ပျားရည်စက်

ကာရံOctober 15, 20121min01

သိပ်ချစ်တယ်တဲ့လေ ဘယ်တော့မှမပြစ်ပယ်ပါဘူးဆိုပြီး

ငိုရင်းပြောလာတက်တဲ့ သူ့ရဲ့နှုတ်ဖျားထက်က ချစ်စကားလေးတွေက

ဘယ်တော့မှ ခါးလျှော့မယ်မထင်ပါဘူးလေ………..

လွမ်းတိုင်းပြိုလုလုကျလာတက်တဲ့ မင်းလေးရဲ့မျက်ရည်စက်တွေအောက်မှာ

ငါ့နှလုံးသားက အရူးတစ်ယောက်ပမာ ထိန်းကျောင်းပေးတက်ပြီလေ…………

ချစ်တက်အောင်သင်ပေးပြီးခါမှ နှုတ်ဆက်စကားလေးတစ်ခွန်း

ပြောပြီးထွက်သွားတာ သံယောဇဉ်လေးလက်ကျန်တောင်မပြခဲ့ဘူးနော်

ငါကျေနပ်ပါတယ်ချစ်သူရယ် ချစ်လို့ဘဲပြစ်ပြစ်

မုန်းလို့ဘဲဖြစ်ဖြစ် မင်းလေးပြောခဲ့ဖူးတဲ့

နှုတ်ခမ်းထက်က ပျားရည်စက်ပုံပြင်လေးတွေကတော့

ငါ့နှလုံးသားမှာ ညအိပ်ရာဝင်ကဗျာလေးတစ်ပုဒ်အဖြစ်

သိမ်းဆည်းထားခွင့်လေးရမယ်ဆိုရင်………………

ပိတောက်မိုး

 

 

One comment

  • မောင်ပေ

    October 15, 2012 at 8:44 pm

    ******* Do & Don’t (Rules) *******
    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

    Reply

Leave a Reply

Your email address will not be published.