မြန်မာ့ဆက်သွယ်ရေး၏ ဂင်းနစ်စံချိန်တင်နိုင်လောက်သည့် အမှား

ဘဲဥOctober 12, 20121min014

မြန်မာ့ဆက်သွယ်ရေး၏ ဂင်းနစ်စံချိန်တင်နိုင်လောက်သည့် အမှား

ကျွန်တော် ဦးသောင်းညွန့် ၁၄/ဖပန(နိုင်)061988 သည် သတင်းထောက် အလုပ်ဖြင့် အသက် မွေးဝမ်းကျောင်း ပြုသူ တစ်ဦးဖြစ်ပြီး၊ ချမ်းသာ ကြွယ်ဝသူ တစ်ဦး မဟုတ်ပါ သဖြင့် (မိသားစု စားဝတ် နေရေးမှာ လုံလောက်ရုံမျှသာ) ယနေ့ထက်တိုင် တယ်လီဖုန်း ဝယ်သုံးနိုင်သော လူတန်းစားထဲတွင် ပါဝင် နိုင်ခြင်းမရှိသေးသူ တစ်ဦးဖြစ်ပါသည်။

သို့ပါသော်လည်း (၂၄.၅.၂၀၁၂) ရက်နေ့တွင် ကျွန်တော့်ထံသို့ ဖျာပုံမြို့၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရုံးမှ ပူးတွဲပါ ပုံအတိုင်း တယ်လီဖုန်း အခွန်ငွေပေးသွင်းရန် တောင်းခံလွှာ ရောက်ရှိလာခဲ့ပါသည်။ ငွေတောင်းခံလွှာတွင် ပါဝင်သော တယ်လီဖုန်းနံပါတ်မှာ လွန်ခဲ့သော နှစ်အတန်ကြာကပင် ကျွန်တော်တို့မြို့တွင် တပ်ဆင်ချထားပေးခဲ့သော တယ်လီဖုန်းနံပါတ် အစဉ်များထဲက တစ်ခ ုအပါအဝင်ဖြစ်နေ သည်ကိုလည်း စုံစမ်း သိရှိရပါသည်။

ငွေတောင်းခံလွှာတွင် ပါဝင်သော နာမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာတို့မှာ ကျွန်တော်၏ နာမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ အမှန်အတိုင်းပင် ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ကျွန်တော်အနေဖြင့် တယ်လီဖုန်း တပ်ဆင်နိုင်သည့် ငွေကြေးပမာဏမျိုး ရှိသူမဟုတ်သဖြင့် ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း တစ်ဆင့်ခံဖြင့် သော်လည်းကောင်း တစ်ကြိမ်တစ်ခါမျှ တယ်လီဖုန်း တပ်ဆင်ခွင့်ရရန် လျှောက်ထားဖူးခြင်းမရှိပါ။

ငွေတောင်းခံလွှာပါ တယ်လီဖုန်းနံပါတ်မှာ တစ်ချိန်က တယ်လီဖုန်းတစ်လုံးရရန် ငွေရှိရုံနှင့်မပြီး ဌာနဆိုင်ရာအသိုင်းအဝန်းနှင့် အဆင်ပြေသူများသာ (အကပ်ကောင်းသူများသာ) ရနိုင်သော ခေတ်အခါက နံပါတ်ဖြစ်နေသည်ကိုလည်း စုံစမ်းတွေ့ရှိရပါသည်။ သို့ဖြစ်ပါသောကြောင့် ထိုတယ်လီဖုန်းမှာ (ဌာနဆိုင်ရာအသိုင်းအဝန်းမှ) တစ်စုံတစ်ဦးက ကျွန်တော့်၏ နာမည်ကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးအတွက် အသုံးချထားခြင်းဖြစ်ကြောင်း ပေါ်လွင် ထင်ရှားနေပါသည်။

ကျွန်တော့်အတွက် မိမိတွင် အမှန်တကယ်မရှိသော တယ်လီဖုန်းအတွက် အခွန်ငွေပေးဆောင် ရမည်ဆိုသော ကိစ္စမှာ အင်မတန်စိတ်အနှောက်အယှက်ဖြစ်ရရုံသာမက လူအများကြားတွင်လည်း အလွန်ပင်ရယ်စရာကောင်းသော ကိစ္စတစ်ခုဖြစ်နေပါသည်။ ယနေ့အချိန်အခါသည် နိုင်ငံတော်သမ္မတကြီးမှ ဦးဆောင်၍ Clean Government, Good Governance အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသော အချိန်ကာလဖြစ်ပါသဖြင့် သမ္မတကြီးနှင့်တစ်ကွ အစိုးရတစ်ရပ်လုံးအား ဂုဏ်သိက္ခာကျဆင်းစေနိုင်သည့် ထိုသို့သော ကိစ္စရပ်များအား တာဝန်ရှိသူများမှ လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ပါရန် ဤနေရာမှတစ်ဆင့် တင်ပြတိုင်ကြားအပ်ပါသည်။

ဦးသောင်းညွန့် (သတင်းထောက်)
အမှတ် (၁၀၈)၊ (၁၁) လမ်း၊ (၁၀) ရပ်ကွက်
ဖျာပုံမြို့

http://www.myanmartharkaung.net/2012/10/blog-post_2970.html     အဲ့ဒီမှာတွေ့လို့ မနေနိုင်တာနဲ့ ကူးတင်ပေးလိုက်တယ်  ဟိဟိ

မှတ်ချက် ။  ။  သက်ဆိုင်သူများ စိတ်မဆိုးရ။       :harr:

14 comments

  • နောက်ဆက်တွဲလေးကို သိချင်တာတော့်…ဘယ်လိုများ ဆက်လက်ဆောင်ရွက်ကြပါသတုန်း… ဖျာပုံကို လှမ်းစုံစမ်းမှထင်တယ်… :mrgreen:

    Reply

  • Ma Ei

    October 12, 2012 at 11:30 am

    အဲ့ဒီ့ ဖုန်းကို ဆက်မေးလိုက်ပါလား…
    ဘယ်သူလဲဟင် ဆိုပြီးတော့လေ…

    …ထိုတယ်လီဖုန်းမှာ (ဌာနဆိုင်ရာအသိုင်းအဝန်းမှ) တစ်စုံတစ်ဦးက ကျွန်တော့်၏ နာမည်ကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးအတွက် အသုံးချထားခြင်းဖြစ်ကြောင်း ပေါ်လွင် ထင်ရှားနေပါသည်။…

    Reply

  • မဖြစ်ဘူး … မဖြစ်ဘူး …
    ငါ့ အရှက်တော် ဖြန်းဖြန်း ကွဲရချေရဲ့ …

    ဟေ့ … စက်တွယ်ရေး အယာရှိ စိန်ဗိုက် ..
    ိကိုယ့်နဖူးကိုယ် ကြမ်းပြင်နဲ့ အခါ ၁၀ဝ တိုက်ပြီး ဒဏ်ထမ်းစေ ..
    ပီးရင် အဲ့ကိစ္စကို ရှင်း .. ဒါဗျဲ ..

    ဖွတဲ့ကောင် ငဘဲဥ ..
    မင်းလည်း ကိုယ့်ဥကို မကွဲကွဲအောင် ခွဲပြီး ဒဏ်ထမ်းစေ …
    ဒါဗျဲ …

    Reply

    • စိန်ဗိုက်ဗိုက်

      October 12, 2012 at 11:51 am

      အေးချေးနေချမ်းပါ..
      နာကိုမှားပြီး ဘီအီးကြွး လာတောင်းမှာချိုးလို ့ပုန်နေဒါ..
      ပေးစရာရှိတော့ မမှားဘူး..တောင်းစရာရှိတော့ မှားတောင်းတယ်..တဂဒဲ..တော်..

      Reply

    • ဘဲဥ

      October 12, 2012 at 12:39 pm

      အာဟိဟိ ဖွချင်စိတ်လေးကို မနည်း အောင့်ထားရတာ
      မနေနိုင်တော့တာနဲ့ဘဲ ဟီး ဟီး :mrgreen:

      Reply

  • Thu Wai

    October 12, 2012 at 12:07 pm

    အဲဒါသူတို့လုပ်ကွက်တွေထဲကမှ အကွက်သေးလေးတွေ ၁၅သိန်းတန် ဂျီကို သိန်းသုံးဆယ်လောက်ဖြစ်အောင်တောင် လုပ်သေးတာပဲ

    Reply

  • မောင်ပေ

    October 12, 2012 at 12:08 pm

    ဖျာပုံမှာ
    အာပုံရောင်းနေတဲ့
    အာဇံတုံးတော့
    နာပြီဆရာပေါ့
    သူ ့ခဗျာ
    အဲ့ဖုန်းနဲ ့
    အာပုံပတ်ပို ့နေတာကလား

    Reply

    • ဟုတ်ဘူး …
      ဖျာပုံမှာ အဲ့ဖုန်းနဲ့
      ဘောဒိုင် လုပ်နေတဲ့
      ထိပ်ပြောင်ပြောင်နဲ့ လူဂျီး နာမှာဒဲ့ …

      Reply

  • the best

    October 12, 2012 at 1:29 pm

    အခုထိ ဖုန်း တောင်းခံလွှာမှာ ဦးသောင်းညွန့်ရဲ့လိပ်စာ
    အမှတ် (၁၀၈)၊ (၁၁) လမ်း၊ (၁၀) ရပ်ကွက်၊ဖျာပုံမြို့။ လို ့ပဲရှိနေတာကြောင့်
    ဖုန်းဟာ တရားဝင်ရွေ ့ပြောင်းခြင်းမရှိသေးတဲ့အတွက်
    ဆက်သွယ်ရေးက သက်ဆိုင်ပတ်သက်တဲ့သူတွေကို အရေးယူခံရတော့မယ်လေ။

    အရင်ကလူတွေ အနားယူသွားတာတွေကိုပါ ဆွဲထည့်ရင် ပွဲကအရမ်းစည်သွားလိမ့်မယ်။
    ဘာဆက်ဖြစ်မလဲတော့မသိဘူး။

    Reply

  • ဦး ဂျစ်

    October 12, 2012 at 2:17 pm

    ဖုန်း ရလို့ ထုုတ်စဉ်က နိုင်ငံသားကဒ် နဲ့မှ ထုပ်ယူလို့ရတယ်မလား…
    မိတ္တူ နဲ့မှ ထုတ်ယူလို့မရတာလေ …
    စဉ်းစားရ ခက်ပါဘိ …။

    Reply

  • Mobile

    October 12, 2012 at 5:59 pm

    ဒီလိုသတင်းလေးတွေဆိုတော့ ထွက်ပေါ်လာပါတယ်
    အကယ်၍များ ထီပေါက်တာလူမှားပြီးလာပေးတယ်ဆိုရင်တော့
    ဘယ်လိုဖြစ်မလဲစဉ်စားစရာပဲ ကျုပ်အထင်တော့အသာလေးယူထားလိုက်မယ်ထင်တယ်

    Reply

  • padonmar

    October 12, 2012 at 8:11 pm

    အဲဒီငွေ မဆောင်ပဲနေလိုက်ပါ။ ပြစ်ဒဏ်က ဖုန်းပိတ်တာလေ။
    ကိုယ့်ဖုန်းမှ မဟုတ်တာ ဘာပူနေစရာလိုလဲ။
    ကျမတို့ အိမ်လိပ်စာနဲ့လည်း ဖုန်းဘီလ်တွေ မှားရောက်တာ လစဉ်ပါပဲ။
    စာဝေသူကိုပြောပြလို့မရတော့ ဒီလိုပဲကြည့်နေလိုက်တာပေါ့။

    Reply

  • hein htet

    October 12, 2012 at 8:33 pm

    ဟိုဖက်မှာ ပြောထားတဲ ့တစ်ယောက်လို ့ပဲ..အဲဒီ ဆက်သွယ်ရေးက အကြီးအကဲတွေ..ဒေသတွင်းနိုင်ငံတွေမှာ ရက်တို သင်တန်းပေးသင့်ဒယ်.မဟုတ်ရင်..မြန်မာ ပြည်သူတွေရှေ ့မှာ ကျွန်တော်တို ့သေသင့်ပါတယ်လို ့ပြောပြီး..ကိုယ့်.ဟိုဒင်းကိုထုပြီး သေကြကွာ..လေဒယ်

    Reply

  • captainamerica

    October 13, 2012 at 8:03 pm

    ၂၀၁၂ ရဲ့ဟာသအမြောက်ဆုံးသီတင်တစ်ပုဒ်ပါပဲ။ဖြစ်မှဖြစ်ရလေတော်ရေ 😆
    အဲလောက်ထိလွဲလွန်းတဲ့ဝန်ထမ်းတွေကိုတစ်ခုခုတော့အရေးယူသင့်ဒယ်။

    Reply

Leave a Reply

Your email address will not be published.