အိပ်မက်တွေက သေနေတုန်းပဲ

SawAungAugust 31, 20121min02
မှောင်နေတဲ့ အိပ်မက်ထဲက အလင်းအချို့ကို ကောက်ယူကြည့်မိတယ်။
အိပ်မက်တွေဟာ အိပ်မက်ဆက်မက်နေတုန်းပဲ
သုံးမရတဲ့အလင်းအချို့နဲ့ ဆက်နေတဲ့ အိပ်မက်တွေ
အခု…. အိပ်မက်သချို င်္င်းမှာ အစီအရီ
ဒါကနင့်အိပ်မက်…ဒါကဘယ်သူ့အိပ်မက်…ဒါကငါ့အိပ်မက်….
အတုံးအရုံးလဲကျနေတဲ့ အိပ်မက်တွေ
စစ်တမ်းမကောက်နဲ့ ရူးသွားမယ်။

 

ဖေဖေပြန်လာပါ သားတစ်ယောက်ရဲ့အိပ်မက်
J’donut (ဂျေဒိုးနပ်)စားချင်တယ် ၊ ကျောင်းတက်ချင်တဲ့ အိပ်မက်တွေ
ဆိုဒါဂျူ့(Soda Juice)တွေလို အမြုပ်တစ်စီစီ လွင့်ပျယ်သွားတယ်။
ဖိတ်စာထဲမှာ အိပ်ရာလည်းပါတယ်။
ဖိတ်စာမပါတဲ့ အိပ်ရာတွေက အခုထိမိုးတစိမ့်စိမ့်(အေးစက်စက်နဲ့)သေဆုံးသွားတယ်။
သေနေတဲ့အိပ်မက်တွေကို လက်ထဲထည့်၊ ရင်ဘတ်ထဲထည့်….
အခုထိ ညဥ့်နက်လမ်းပေါ်မှာ လမ်းမှောက်နေသူတစ်ယောက်။
အိပ်မက်တွေရှင်သန်ခွင့်ပေးပါ
အိပ်မက်တွေရှင်…သန်..ခွင့်..ပေးပါ….. ဟစ်အော်ရင်း
သေနေတဲ့အိပ်မက်တွေကို ရင်ဘတ်ထဲက တစ်စချင်းစီဆွဲထုတ်
ခင်ဗျားရယ်… ကျွန်တော်ရယ်….  သူရယ်…..  မင်းရယ်….
ဆွဲထုတ်…ဆွဲထုတ်…. ဟစ်အော်ရင်း…..
အိပ်မက်တွေက သေနေတုန်းပဲ။
အောင်မိုးသူ (စူးရှ)
ဇူလိုင်လ ၈ရက် ၂၀၁၂ခုနှစ်
ဗုဒ္ဓဟူးနေ့။
နံနက် ၁၁နာရီ ရမိနစ်။

2 comments

  • မောင်ပေ

    August 31, 2012 at 8:08 pm

    အိပ်မက်သေ
    နှိပ်စက်နေ
    အိပ်ကပ်ငွေ
    စိတ်ပျက်လေ
    လိပ်ယှက်စေ

    Reply

  • Mobile

    December 13, 2012 at 9:13 pm

    လိပ်ယှက်စေ
    သိပ်ခက်ပေ
    မအိပ်တက်ပေ
    အိပ်မက်နေ
    အနိုးခက်သလေ

    Reply

Leave a Reply

Your email address will not be published.