ကြောက်စရာ အနိစ္စ

မောင် ဓုဝSeptember 5, 20121min01

အရက်သမား တစ်ယောက် အရက်မူးရာကနေ အရက်မူးပြေသွားတာကို အနိစ္စလို့ ပြောမလား။ဟုတ်တယ် မူးတာကလဲ မမြဲတာဆိုတော့ အနိစ္စလို့ပြောရမှာပါ။

ဒါက ပရမတ် လို အနိစ္စပါ။အရိယ သစ္စာထိုက်တဲ့ အနိစ္စ မဟုတ်ပါဘူး။ဒါဆို အရိယသစ္စာထိုက်တဲ့ အနိစ္စက ဘယ်လိုလဲ ဆိုတော့ အရက်သမားကြီးဖြစ် သွားတာ

ကို ပြောရမှာပါ။ဘာဖြစ် လို့လဲဆိုတော့ လူကောင်း အဖြစ်ကြီးပျက်စီးသွားလို့ပါပဲ။ ဖြစ်ပြီးပျက်သွားတဲ့ အနိစ္စက သဘာဝတရားပါ။ ဘယ်အဝိဇ္ဇာကြောင့်မှ မဟုတ်

ပါဘူး။လူကောင်းအဖြစ်ကြီးပျက်စီးသွားတဲ့ အနိစ္စက သဘာဝ မဟုတ်ပါဘူး။ အဝိဇ္ဇာကြောင့်ဖြစ်တာပါ။ ဒါကြောင့်  ဖြစ်ပြီး ပျက်သွားတဲ့ အနိစ္စကေ ကြာက်စရာ

မဟုတ်ပါဘူး၊ လူကောင်းအဖြစ်ကြီး ပျက်စီးသွားတဲ့ အနိစ္စကသာ ကြောက်စရာ အကောင်းဆုံးပါ။

One comment

Leave a Reply