး ထည့် ပေးလိုက် တာ ဖြစ်မယ်။ ပြန်ရောင်း မယ့် သူဆို သူတို့ ဖောက်သည် ပျက် မှာ စိုး လို့ အဲ လို လုပ်လို့ ဘယ် ရ မလဲ။
    မြန်မာပြည်မှာ လဲ တနပ်စား အကျင့် တွေ ဘယ်တော့ မှ ပျောက်မလဲ မသိ။

    Reply

    • Novy

      November 6, 2012 at 2:32 pm

      သစ်သီးလက်လီရောင်းတဲ့ဆိုင်ကို မေးကြည့်တော့သူတိုဝယ်ရင်တော့အပြည့်ပါတယ်တဲ့
      အလုံးကြီးလို့ကွာရင် ၃ -၄လုံးလောက်ပဲကွာတယ်တဲ့

      Reply

  • Khaing Khaing

    November 6, 2012 at 1:25 pm

    တမင်လျော့တဲ့ဟာကို ရောင်းတာပါ … သူတို့ဝယ်စဉ်ကတည်းက အဲသလိုတော့မဟုတ်တန်လောက်ပါဘူး … ဒါကြောင့် ဘာပဲလုပ်လုပ် အလုပ်ရှုပ်ခံ အပင်ပန်းခံပြီး စစ်ဆေးတာအကောင်းဆုံးပါပဲ …….

    Reply

    • Novy

      November 6, 2012 at 2:33 pm

      အရင်နှစ်တွေက မဖြစ်ဘူးတော့ မထင်ထားဘူး
      အခုတော့ ပညာရလိုက်ပါပြီခိုင်ခိုင်ရေ…

      Reply

  • Wow

    November 6, 2012 at 1:26 pm

    ဟုတ်တယ် ခိုင်ဇာပြောသလိုပဲ အမလဲ ကြားဖူးတယ်.. အခုဆို ပန်းသီးခွာရမှာပြင်းတာနဲ့ ရေဆေးပြီး ကိုက်စားတတ်တဲ့ အကျင့်ကို အတော်ဖျောက်နေရတယ်… :byae:

    Reply

  • Ma Ei

    November 6, 2012 at 1:30 pm

    နိုဗွီရေ…
    ခုလိုဆို Centre ရှေ့မှာ ဝယ်တာကမှ သက်သာဦးမယ်နော်…
    :hee:

    Reply

  • jullies cezer

    November 6, 2012 at 1:36 pm

    မိုက်မိုက်ရိုင်းရိုင်းကိုလျော့တာပါပဲလား novy ရေ အခုလိုသတိပေးတဲ့အတွက်
    ကျေးဇူးပါ လူတွေလည်းကြာလေမသမာလေပဲနော် ………..

    Reply

  • pooch

    November 6, 2012 at 1:49 pm

    မနိုရေ မူစယ်ဘက်က ဝယ်လာတာတောင် အောက်ဆင့်တွေမှာ မလျော့ပေမဲ့ အလုံးတွေက မလှမပနဲ့ သေးသေးလေးတွေ ထည့်ပေးလိုက်တာပါ။ အပေါ်ဆင့်ကတော့ လှမှ လှ ကြီးမှ ကြီး ။ ဒီရောက်တော့ လက်ဆောင်ပေးမယ် လုပ်တော့ မျက်နှာပန်းမလှတော့တာနဲ့ ပြန်အစားဝယ်ပေးရပါတယ်။

    ဘာပဲ ဝယ်ဝယ် ဘယ်နေရာကပဲ ဝယ်ဝယ် ခုတော့ တတ်နိုင်သမျှ စစ်ပါတယ်။ခံရပါ များလို့ သူတို့ က သင်သွားတာပါ။ မေမြို့ က စတော်ဘယ်ရီ ခြင်းတွေ ဆို ခဏခဏပါ။ ကိုယ်က သတိတချက်လွတ်လိုက်တာနဲ့ သွားပါလေရော။ ငါးချဉ်တွေ တုန်းကလည်း ခံရပြီးပြီ။
    ဘယ်အချိန်ကျမှ စိတ်ချလက်ချနဲ့ ဝယ်လို့ ရမလဲ မသိဘူး အမရေ။

    Reply

  • Novy

    November 6, 2012 at 2:41 pm

    ဝိုး@
    မနိုလည်းကိုက်စားတတ်တဲ့ အကျင့်ကို ဖျောက်ရမယ်

    မမအိ@
    ဟုတ်တယ် နောက်ဆိုရင် center ရှေ့မှာပဲဝယ်တော့မယ်

    jullies @
    အလုံး၆ဝ မှာ ၁၅လုံးရော့တော့ တော်တော်တင်းပါတယ်တော်

    ပုရ်ရေ..
    သူတို့တွေလဲနည်းမျိုးစုံနဲ့ လိမ်နေကျတာပါပဲ
    ကိုယ်တွေကတော့ စစ်ဆေးလွန်းလို့ လူမိုက်ကြီးကို ဖြစ်နေတာပါပဲ

    Reply

  • koyinmaung

    November 6, 2012 at 2:51 pm

    ဒီမှာတော့ အလေးချိန်နဲ့အရောင်းအဝယ်လုပ်တဲ့အတွက်..
    ဒီပြဿနာမျိုးမရှိတော့ဘူး အလေးချိန်နဲ့ဘဲကောင်းတယ်……

    Reply

  • MaMa

    November 6, 2012 at 3:18 pm

    ရွာသူပီသပါ့ မနိုရယ်။
    ဒီလိုပြန်မျှဝေတော့ ကျန်တဲ့လူတွေလည်း အလိမ်မခံရတော့ဘူးပေ့ါ။
    ကျမလည်း မတရားခံရတယ်ထင်ရင် ပြန်ကို ပြောလိုက်ရမှ ကျေနပ်တယ်။
    အဲဒီစိတ်နဲ့ကို ဟိုတလောက လူအားပြီး စိတ်မအားလို့ ရွာထဲတောင် သိပ်မဝင်ဖြစ်ဘူး ဖြစ်သွားသေးတယ်။
    ရွာထဲမှာ ရင်ဖွင့်ဖို့ကျတော့လည်း ရခိုင်အရေးတွေနဲ့ ရှုပ်သွားမှာစိုးတာနဲ့ မတင်ဖြစ်ဘူး။
    ဒါပေမယ့်လည်း အမှတ်အသားမရှိတဲ့ စိတ်က ခုတော့လည်း ဘယ်လိုမှမခံစားရတော့ဘူး။ :hee:

    Reply

    • Novy

      November 6, 2012 at 3:27 pm

      ကိုရင်မောင်@
      သူတို့ကလဲပြောလိုက်ပါသေးတယ်
      အလေးချိန်နဲ့ဝယ်တာတဲ့ ဘယ်အလေးချိန်နဲ့ဝယ်ပြီး
      ဘယ်အလေးချိန်နဲ့ရောင်းနေတာလဲဆိုတာတော့ ……….

      မမရေ…
      ရွာသူပီပီပါပဲတော်. သူတို့ကိုပြန်ပြီးသွားမပြောရရင် ထမင်းတောင်စားလို့ဝင်မှာမဟုတ်ဘူး
      ပြောလိုက်ရတော့ စိတ်ထဲရှင်းသွားတယ်
      ပြီးတော့ သူများတွေလည်းကိုယ်လို့ မခံရတော့ဘူးပေါ့

      Reply

  • ကိုခင်ခ

    November 6, 2012 at 3:56 pm

    မနိုဗွီရေ တစ်ခါတုန်းက ဘုန်းကြီးကျောင်းအလှုရှိလို့ မဒမ်ခင်ခ ပန်းသီးပုံးလိုက်ဝယ်မိပါတယ်
    အောက်ပိုင်းအလွှာကပန်းသီးတွေက အနာတွေများလို့ အလားဟသတ်ဖြစ်ကထဲက
    ပန်းသီး၊ သစ်သီးဝယ်ရင် တစ်လုံးခြင်းရွေးပြီး ဈေးဆစ်လို့သာ ဝယ်တော့တယ်ဗျာ။

    Reply

  • Tin Tin

    November 6, 2012 at 5:00 pm

    အခုလိုသိရတာ ကျေးဇူးပါ မနိုရေ…
    သတိထားပြီးသေချာ ကြည့်ရတော့မယ်နော်… ကိုယ်ကတော့ သူတို့ကိုမသင်္ကာစိတ် မဖြစ်ဘဲနဲ
    ယုံကြည်လိုက်တာလေ… သူတို့ကတော့ အမျိုးမျိုးလိမ်နေတော့တာဘဲ…

    Reply

  • cobra

    November 6, 2012 at 5:10 pm

    အမျိုးမျိုးတွေလိမ်စားနေကြပါလား။
    စိတ်ပျက်ဖို့ကောင်းတဲ့လောဘတွေပဲ။

    Reply

  • cobra

    November 6, 2012 at 5:13 pm

    အမျိုးမျိုးတွေလိမ်စားနေကြပါလား
    စိတ်ပျက်ဖို့ကောင်း တဲ့လောဘတွေပဲ။

    Reply

    • Novy

      November 7, 2012 at 9:22 am

      ကိုခင်ခရေ..
      နိုဗွီလည်း သစ်သီးအလုံးရေ150လောက်ဝယ်ရမှာဆိုတော့
      အိမ်ရှင်မပီသစွာ လက်ကားဈေးကြီးကိုသွားမိပါလေကြောင်းးးးးးးးးးးးး

      တင်တင်ရေ..
      သင်ခန်းစာပေါ့ကွယ်

      cobra@
      သူတို့ကတော့ မျက်နှာပြောင်ပြောင်ပါပဲ

      Reply

  • ခုခေတ်လူတွေက ကလိမ်ကကျစ်မကျရရင် ခေတ်မမီတော့ဘူးများ ဖြစ်နေကြလားမသိဘူး… အဲ့ဒီနည်းနဲ့ရတဲ့ပိုက်ဆံကို စားရဲကြတာလည်း အံ့ဩပါရဲ့… အကျင့်တွေလည်းပျက်၊ ခေတ်လည်းပျက်…
    ဟူး…မောဒယ်..

    ပြန်မျှဝေတာ ကျေးဇူးပါနော် မနို…

    Reply

  • candle .

    November 6, 2012 at 7:20 pm

    novy ရေ သူများက ကုသိုလ်လုပ်မှာကို ..သူတို ့မို ့ အကုသိုလ် ယူရဲကြတယ်နော်..ခက်ပါ့
    နောက်ဆိုသတိထားဝယ်ရမယ်….
    သတိပေးလို ့ကျေးဇူးပါ….

    Reply

  • အရီးခင်လတ်

    November 6, 2012 at 8:18 pm

    ဒါမျိုးတွေက ဒီမှာတွေလဲ ရှိပါတယ်။
    ဒါပေမဲ့ မတော်တဆ ပေါ့။
    ဖြစ်ရင် ပိုက်ဆံပြန်အမ်းပေးတယ်။
    ပစ္စည်းအလကားယူပေါ့။
    နာမည်ကြီး စူပါမာကက် တွေမို့ နာမည်ပျက်လုံးဝ မခံပါဘူး။
    မဟုတ်တာ မလုပ်ဘူး ဆိုတာ ယုံကြည်နေသမျှ ဖောက်သည် တွေ ရှိနေတာပါဘဲ။

    ဈေးသည် ဆိုတာ နာမည်က အလွန် အရေးကြီးတယ် ဆိုတာကို မသိလောက်အောင်ကို လောဘ တွေ များနေတာ စိတ်မကောင်းစရာပါဘဲ။
    ရှေးကတော့ ကုန်သည်ဆိုတာ နာမည်ပျက်မှာ အရမ်းကြောက်ကြတာ။
    အရောင်းအဝယ် မှာ အပြိုင်အဆိုင် နာမည်ကောင်း ယူရမဲ့အစား အပြိုင်အဆိုင် အလွယ်နည်း ယူနေတော့ ခက်သားကလား မနိုရေ။
    နောက်ဆိုရင် ကိုယ့်ဘက်ကလဲ အားမနာတမ်း စစ်ဆေးပြီးမှ ဝယ်ဖို့ သင်ခန်းစာပေါ့။

    Reply

    • Novy

      November 7, 2012 at 9:33 am

      မွန်မွန်
      ကိုယ်ကခေတ်ကို အမှီလိုက်နေတာတောင် ခံလိုက်ရပါတယ်

      candle@
      ဒီလိုစားမှစားရမယ်ဆိုရင် စားကျပါစေတော့ကွယ်

      အရီးလတ်
      ဒီမှာတော့ အလကားပေးဖို့နေနေသာသာ လူကိုမရိုက်လိုက်တာတောင်ကံကောင်း
      သူတို့ဝယ်ကတယ်ကကိုက လျှော့နေတာတဲ့

      Reply

  • မောင်ပေ

    November 6, 2012 at 9:09 pm

    ကျုပ်တို ့ဆီမှာဆိုရင်တော့
    အန်တီနိုဗွီ ဖြစ်တာမျိုးကို
    ထီပေါက်တယ် လို ့ခေါ်တယ်
    စားသောက်ကုန် ၊ ကုန်ပစ္စည်း ပါကင်လိုက်ဝယ်ရင် တော်တော်များများဟာ စိတ်မချရတာမို ့ (အထူးသဖြင့် မိတ်အင်ချိုင်းနား)
    အကောင်းဆုံးကတော့ ကိုယ့်မျက်မြင်တွေ ့ရတဲ့ ဟာ မျိုးပဲ ဝယ်တာအကောင်းဆုံးပဲ ဗျို ့

    Reply

  • မဖြစ်သင့်တာတွေပဲ …
    နည်းနည်း ပါးပါးဆို တော်သေးရဲ့ ..
    ခုဟာက ….
    (ထပ် မပြောချင်တော့ပါဘူး။ ဒါတွေ ပြောရင် ဒေါတွေ ပါကုန်မှာ စိုးလို့)

    နောက်များ ဝယ်ရင် သတိထားရဦးမယ်ဗျ ..
    သတိပေးတာ ကျေးဇူးပါ …

    Reply

  • မနုိုက စာမှ သေချာမဖတ်တာ
    တရုပ်လို အလုံးရေလျော့ထားတယ်လို့ရေးထားတယ်လေဗျာ

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 7, 2012 at 1:11 am

    ပန်းသီးဒေမှာ ဘယ်လိုသဘောစိလည်းတော့သိဘူးဗျ
    ရေမြေလိုက်တာလား ဘာလားမသိ
    နယူးဇီလန်တို့ အောစတေးလျ တို့ ကလာတဲ့ အရောင်မဲမဲနဲ့ အမျိုးက
    ပိုပြီးစားလို့ကောင်သလိုလိုဘာလိုလိုဘဲ
    တန်ကြေးပေးပြီး တန်ကြေးတိုင်းမရတာကတော့ ဟိုအတိတ်ကကံဒေဘော့ဗျာ :mrgreen:
    အားမငယ်ပါနဲ့ ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး
    သူ့အတွက်ရည်စူးပြီးဝယ်တာ မပြည့်ဘူးဆိုတော့ သူလည်းကံအကြောင်းစက်ဆပ်သပေါ့
    စိတ်မကြီးဇမ်းဘာနဲ့ ဘယ်သူမပြုမိမိမှု့ ငါ့ ကိုအကြောင်းပြုပြီးဖြစ်တဲ့အမှု့ ငါ့ကြောင့်လို့တွေးဇမ်းဘာ
    အဘိဓမ္မာသဘောပေါက်လို့ကတော့ နိဗ္ဗာန်တောင်ရောက်သွားနိုင်ဒယ်နော
    ဟင်းဟင်းဟင်း

    Reply

    • Novy

      November 7, 2012 at 9:47 am

      မေပေါင်
      သူတို့ကလည်းပြောလိုက်ပါတယ်
      ( မိတ်အင်ချိုင်းနား) ဆိုဒီလိုပဲတဲ့
      မနိုလည်းပြန်ပြောခဲ့တယ် ဒီလိုလျော့တယ်ဆိုရင် မဝယ်ခင်ထဲကပြောပြသင့်တယ်လို့

      ခြောက်မျက်နှာရေ..
      ကုသိုလ်အရေးမို့ဒေါသကို မနဲ့ဖြေဖျောက်လိုက်ပါတယ်
      ဒီငွေလောက်နဲ့ကိုယ်လည်းမွဲမသွားဘူး စိတ်ဖြေလိုက်တယ်

      လေးပေါက်
      လျောက်မပြောနဲ့ ဟုတ်ဘဲနဲ့

      ဘကြီးပု
      ဟိုဘဝက သူများကို ကိုယ်လိမ်ခဲ့လို့ဒီဘဝမှာ ကိုယ်လည်းအလိမ်ခံရတာလို
      တရားသဘောကို ဆင်ခြင်ရင် ဒေါသများကို ရေနွေကြမ်းနဲ့ မျိုချလိုက်ပါတယ်ရှင်

      Reply

      • လေးပေါက်
        လျောက်မပြောနဲ့ ဟုတ်ဘဲနဲ့

        ကိုယ်လဲ တရုတ်စာမတတ်တော့ ဒီလိုဘဲလျောက်ပြောရတာပေါ့အေ့
        တော်သေးတာပေါ့ ပုရစ်ရော အိမ်ရောက်တော့ ပြန်ရေကြည့်သေးလား ရော့မရော့
        တိုင်ရအုံးမယ်
        ဒီနှစ်မဒမ်ပေါက်က ပုရစ်ကြော် မကျွေးဘူးအေ့ ဒီနှစ်

        Reply

  • ရွာသူ jujuma .

    November 7, 2012 at 10:50 am

    ဂျူးမ လည်း တစ်ပတ်ကျော်လောက်က သီရိမင်္ဂလာဈေးမှာ ပန်းသီး တစ်ပုံးဝယ်လိုက်တာ..
    အဲလိုပဲ ..(၅) လုံးလောက်လျော့လာတယ်… ကိုယ်ညံလို့ ခံလိုက်ရတာဆိုပြီး
    ရှက်လို့ ဘယ်သူ့မှကို မပြောဖြစ်ဘူး… ခု မနိုပြောမှပဲ သူတို့ က လုပ်စားနေတာပဲ ဆိုတာသိလိုက်ရတာ…
    အော် အနိစ္စ …

    Reply

  • myanmarcitizen

    November 7, 2012 at 12:52 pm

    အရင်တစ်ပတ်က အိမ်မှာလဲအမေ့ရဲ့မကျေနပ်သံတစ်ချက်ကြားလိုက်ရတယ် ၄ လုံးရော့လို့တဲ့။ Novy ထက်စာရင်အမေကတော်သေးတာပေါ့။ ဒီညမပြန်ပြီးပြောပြလိုက်အုန်းမယ်။

    Reply

  • မမလေး

    November 8, 2012 at 12:37 am

    9000 တောင် နစ်နာသွားတယ် ၁၅ လုံးဆို … း( … အဲ့လိုလူမျိုုးတွေများနေလို့ လောကကြီးက မသာမယာနဲ့ စိတ်ပျက်စရာကောင်းနေတာ …

    Reply

  • Mobile

    November 8, 2012 at 12:41 am

    ကျုပ်တို့ကတော့ တစ်လုံးနှစ်လုံလောက် ပဲဝယ်စားတာဆိုတော့
    အဆင်ပြေတယ် ဂျင်းထည့်လို့ မရတော့တာပေါ့ဗျာ။
    ဒါပေမယ့် ဖာလိုက်ဝယ်စားတဲ့ လူတွေအနေနဲ့ကတော့ သတိထားသင့်တယ်ဗျို့
    ဗဟုသုတ ရလိုက်ပါတယ်ဗျာ။

    Reply

  • ဦးဦးပါလေရာ

    November 8, 2012 at 9:37 am

    ကုန်စိမ်းဈေးတွေက မျက်နှာပြောင်တယ် အကြောတင်းတယ် ဒီလိုပါပဲ..။
    ကျုပ်လဲ စပျစ်သီး ပန်းသီး ပုံးတွေ ခဏခဏ ခံရပါတယ်။ ယောက်ျားဝယ်တော့ အချဉ်ဖမ်းလို့ပိုကောင်းတာပေါ့။
    ဒါထက် ပန်းသီးကို အခွံပါကိုက်မစားရမှဖြင့် ဘယ်စားလို့ ကောင်းတော့မလဲ…

    ပန်းသီးရဲ့ အနံ့အရသာတာကသပ်သပ်
    တဂျွမ်းဂျွမ်းနဲ့ကိုက်ပြီး အရည်တွေစီးမကျအောင်ထိန်းပြီး အားပါးတရဝါးစားရတဲ့အရသာကသပ်သပ်

    Reply

  • ဦးကြောင်ကြီး

    November 12, 2012 at 10:34 am

    အာဒမ်ကို ဧဝက ပန်းသီး အရှာခိုင်းလို့ လောကဂျီး ပျက်ဆီးခဲ့ရသလို ဦကြောင်ကို ရေထဲဆင်း ငါးရှာခိုင်းပြီး ထွက်ပြေးသွားတဲ့ မုဆိုးတဗိုင်း မိန်းမရိုင်း အသဲစား ဘီလူမဂျီး နိုဗွီ့ကို သိပ်မုန်းတယ်..။ လမ်းတွေ့ရင် မခေါ်နဲ့၊ အကြွေးကို ဘဏ်အကောင့်ထဲ ထည့်ပေးပါ။ :buu:

    Reply

  • etone

    November 12, 2012 at 4:41 pm

    မနိုရေ .. အဲ့ဒီ သစ်သီးဒိုင်ဆိုင်တွေလေ .. တဆင့်ပြန်ရောင်းတဲ့ အညာသူမတွေနဲ့ပဲ ကိုက်တယ်သိလား … ။
    ဟိုအညာသူမတွေက … စေ့စေ့ပေါက်ပေါက်ကို ပုံးတိုင်း အကန့်တိုင်းဖောက်ကြည့် မကြိုက်လျှင်လဲသေးတယ် အဲ့လို လုပ်ပြီးဝယ်တာ …. ။ အခုမနိုအဖြစ်က သွားလည်းပြောရသေးတယ် …. ဘာမှလည်း ပြန်မရဘူးဆိုတာကတော့ … သိပ်မမိုက်ဘူး … ။ ဒိုင်ဆိုင်တွေ လူလည်ကျတယ် … ။ 👿

    Reply

  • ဦးကြောင်ကြီး

    November 13, 2012 at 10:13 am

    ပြောဖို့မေ့သွားလို့.. တရုတ်သဗုံ ကြေးမုံဂျီးလက်ချက်နေမှာ..။ တရုတ်နယ်စပ်မှာ ဒင်းသောင်းကျန်းနေသတဲ့…။ :harr:

    Reply

  • myanmar oscar

    November 13, 2012 at 10:31 am

    တို့ကတော့ အိမ်ကဟာကြီး(သူမသိအောင်ရေးတာနော် မဖွကြေး)ကျွေးတာပဲစားတော့
    မသိ၊ဒါပေမဲ့ ကိုယ်ချင်းစာပါတယ်။

    Reply

Leave a Reply

Your email address will not be published.