တိမ်တွေကြောင့် ပိုလှနေတဲ့ အောင်ပန်းမြို့လေး

1 အောင်ပန်းမြို့ပေါ်မှာ မိုးတိမ်ငွေ့တွေဝေနေတာ
2 အောင်ပန်းမြို့ အနောက်မြောက်ဘက် မိုးတိမ်

 

3 မြို့တောင်ဘက်ခြမ်းက တိမ်
4 အောင်ပန်းမြို့ကို အလှဆင်ပေးတဲ့ တိမ်တောင်ထုပါ
5 အနီးကပ်တိမ်တောင်ထု

 

6ရင်ခုန်ဖွယ်ကောင်းသော

 

7 အလင်းရုပ်သိမ်းခါနီးဆဲဆဲမှာမြင်ရတဲ့တိမ်

 

8 အနောက်ဖက်တစ်ခြမ်းလုံးကို စီးမိုးထားတဲ့မိုးတိမ်ထု
9 တိမ်ပန်းချီ အလှ
10 ကောင်းကင်တစ်ခုလုံးကအပြာရောင် အနားသတ်မှာတာ့ ပန်းဆီရောင်
11 အောက်ခြေအရောင်က နေဝင်ခါနီးလေ ပိုရင့်လာလေပါဘဲ
12 နေ့လည်ခင်း အလင်းနဲ့ တိမ်အလှ

 

13 လှပလွင်စို သောကောင်းကင်တိမ်ထု

 

14 ပြာလွင်စိုလွင် နုလွင်

 

15 ငွေရောင် တိမ် အလှများ

 

“တိမ်တွေကြောင့်ပိုလှနေတဲ့ အောင်ပန်းမြို့ကလေး”

 

 

အောင်ပန်းရောက်ရင် ကျနော် ရူ့ခင်းသာမှာဘဲ တည်းလေ့ရှိပါတယ်။

အောင်ပန်းနဲ့ ပင်းတယ ကလောလမ်းဆုံနားမှာရှိပါတယ်။

အဲဒီက ဝန်ထမ်းကလေးတွေသဘောကောင်းတာရယ် သန့်ပြန့်တာရယ် နောက်ဈေးနဲ့နီးတာရယ်ကြောင့်ပါ။

နောက်အဲဒီ ဟိုတယ်က အပေါ် ထပ်ကို ကျနော်ဓါတ်ပုံတက်ရိုက်တာကို စိတ်တိုင်းကျ ရိုက်ခွင့်ပြုထားလို့တည်းတာလည်းပါပါတယ်။

ကျနော်အောင်ပန်းကိုရောက်တဲ့ညနေမှာဘဲ မိုးသားတွေတက်နေတာကြောင့် တိမ်တွေက

ညို့မှောင်မှောင်။

ဒါပေမယ့် အပြာရောင်လေးတွေက လဲ တစ်စွန်းတစ်စ စွန်းထင်းလို့နေပါတယ်။

တိမ်တောင်ထုတွေကလဲ အဖြူအပြာရောလို့ ကောင်းကင်မှာ ထောင်တက်နေပါတယ်။

သိပ်မကြာခင်လေးမှာဘဲ အလင်းစတွေရုပ်သိမ်းလို့ တိမ်တွေကလဲ တောင်တန်းနောက်ကိုပြေးဝင်ပါတော့တယ်။

နေဝင်ခါနီးမှာတော့ တိမ်အဖြူက အပေါ်က ပုစွန်ဆီရောင်အလင်းများက အနားသတ်နေပုံကတကယ်လှပ။

ကျနော်ကတော့ တိမ်တွေကိုနှစ်သက်သူဆိုတော့ အောင်ပန်းမြို့ကို ဖုံးလွှမ်းလို့အလှဆင်နေတဲ့တိမ်တွေကို

လက်ဆော့လို့ မဝနိုင်အောင်ပါဘဲ။.

 

နောက်နေ့မနက်လမ်းလျောက်ရာကအပြန်ခေါင်မိုးပေါ်တက်ရိုက်ပြန်တော့လဲ တောင်ခိုးတိမ်တွေ

အောက်က လှပတဲ့အောင်ပန်းမြို့လေးက အေးဆေးငြိမ်သက်။

နောက်ရက်နေ့လည်ခင်းရောက်ပြန်တော့လည်း တိမ်ဆိုင်တိမ်လိပ်တွေက

လှပစွာ မျောလွင့်။

အစက အေးချမ်းလှပတဲ့ အောင်ပန်းမြို့လေးကို မိုးဥတုရဲ့တိမ်လေးတွေက

ပိုလှသထက်လှအောင် အလှဆင်ပေးနေတယ်လို့ဆိုရင်

မဟုတ်ဘူးလို့ ငြင်းဆန်မယ့်သူ မရှိဘူးလို့ထင်မိပါတယ်။

 

 

ကိုပေါက်လမ်းသလားနေသည်

အောက်တိုဘာ အောင်ပန်း 12

(17-10-2012)

 

10 comments

  • Novy

    October 29, 2012 at 11:45 am

    လေးပေါက်ရေ…
    ကြည့်တုံး ပြီးမှ ပြန်ပြောမယ်

    Reply

  • Khaing Zar Win

    October 29, 2012 at 11:55 am

    ~~~တိမ်ကို စီးပြီး မင်းရှိရာဆီ အရောက်၊
    အရောက် လာမယ်~~~
    ဘာရယ်ဟုတ်ဘူး။ ကိုကြီးပေါက် ပုံတွေကြည့်ပြီး စိတ်ထဲပေါ်လာတဲ့ သီချင်း ဆိုမိသွားတာ.. :mrgreen:

    Reply

  • captainamerica

    October 29, 2012 at 12:25 pm

    လှလိုက်တာဗျာ ပုံလေးတွေက ဒီတစ်လအတွင်းကိုပေါက်တင်သမျှပုံတွေထဲမှာ အကြိုက်ဆုံးပဲ ^_^

    Reply

  • ရွှေ ကြည်

    October 29, 2012 at 1:27 pm

    နံပါတ် 12 ပုံအလှဆုံးလေးပေါက်ရေရှုခင်းသာကဝန်ထမ်းတွေကလေးပေါက်ကိုလာတိုင်းဓါတ်ပုံရိုက်လို့
    မမေးဘူးလား..။

    Reply

  • Novy

    October 29, 2012 at 2:27 pm

    လေးပေါက်ရေ…
    5/7/9/11/13 မှာ စီးမျောသွားပါတယ်

    Reply

  • Hnin Hnin

    October 29, 2012 at 3:14 pm

    လေးပေါက်ရေ…ပုံပြာပြာတွေဆို အကုန်ကြိုက်…အကုန်လှ…
    မိုးတိမ်ထုတွေ ကြည့်နေတုန်း တိုက်ဆိုင်လိုက်တာ ၁၂ အတိုင်းပဲ မိုးတွေ နေပူကြီး
    ်လင်းလင်းချင်းချင်းနဲ့ ရွာချနေပြီ…
    3:10 p.m.

    Reply

  • ပြောတာပေါ့မယ်ရွှေရယ် ဘယ်နေပါ့မလဲ ဒီတစ်ခေါက် သူတို့ အဆောက်အဦးအသစ်ကြီခေါင်မိုး ထိပ်ဖျားကိုတောင်လိုက်ပု့ိ့သေးတယ်။
    ခေါင်မိုးစလက်ပြင်မှာ လျောက်လမ်းလေးရှိတယ် အဲဒီဘေးက တက်ရိုက်တာ
    ခင်နေပြီ သူတို့နဲ့
    ဒါကြောင့်လေးလေး ကတည်းရင်တစ်နေရာထဲမှာဘဲတည်းတယ်။

    Reply

  • Ma Ei

    October 29, 2012 at 3:21 pm

    အလှတွင် အယဉ်ဆင့် သည့်နှယ်
    ပိုမို ရှု့ချင့် စဖွယ် ဖြစ်သွားတာ
    မငြင်းပါလေ…ကိုပေါက်ရေ…

    Reply

  • မမလေး

    October 30, 2012 at 2:03 am

    ကိုပေါက်ရေ … ကိုယ့်ဘာသာကိုယ်ရိုက်ထားတဲ့ပုံတွေလား … အရမ်းလှတာပဲ … ဓါတ်ပုံဆရာငှားလို့ရလား … Model ထိုင်ချင်လို့ 🙂 တစ်ကယ် … အရေးအသားကလည်း ဒီနေရာမှာတင် ပုံကျနေစေလောက်တယ် .. ဆြာကြီးပဲ …

    Reply

Leave a Reply

Your email address will not be published.