အရေအတွက် က တော့ထိပ်ဆုံးမှာ

ShwemannmayJuly 8, 20102min02

မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် အရေအတွက်မှာ ၁၅၉ ခုအထိ ရှိလာကြောင်း သိရှိရသည်။ ယင်းသို့ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖွင့်လှစ်သင်ကြားပေးနေသော တက္ကသိုလ်၊ ကောလိပ် နှင့် ဒီဂရီကောလိပ်များ၏ အရေအတွက် စုစုပေါင်းသည် အာဆီယံဒေသတွင်း နိုင်ငံများတွင် အရေအတွက် အများဆုံးဖြစ်ကြောင်း သိရှိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် အရေအတွက် ၁၅၉ ခုတွင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် အရေအတွက်မှာ ၁၃၉ ခု၊ အခြားဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် ကောလိပ်နှင့် ဒီဂရီကောလိပ် အရေအတွက်မှာ ၂ဝ ခု ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်တွင် ၁၉၈၈ ခုနှစ်က တက္ကသိုလ်ကောလိပ်နှင့် ဒီဂရီကောလိပ် အရေအတွက်မှာ ၃၃ ခု ရှိခဲ့ပြီး ကျောင်းသူကျောင်းသား အင်အားမှာ ၁၃၈၈၃၁ ဦး ရှိခဲ့ပြီး ဆရာ၊ ဆရာမ အင်အားမှာ ၆၅၂၅ ဦး ရှိခဲ့ကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်တွင် တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ်အရေအတွက်မှာ ၁၃၉ ခုထိ ရှိလာခဲ့ပြီး ကျောင်းသူကျောင်းသား အင်အားမှာ ၅၀၀၈၀ရ ဦး ရှိလာကြောင်း သိရသည်။ ဆရာ ဆရာမ အင်အားမှာလည်း ၁၄၉၉၂ ဦး ရှိလာခဲ့သည်ဟု သိရသည်။

Students at the Ferry Stand

တက္ကသိုလ်၊  ကောလိပ်နှင့် ဒီဂရီကောလိပ်အများစုမှာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် တည်ရှိကြပြီး ကျောင်းသား ကျောင်းသူနှင့် ဆရာ ဆရာမ အင်အားမှာလည်း အများဆုံး ရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် အခြားဝန်ကြီးဌာနများ လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ် အရေအတွက်မှာ ၃၂ ခုရှိနေပြီး ပညာရေးဝန်ကြီးဌာန လက် အောက်ရှိ တက္ကသိုလ်နှင့် ကောလိပ် အရေအတွက်မှာ ၁၂ ခုဖြင့် အများဆုံးတည်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် အခြားဝန်ကြီးဌာနများ လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ် အရေအတွက်မှာ ၂၈ ခု ထိရှိပြီး သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဌာနလက်အောက်ရှိ တက္ကသိုလ်နှင့် ကောလိပ်အရေအတွက် ၁၄ ခုရှိပြီး အများဆုံးဖြစ်နေကြောင်း သိရသည်။

တက္ကသိုလ်အများစုတွင် ဘာသာရပ်အသစ်များလည်း တိုးချဲ့သင်ကြားပေးနိုင်မှု ရှိလာပြီး ဘာသာရပ်အချို့တွင် သင်ယူနေသည့် ကျောင်းသူကျောင်းသား အင်အားထက် ဆရာဆရာမ အင်အားသည် ဖွဲ့စည်းပုံအရ ပိုမိုများပြားနေသည်ဟု သိရသည်။

တက္ကသိုလ်ကောလိပ် ဒီဂရီကောလိပ်များမှ ဆရာ ဆရာမအင်အား (၁၉၈၈)

ဝန်ကြီးဌာန အရေအတွက်
ပညာရေး ၅၆၃၈
သိပ္ပံနှင့်နည်းပညာ ၂၉၆
ကျန်းမာရေး ၅၉၁
စုစုပေါင်း ၆၅၂၅

eleven မှာ ဖတ်ရတာပါ။

အရေအတွက်ကတော့ ထိပ်ဆုံးရောက်သွားပါပြီပေ့ါ။

အရည်အချင်းကရော…………….ဘယ်နေရာမှာပါလိမ့်။

ထိပ်ဆုံးတော့ထိပ်ဆုံးမှာပါပဲ။

နောက်ဆုံးကနေ ကြည့်ပေါ့။ ကြည့်တဲ့လူအပေါ်မှာမူတည်ပါတယ်။

တက္ကသိုလ် ကောလိပ် ဒီဂရီကောလိပ်များမှ ဆရာဆရာမ အင်အား (၂၀၀၉)
ဝန်ကြီးဌာန အရေအတွက်
ပညာရေး ၁၁၅၄၆
သိပ္ပံနှင့်နည်းပညာ ၇၁၂
ကျန်းမာရေး ၂၇၃၄
စုစုပေါင်း ၁၄၉၉၂
တက္ကသိုလ်ကောလိပ် ဒီဂရီကောလိပ်များမှ ကျောင်းသားအင်အား (၁၉၈၈)
ဝန်ကြီးဌာန အရေအတွက်
ပညာရေး ၁၃၄၃၂၅
သိပ္ပံနှင့်နည်းပညာ ၇၀၆
ကျန်းမာရေး ၃၈၀၀
စုစုပေါင်း ၁၃၈၈၃၁
တက္ကသိုလ်ကောလိပ် ဒီဂရီကောလိပ်များမှ ကျောင်းသားအင်အား (၂၀၀၉)
ဝန်ကြီးဌာန အရေအတွက်
ပညာရေး ၄၇၃၁၂၈
သိပ္ပံနှင့်နည်းပညာ ၆၇၉၂
ကျန်းမာရေး ၂၀၈၈၇
စုစုပေါင်း ၅၀၀၈၀၇
ဝန်ကြီးဌာနအလိုက် တက္ကသိုလ် ကောလိပ် အရေအတွက် (၁၉၈၈)
ဝန်ကြီးဌာန အရေအတွက်
ပညာရေး ၂၇
သိပ္ပံနှင့်နည်းပညာ
ကျန်းမာရေး
စုစုပေါင်း ၃၃
ဝန်ကြီးဌာနအလိုက် တက္ကသိုလ် ကောလိပ် အရေအတွက် (၂၀၁၀)
ဝန်ကြီးဌာန အရေအတွက်
ပညာရေး ၆၄
သိပ္ပံနှင့်နည်းပညာ ၆၀
ကျန်းမာရေး ၁၅
အခြား ၂၀
စုစုပေါင်း

2 comments

  • cobra

    July 8, 2010 at 10:19 am

    အင်း..ကောင်းတော့ကောင်းပါတယ်။ဒါပေမယ့်….မကောင်းဘူး။ကျောင်းသားတွေကိုမထိန်းသိမ်းနိုင်သေးဘူး။

    Reply

  • etone

    July 9, 2010 at 3:02 am

    အလကားလျှောက်ဖွင့်နေတာ တောထဲတောင်ထဲအထိသွားတတ်ရတဲ့ဒုက္ခကိုတော့မသိဘူး ။ ပြီးတော့တစ်ကယ်တတ်ရဲ့လားဆိုတာလည်းမသိဘူး မို့လား ။ ဆရာမတွေဆိုရင် ကျောင်းသူနဲ့အသက်သိပ်မကွာလို့ စာသင်ခန်းမဝင်ရဲပဲပြန်လစ်သွားတဲ့ဆရာမလေးတွေတောင် ကြုံဖူးတယ် ။

    Reply

Leave a Reply

Your email address will not be published.