ငြိမ်းချမ်းပါစေ

linnlinnnSeptember 21, 20121min04

ဒို့တတွေရဲ့မြေမှာ
ဒို့တတွေအတွက်တဲ့
တဒိုင်းဒိုင်းဖောက်နေတဲ့
သေနတ်သံမစဲသေးပါဘူး..
ဒို့မှာ ကိုယ်ပိုင်အိမ်ရှိရဲ့သားနဲ့
ဒို့မှာ ကိုယ်တိုင်စားသောက်နိုင်ရဲ့သားနဲ့
ဒို့မှာ ဝတ်ဖို့ပူစရာမလိုရဲ့သားနဲ့
အခုတော့
အိုးအိမ်မဲ့ခဲ့ပြိ
စားစရာမဲ့ခဲ့ပြီ
သူများပေးမှာ
သူများကျွေးမှာကို
မျှော်နေရတဲ့ဘဝဖြစ်ရပြီ
ဒို့တတွေရဲ့ရင်ထဲမှာလဲ
ကြောက်စိတ်ကအပြည့်ပါပဲ…..
ဒို့ရဲ့အနာဂတ်ကြယ်ပွင့်တွေကို
ကြောက်ရွံ့စိတ်တွေမပြချင်လည်းပဲ
သူတို့ကိုယ်တိုင်မြင်နေခဲ့ရပြီ
ဒို့မြေမှာ ဒို့ဟာဒို့ကိုင်းစိုက်ပြီ ငြိမ်းချမ်းခဲ့ရဲ့သားနဲ့
ဒို့မြေမှာ ဒို့ဟာဒို့လယ်စိုက်ပြီ ငြိမ်းချမ်းခဲ့ရဲ့သားနဲ့
ဒို့မြေမှာ ဒို့ဟာဒို့ ခေါင်ရည်သောက်ပြီ ငြိမ်းချမ်းခဲ့ရဲ့သားနဲ့
သတို့တတွေက ဒို့တတွေအတွက်
သေနတ်ဖောက်ပြီ
ငြိမ်းချမ်းရေး စကားဆိုကြတဲ့….

4 comments

  • Mon Kit

    September 21, 2012 at 1:24 pm

    ဖတ်ရှု အားပေးသွားတယ်နော်… 🙂

    Reply

  • ကိုခင်ခ

    September 21, 2012 at 1:49 pm

    ငြိမ်းချမ်းတာကတော့ အကောင်းဆုံပေါ့ဗျာ။

    Reply

  • mayjuly

    September 21, 2012 at 4:25 pm

    ဒီနေ့ ရန်ကုန်မြို့မှာတော့ ကိုငှက်သီချင်းနဲ့ ငြိမ်းချမ်းပါစေ ဆုတောင်းနေကြပါပြီ…

    Reply

  • ဒုတ်ထိုး

    September 21, 2012 at 9:35 pm

    ဂဇက် ဝိုင်းတော်သူားများကလဲ ငြိမ်းချမ်းရေး ကို လိုလားကြသူများဖြစ်ပါတယ် ၊
    ငြိမ်းချမ်းရေး အတွက် အမြဲ ဆုတောင်းနေကြပါတယ် ။
    ငြိမ်းချမ်းမှု ကိုသာ အလိုအပ်ဆုံးပါဗျား ။

    :hee:

    Reply

Leave a Reply

Your email address will not be published.