ပြစ်ရက်သူရယ်……………

ကာရံOctober 15, 20121min01

တစ်မိုးတစ်မြေအောက်မှာ

တို့တစ်တွေ လျှောက်လှမ်းဖူတဲ့ လမ်းကလေးတောင်

အခုဆို လွမ်းလွန်းလို့ နေရော့မယ်ထင်ပ………

အဆင်းရယ်မလှပေမယ့်

အချစ်သဒ္ဒါမပျက်ဘဲ သစ္စာနဲ့ ပေါင်းဖက်ခဲ့တဲ့

တို့တစ်တွေရဲ့ ချစ်ခရီးလမ်းမှာ အလွမ်းမိုးတွေတောင်

ညှိ့ရော့မယ်ထင်ပ…………….

လေပြေလာရာလမ်းတစ်လျှောက် အခုဆို တစ်ယောက်ထဲဖြစ်လို့နေပြီလား

မချစ်လို့ဘဲပြစ်ပယ်ခဲ့တာလား မင်းအချစ်က မစစ်လို့ဘဲလားတော့ မသိရိုးအမှန်ပါ

ရိုးသားလှတဲ့ ငါ့ရဲ့နှလုံးသားကမ္ဘာလေးက

ထာဝရမင်းအတွက်တော့ နားခိုရာ နေရာလေးဖြစ်မှာပါ

အချိန်တွေ ဘယ်လိုဘဲပြောင်းပြောင်း

ထားရှိခဲ့တဲ့ ရင်ထဲက ချစ်မေတ္တာတွေကတော့

သိပ်ချစ်ပါတယ်ဆိုတဲ့  မုသားမပါတဲ့

လူသားတိုင်းပြောနေကျစကားထက်

လျှော့မသွားရိုးတော့ အမှန်ဆိုတာ သူလေသိရင်

ငါ့ရင်ခွင်တံခါးတစ်ချက်က မင်းလေးတစ်ယောက်အတွက်ပေါ့ ထာဝရပါကွယ်……………..

ပိတောက်မိုး

 

One comment

  • မောင်ပေ

    October 15, 2012 at 9:07 pm

    ပြစ်ရက်သူရယ်
    မချစ်တတ် ကြူကွယ်
    လစ်ကွက် ယူရှယ်
    ညှစ်ထွက် အူနှယ်
    စစ်တပ် လူဖယ်

    Reply

Leave a Reply

Your email address will not be published.