လယ်သမားနဲ ့ဂြိုလ်သား

လယ်သမားနှင့် ဂြိုလ်သားOct 21, ’08 2:33 AM for everyoneကေသာ

တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။

ပန်းကန်ပြားပျံထဲကနေ ဂြိုလ်တစ်ကောင် ထွက်လာပြီး လယ်သမားနဲ့ စကားပြောတယ်။

ဘာသာစကားချင်း မတူတော့ ခြေလက် အမှုအရာတွေနဲ့ စကားပြောတော့တယ်။

ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။

လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။

ဂြိုလ်သားက ထပ်ပြီး လက်ညှိုးသုံးချောင်း ထောင်ပြလိုက်တယ်။

လယ်သမားက ငါးဆယ်ပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်တယ်။

ဂြိုလ်သားက ထပ်ပြီး လက်မနဲ့လက်ညှိုးကို ထောင်ပြီး (7)ပုံ

လုပ်ပြလိုက်တယ်။

လယ်သမားက လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ပွတ်ပြလိုက်တော့ ဂြိုလ်သားက

ပြေးပါလေရော..

လယ်သမားက အိမ်ရောက်တာနဲ့ သူ့မိန်းမကို “ရှင်မရေ.. ဒီနေ့လယ်ထဲမှာ

လူထူးဆန်းတစ်ယောက် တွေ့ခဲ့တယ်ကွ၊ ငါတို့စိုက်ထားတဲ့ အပင်တွေ မိုးပေါ်က

ကျလာတာလားလို့ မေးတော့ ငါက မဟုတ်ဘူး မြေကြီးကနေ ထွက်လာတာလို့

ပြောလိုက်တယ်။ သူက ၃ ပိဿာကို ဘယ်လောက်လဲ မေးတော့ ငါက ၅ဝ လို့ပြောလိုက်တာ။

သူက ခုနှစ်ပိဿာ ဘယ်လောက်လဲ ထပ်မေးတော့ ငါက ပိုက်ဆံရေနေတဲ့ ပုံစုံနဲ့

ပိုက်ဆံ အရင်ယူလာခဲ့လို့ ပြောလိုက်တာ မဝယ်ဘဲ ထွက်ပြေးသွားတယ်”

ဂြိုလ်သားလည်း ဂြိုလ်ပေါ် ပြန်ရောက်ပြီး ” ကြောက်စရာကောင်းတဲ့

လူတစ်ယောက်ကို ကျုပ် ဒီနေ့တွေ့ခဲ့တယ်။ ကျုပ်မိုးပေါ်က လာတယ်လို့ ပြောတော့

သူက မြေကြီးထဲက လာတာတဲ့။ ကျုပ် လူသုံးယောက် သတ်ဖူးတယ်ပြောတော့ သူက

လူအယောက် ၅ဝ သတ်ဖူးတယ်တဲ့။ ကျုပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့

ပြောလိုက်တော့ သူက သူ့လက်နဲ့ ဖိသတ်လိုက်တာတဲ့။ ကျုပ်လဲလန့်ပြီး

လစ်တော့တာပဲ”

————–

ကိုဘုန်းကျော်ရဲ ့လယ်သမားကြီးရဲ ့လောဂျစ် ပိုစ့်လေးဖတ်ရင်းအဟောင်းလေးမန် ့လိုက်ပါတယ်။

4 comments

  • candle .

    October 20, 2012 at 1:41 pm

    အမရေ..အားပေးသွားပါတယ်..
    ဂြိုလ်သားလေးက အသည်းယားစရာလေးနော်..

    Reply

  • Mobile

    October 21, 2012 at 5:31 pm

    သိပ်ပြီးတော့ ဖတ်မကောင်းဘူးခင်ဗျ။
    အဓိပ္ပာယ်သိပ်မရှိလှသလို ရသလဲမမြောက်ဘူးထင်တယ်။

    Reply

  • jullies cezer

    October 22, 2012 at 3:01 pm

    ရယ်ရတယ်ဗြဲ………

    Reply

Leave a Reply

Your email address will not be published.