ရယ်ရယုံ (၇)

etoneJuly 8, 20101min01

နမောတဿ ဘဂဝတော အရဟတော သမ္မာသံဗုဒ္ဓသ

ဘုရားရတနာ တရားရတနာ သံဃာရတနား ရတနာမြတ်သုံး အပါးကို အပာံအကျွန်ုပ်သည်
ရိုသေမြတ်နိုးလက်စုံမိုး၍ ဦးစွာပထမ ရှိခိုးကန်တော့ အပ်ပါသည်။
ထိုမှတဖန် အကျွန်ပ်ရင်တွင်းမှ ဝိညာဉ် နာမ်ရုပ် ဖဿ ပာူသော ပရိစ္စ
သမ္မုပ္မတ်စက်ဝိုင်းအား ကျော်လွန်၍
ရိုသေလေးမြတ်စွာစာရေးအစီအရင်ခံ

လိုက်ပါသည် ချစ်နှမ။ ချစ်နှမ၏ မျက်နှာကို
မြင်ရသည့်နေ့မှစ၍
မောင့်မှာ နှမ၏ လှပသော ယူပါရုံကြောင့်
အူတွေဘာတွေခုန်ကာမနေနိုင်မထိုင်နိုင် မျောက်မီးခဲကိုင်မိသလို
ကျွမ်းပြန်နေရပါပြီ။

နှမအပေါ်တွင် မောင့်မှာမေတ္တာစိတ်များ တစ်နေ ့တစ်ခြား ပွားများလာကာအတ္တလနိ
္တတ်သမုဒ္ဒရာကြီးထဲက
လှိုင်းတန်ပိုးများကဲ့သို့ တလုံးပြီး တလုံးထကြွလာပါတော့သည်။
နှမစိတ်ကြောင့် မောင့်မှာ အခွေ့ခံရပါပြီ။
မောင့်ကိုသနားရင်ချစ်ပါ။ နှမက ချစ်မယ်ဆိုရင် မောင်ကအုန်းသီးပေးမယ်။
နှမ၏မျက်နှာကလေးကို မြင်ရတိုင်းမောင့်စိတ်ထဲမှာ ဖရဏာ ပီတိ
ဂွမ်းဆီထိသလိုအကြိမ်ကြိမ် ဖြစ်မိပါပြီ။
မောင့်မှာ နှမအတွက် ပင့်သက်ကို အနိုင်နိုင် ရှူနေရပါသည်။
သနားတော်မူပါ အိုချစ်နှမ။

မောင့်မှာ ကံမ္မဝဋ်စရ ကုသိုလ်ကံကြောင့် ဆိုက်ကားနင်းနေရသော်လည်း
မောင်တို့အမျိုးပာာ မညံ့ခဲ့ပါ။ မောင့်အမျိုးဟာ ကုန်းဘောင်အဆက်ပါ။
ဧရာဝတီမှာ သဘောင်္ကုန်းဘောင်ဆက်သော ခေါ်တောကုလားဟာ
မောင့်ဦးလေးပါ။မောင်တို့အမျိုးပာာ ဆိုရင် ယနေ့ယခု ဩကာသလောကတိုင်အောင်
ဘုရားအထူးခံနေရဆဲပါ။ မောင့်ဘိုးအေဟာ ကျောင်းထိုင်ဆရာတော်ကြီး ဦးသောဘိတပါ။
မောင်ဟာအင်္ဂလိပ်စာမတတ်သော်လည်း သပိတ်မှောက် ကျောင်းသားအစစ်ပါ။
ဦးသောဘိတကျောင်းမှာ ဘုန်းကြီးကျောင်းသားလုပ်နေစဉ်အခါတုံးကသူ့သပိတ်ကို
သယ်ပေးရင်းက သပိတ်မှောက်ကျခဲ့တာပါ။ ဒါကြောင့်
သုံးဆယ်ရှစ်ဖြာတစ်ရားတော်နဲ့အညီ လူတဖက်သားအား မေတ္တာတော် ပွားများ၍
ချိုသီ၊ ခါးသီ၊
အီ၂လီကို စာပြန်ပေးတော်မူပါ…ချစ်နှမ

ချစ်နှမအတွက် သောက ပရိဒေဝ ဒုက္ခဒေါမဏဿမီး တောက်လောင်နေသူ
မောင်မောင်

——— fwd message ကနေရတာပါ ။ share လုပ်ရုံသက်သက်ပါ ။ ဘာသာရေးကိုမလေးမစားလုပ်တာမဟုတ်ရပါဘူး ။

One comment

  • marnat

    July 12, 2010 at 5:48 am

    buddha-love

    Reply

Leave a Reply

Your email address will not be published.