တက်သိမ်းအင်း……..မိုးနေ့လည်ခင်းက တိမ်အဆင်

1 မြောက်ဘက်ကနေမြင်ရတဲ့အနောက်ဘက်က ထန်းပင်နဲ့တိမ်
2 တိမ်ပန်းချီ ဆေးခြယ် ရေဝယ်အရိပ်ကျ ငေးမောခဲ့ရတဲ့ကျနော်
3 ဟိုး အဝေးမှာတိမ်တွေလှပ………………………….
4 သဘာဝအလှကို လိုက်မမှီနို်င်လောက်ဘူးနော်
5 အပြာရောင်လွှမ်းတဲ့ မိုးညနေခင်းလေး
6 မြောက်ဘက်ခြမ်းကိုမြင်ရတာပါ
7 တိမ်စုတ်ချက် ပက်ထားပုံက ရင်ခုန်ချင်စရာ
8 တိမ်အလွင့် စိတ်အလွှင့်
 

9 စိမ်းမြသစ်ပင် ပြာလွင်ကောင်းကင် ဖြူစင်တိမ်အရိပ်
10 ခုန်ချတော့ မယောင်ယောင်
11 တက်သိမ်းအင်းကို အရှေ့ဘက်ကနေလှမ်းရိုက်ထားတာ
12 ငယ်က သီချင်းလေးသွားသတိရတယ် ပြာလွင်လွင်ဝေဟင်ထဲ…………………..
 

13 တူသလိုလိုနဲ့မတူဘူးနော်
14 တိမ်မွမွလေးတွေမြင်ရတာအူယားစရာ
15 ရင်ခုန်စေသော
 

“တက်သိမ်းအင်း……….. မုးိညနေခင်းလေးရဲ့ တိမ်အဆင်……………”

 

 

စက်တင်ဘာလ တစ်ရက်နေ့က ကျနော်အလုပ်ပိတ်တဲ့နေ့ဖြစ်ပါတယ်.။

မနက်ပိုင်းမှာတော့အောင်ပင်လယ် ဘက်ကိုသွားဖြစ်ပါတယ်။

နေ့လည်ထမင်းစားပြီးတဲ့အခါ အိမ်အနောက်ဖက်က တက်သိမ်းအင်းဘက်လှမ်းကြည့်တဲ့အခါ

ကောင်းကင်ပြာကြီးအောက်မှာ တိမ်တွေအရမ်းလှနေတာကိုမြင်လိုက်ရပါတယ်။

အဲဒါနဲ့ကင်မရာယူပြီး ကန်ဘက်ကိုထွက်လာခဲ့ပါတယ်။

စစခြင်းကန်အနောက်ဘက်ခြမ်းကနေ ထန်းပင်လေးရှိတဲ့ဘက်ကိုလှမ်းလို့ကြည့်။

ကန်ဘောင်အမြင့်ကနေ ရိုက်ရတာအားမရတော့ကန်ဘောင်အခြေက ရေစပ်ကိုဆင်းရိုက်ပါတယ်။

အဲဒီအခါမှ တိမ်တွေက ကျနော့်ခေါင်းပေါ်ကိုအုပ်မိုးကျလာသလို မြင်ရပါတယ်။

ဒီဘက်ကရိုက်လို့ဝတော့ အင်းရဲ့တောင်ဘက်ခြမ်းကိုသွား မြောက်ဘက်ခြမ်းကိုရိုက်။

နောက်တော့ မြောက်ဘက်ခြမ်းကားလမ်းပေါ်ကနေပြီး တောင်ဘက်ခြမ်းကိုရိုက်။

ကန့်အရှေ့ဘက်ကို သွားလို့ ကန်အနောက်ဖက်ခြမ်းကိုရိုက်။

ရိုက်………………ရိုက်………………….ရိုက်လို့ မဝနိုင်အောင်ပါဘဲ.။

ခါတိုင်းဆိုရင် တိမ်တွေက လေအဝေ့မှာခဏလေးနဲ့ပါသွားတတ်ပါတယ်။

အဲဒီနေ့ကတော့ကံကောင်းထောက်မစွာနဲ့ တိမ်တွေက အတော်နဲ့မရွှေဘဲငြိမ်နေတော့

မိုးညနေခင်းလေးတစ်ခုရဲ့လှပသော တိမ်များကို သူများတွေကြည့်ခွင့်ရအောင်

မျှဝေခွင့်ကြုံ့လိုက်ပါတယ်။

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(9-9-2012)

 

 

 

 

20 comments

  • Hnin Hnin

    September 13, 2012 at 10:58 am

    ကြည့်ရသမျှ ပုံအတော်များများကြိုက်လို့ ဓာတ်ပုံပြိုင်ပွဲဝင်ပြိုင်ပါလားရှင်….
    (ပြိုင်ပြီးပြီလား..ပညာရှင်လားတော့မသိပေမယ့်..)

    Reply

  • Hnin Hnin

    September 13, 2012 at 11:05 am

    ခုနသူများထက် အရင်လုရေးတာ.. း)…
    ဆက်ရန်…ပုံတွေကလည်းမိုက်..စာသားတွေကလည်းခိုက်…ပါလို့..
    ပြာလွင်လွင်ဝေဟင်ထဲ ဝဲလာတဲ့ငှက်ငယ်ရယ်..အိုးးးးဝိုး..လေဟုန်စီးပြီးခရီးပင်လယ်..
    အပြောကျယ်ကျယ်..တောင်ပံဖြန့်လို့…..(ရတော့ဘူး..ခင့်လွှတ်)

    Reply

  • ကိုပေါက်(မန္တလေး)

    September 13, 2012 at 12:05 pm

    Hnin Hnin ရေ
    အားပေးတာ ကျေးဇူးပါ။
    ဝါသနာရှင်သက်သက်ပါဘဲ။
    ပြိုင်ပွဲမဝင်ဘူးပါခင်ဗျာ။

    Reply

  • Ma Ei

    September 13, 2012 at 12:34 pm

    ရန်ကုန်ညနေမှာတော့
    ဒီလောက်လှတဲ့တိမ်တွေကို
    မတွေ့ရသေးဘူးကိုပေါက်ရေ…
    မနေ့က အပြန် သက်တန့်ကြီးတွေ့လို့
    ကင်မလာလေးထုတ်ပြီးဓါတ်ပုံရိုက်မိတာ
    သူများတွေကကြည့်ကြည့်သွားလို့
    လက်မရဲတော့တာနဲ့သိမ်းလိုက်ရတယ်…

    Reply

    • ပြီးခဲ့တဲ့ဥပုဒ်နေ့ကပေါ့ နေပူထဲ တစ်ယောက်ထဲ သဲကြီးမဲကြီး ဓါတ်ပုံရိုက်နေတာ
      သူများတွေက ကြည်ပြီးရီသွားတယ်

      Reply

  • မောင်ပေ

    September 13, 2012 at 1:33 pm

    ကိုပေါက်ရေ
    အဲဒီအင်းက ထွက်တဲ့ ငါးသည်လေးတွေပုံတွေကိုလဲ ရိုက်တင်ပေးပါဦး

    Reply

  • Shwe Ei

    September 13, 2012 at 3:08 pm

    ဒါ့ပုံတွေကြည့်ရင်း ဂယ်ရောက်သွားသလို ခံစားရပါတယ်လေးပေါက်ရေ။ မန်းလေးရဲ့အလှကို ဒါ့ပုံထဲက ခံစားရတာအားမရလို့ ရောက်အောင်လာချင်ပါသေးတယ်။

    Reply

  • လာစမ်းပါအေ…………..
    ဖရဲရှိတယ်
    မောင်ပေရှိတယ်
    ဘဲဥရှိတယ်
    ဖိုးထောင်ရှိတယ်
    ကိုခင်ခရှိတယ်
    ကိုစိန်သော့ရှိတယ်
    အသက်ငယ်တဲ့လူအပေါ်ဆုံးကထားတာနော်

    Reply

    • Shwe Ei

      September 13, 2012 at 4:51 pm

      တိန် !

      Reply

      • မဟာရာဇာ အံစာတုံး

        September 13, 2012 at 6:31 pm

        အနော်ဂေါ ..
        လာလို့ ရမလားဟင် .. 🙄
        ဖေဂျီး ရောက်ဖူးတဲ့ နေရာတွေ
        ဖဒီး လိုက်ပို့ပေးမယ် ဆိုရင်တော့
        လာမယ်ဗျာ .. ကြာသလားလို့ … 😀

        Reply

  • ညလေး

    September 13, 2012 at 5:00 pm

    အဟင်……ရို်က်ချက်တွေ……ပုံ3.5.9.11.14 ..အဲ.ပုံတွေက ရှယ်ပဲလေးပေါက်ရယ်….အူးဂီရဲ. ငါးမျက်စိ စိန်ပြောင်းနဲ့သာဖိုက်ရရင်တော့…..မတွေးရက်စရာပဲ……အားကျရုံပဲတတ်နို်င်တယ်လေးလေးရယ်…..
    အဲ့လိုတွေရိုက်ချင်တယ်……

    Reply

  • ရွှေ ကြည်

    September 13, 2012 at 6:21 pm

    လေးပေါက်ရေ ရွှေကြည်ကလေတိမ်ဖြူဖြူတွေအဆုပ်လိုက်လွင့်လာတာမြင်ရင်သဘောကျတယ်။
    မိုးတိမ်မည်းမည်းတွေတက်လာရင်တော့ကြောက်သလိုပဲ ကိုယ်က အမိုးအကာအောက်ရောက်နေရင်တော့
    သဘောကျပြီးငေးကြည့်ရဲတယ် အပြင်မှာဆိုရင်တော့ ပြေးတာပဲ။
    တိုက်ခန်းဝရံတာကနေ တိမ်မည်းတွေလေနဲ့ပြေးလာတာတွေ့ရင်ရပ်ငေးနေမိတာပဲ။

    Reply

  • char too lan

    September 14, 2012 at 10:16 am

    မြင် သ မျှ တွေ ့ သ မျှ အား လုံး သ ဘော ကျ !! 😀

    Reply

  • aye.kk

    September 14, 2012 at 11:17 am

    ကိုပေါက်ရေ…။
    တိမ်ပြာပြာတွေရိုက်ထားတာ၊အရမ်းလှတယ်။
    တိမ်ပြာပြာရက်များကလည်း…အရမ်းလှတယ်။
    တိမ်ပြာပြာတွေမြင်ရတော့…
    (ဟိုးအရင်တုံးကပေါ့နော်)
    ရင်ထဲမှာကဗျာတပုဒ်ဖြစ်ထွန်းဘူးတယ်။
    သူ ့အားတသက်….
    မေ့ရခက်တာ…
    တိမ်ပြာမှုံရီ…
    နွေတေးသီတဲ့၊ပန်းချီရက်များလေ။။

    Reply

  • ကိုပေါက်(မန္တလေး)

    September 14, 2012 at 11:47 am

    နွေတေးသီ
    ဥဩငှက်
    နွေရွက်ကြွေ
    မြေမှာသက်
    တိမ်မူံပြာရီ
    ကောင်းကင်ထက်
    ချစ်မိသူကို
    မေ့ရခက်
    လွမ်းတသက်သက်…………………………………..

    Reply

  • aemoshu

    September 15, 2012 at 1:12 pm

    မိုးနေ့လည်၊ တိမ်အဆင်
    ပြာလွင်လွင် ကောင်းကင်ထက်
    ဝဲလျှက်ပင်။
    လေအလျှင် သယ်ဆောင်သွားလို့
    တိမ်ရုပ်များ ရေမှာရေးကာပ
    တက်သိမ်းအင်း အလှကြွယ်ပုံများ
    ဩချလောက်ပင်။

    Reply

  • Mလုလင်

    September 15, 2012 at 11:34 pm

    ရွာမလည် ဖြစ်တာနဲ့ မတွေ့ဘူး .. ဖေ့ဘုတ် ပေါ်မှာ မန့်ပြီး လို့ link တွေ့မှ လာပြန်မန့် ရတော့တယ် …။
    ကျနော် တော့ ဟို တစ်ပုံ လေးကြိုက်တယ်ဗျာ .. ဖေ့ဘုတ် မှာ လဲ ပြောထားသေး .. 🙂 Subject လေး တစ်ခုလောက် ပါလိုက် ရင် .. ပို အသက်ဝင် သွားလောက်မယ် နော် ..။

    Reply

  • လုလင်ရေ အဲဒီနေ့က လှေရှာတာ တစ်စင်းမှ မတွေ့ဘူး။
    လှေလေးတစ်စင်းလောက်သာ ပါလို့ကတော့ မိုက်မှမိုက်ဘဲ။

    Reply

Leave a Reply

Your email address will not be published.