အပြစ်တဲ့လား ချစ်သူရယ်……………..

ကာရံOctober 11, 20121min015

ရက်စက်ခဲ့သူရေ လက်နက်မဲ့နေတဲ့

ငါ့နှလုံးသားက ပြစ်လွှတ်လိုက်တဲ့

မင်းလေးရဲ့စကားလုံးတွေအောက်မှာ

ငါဒူးထောက်ကျရှုံးခဲ့ပြီလား…………….

မကြင်နာတက်တာလား အကြင်နာမဲ့တာလားတော့မသိခဲ့တာ

ရိုးသားလှတဲ့ ငါ့အချစ်တွေက မင်းလေးအတွက်တော့

အပြစ်တွေဖြစ်တည်နေခဲ့ပြန်ပြီလား

စိတ်ဆိုးတိုင်းချော့ခဲ့ရတဲ့ ခုံတန်းလျှားလေးက

အခုတော့ ငါ့တစ်ယောက်တဲ့ ဖြစ်တည်နေခဲ့ပြီပေါ့

ကျေနပ်ပါတယ်ချစ်သူရယ် အပြစ်တွေဘယ်လောက်ဘဲများများ

ငါပေးဆပ်ခဲ့တဲ့ မေတ္တာရေစဉ်လေးတွေကတော့

မင်းလေးရဲ့ဘေးနားမှာ အရိပ်အဖြစ်ရပ်တည်ခွင့်လေး ရခဲ့မယ်ဆိုရင်

ငါလေ……………………

ပိတောက်မိုး

15 comments

  • we R one

    October 12, 2012 at 3:41 pm

    အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတယ်နောက်…………….ဖြစ်သမျှဟာ အကောင်းပဲပေါ့…….:D
    အားပေးသွားပါတယ်ဗျို့……..

    Reply

  • အလင်းဆက်

    October 12, 2012 at 8:35 pm

    မိုးပိတောက်လို့ခေါ်မယ် ။

    ခညားက ကဗျာ ဇ မသေးဘူးနော် ။
    အားကျတယ်
    ဂယ် ။
    :kwi:

    Reply

  • ငါလေ ….
    ဆိုတော့ ဘာဖြစ်တုန်းဂျ …
    စိတ်ရှိ လက်ရှိ ခုန်ပေါက် ပစ်လိုက်ချင်တယ် ဆိုပြီး လုပ်လိုက်ပါ့လား …
    အဟီး ….
    :kwi:

    Reply

  • မောင်ပေ

    October 12, 2012 at 9:46 pm

    အပြစ်တဲ့လား
    မချစ်နဲ ့သွား
    ပစ်ခဲ့တစ်အား
    ယစ်မဲ့နွား

    Reply

    • နွားကိုရစ်တာကြိုး
      အားနဲ့ပစ်လိုက်တော့ ကျိုး
      သွားနဲ့ခြစ်လိုက်တော့ အရှိုး
      အဲဒါအပြစ်လား အားကို လို့မေးတာက
      အိမ်ဘေးနားက ရှမီလာတဂိုး
      လောလောဆယ်တော့ ပြန်ပြီဗျိုး းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

      Reply

  • padauk moe

    October 12, 2012 at 10:23 pm

    တယ်လဲကာရံကိုက်ပါတယ်ကွယ် မအားလို့သူငယ်ချင်းအားလုံးကိုစာမပြန်ဖြစ်တာတောင်းပန်ပါတယ်နော်
    နောက်မှအေးဆေးစာဖတ်ပြီး ပြန်ရေးပေးမယ်နော်

    Reply

  • Mobile

    October 12, 2012 at 11:27 pm

    ပိတောက်ဆိုတာတစ်နှစ်မှာတစ်ခါပဲပွင့်တာမို့
    တစ်သက်မှာတစ်ယောက်ပဲချစ်ခဲ့မိတာကို
    မင်းအသိအမှတ်ပြုပေးနိုင်မယ်ဆိုရင်. . . . .

    Reply

    • Mလုလင်

      October 13, 2012 at 8:59 am

      ကျနော် တို့ ရွာမှာတော့ ကိုရွှေပိတောက် က .. ၁ နှစ် ကို ၂ ခါ ပွင့်တယ်ဗျ … အဟီး .

      Reply

      • ပိတောက်နဲ့ ပတ်သက်ပြီး
        ကျုပ် သိထားတာကတော့လေ …
        ဘာတဲ့ …
        “တစ်ယောက်ဆို တစ်ယောက်
        ပိတော်ဆို ပိတောက်
        ပိတောက် ခြောက်တော့ နောက်တစ်ယောက်” …. တဲ့ …။

        Reply

        • Mလုလင်

          October 13, 2012 at 11:10 am

          ကျုပ်ကြားဖူးတာ ကတော့ ” ပိတောက် ဆို ပိတောက် ၊ အခြောက် ဆို အခြောက် –
          ပိတောက် ပင်ကြီး လဲ တော့ ၊ အခြောက်-င် ကြီး …. ” အဲ့လို မျိုး .. :kwi:

        • မောင်အံစာ
          အဲဒါ သူများသီချင်းစာသားလေ …………………
          သင်္ကြန်သီချင်းလေ ဝေလျှံ ဆိုထားတာလေ
          သူ့ကို…………….ခရက်ဒစ်ပေးလိုက်ပါ………………….

  • Novy

    October 13, 2012 at 10:58 am

    မင်းလေးရဲ့ဘေးနားမှာ အရိပ်အဖြစ်ရပ်တည်ခွင့်လေး ရခဲ့မယ်ဆိုရင်
    ငါလေ……………………
    ဘဝဆက်တိုင် မေတ္တာရေစဉ်လေးတွေ
    သွန်းလောင်း နေအုံးမှာပါ
    မင်းကျေနပ်တဲ့ အထိပေါ့
    ချစ်သူ……

    Reply

  • ရေစဉ်လေးတွေ
    သွန်းလောင်း နေအုံးမှာပါ

    မနိုရေ
    ဒီရေစဉ်က လောင်းလို့မရဘူး
    ဒီရေစင်ကမှ သွန်းလောင်းလို့ရတာ

    Reply

Leave a Reply

Your email address will not be published.