ဆန်ကုန်မြေလေး

ရွှေ ကြည်August 27, 20121min049

ဆန်ကုန်မြေလေး

အကျဉ်းကျနေတဲ့စိတ်ကလွတ်လပ်ခြင်းကိုငတ်မွတ်လာတဲ့အခါ

ရင်ကွဲနာကျချင်ပါရဲ့။

ဘဝအဓိပ္ပါယ်ဆိုတာအဖြေရှာကြည့်တဲ့အခါ အယူအဆတွေကြားမှာ

မွန်းကြပ်လာပါရဲ့။

အေးချမ်းမှုဆိုတာကိုဖွေရှာ စိတ်ကူးဖန်တီးကြည့်တဲ့အခါ

မရေရာမှုတွေနဲ့သာအဆုံးသတ်ခဲ့ပါရဲ့။

ဘဝဆိုတာတိုက်ပွဲလား၊ ကြိုးစားရုန်းကန်ရခြင်းလား

ဘာပဲဖြစ်ဖြစ်ညစ်လာတဲ့အခါ

အရွဲ့တိုက်ချင်ပါရဲ့။

ခက်ခဲလှတဲ့လောကကြီးမှာ ၂၈ နှစ်တိုင်အောင်ရှင်သန်နိုင်ခဲ့တာကိုဂုဏ်ယူရမလား

အောင်မြင်မှုဆိုတာမရေရာပဲ အသက်တွေကြီးလာတာကိုပဲရှက်ရမလား

သေချာတာကတော့ အမေကချစ်နေဆဲ

အဖေကလည်းဂုဏ်ယူနေဆဲပဲ

မိဘကိုစိတ်ဒုက္ခမပေးတဲ့သမီးတဲ့လေ။

တော်လွန်းသူတွေကြားမှာ သိမ်ငယ်ခဲ့ရတဲ့အခါ

ကိုယ့်ကိုယ်ကိုညံ့တယ်လို့မြင်လာတဲ့အခါ

လူ့လောကကနေသာအငွေ့ပျယ်ပျောက်ကွယ်သွားချင်မိပါရဲ့။

သိပ်ရှက်လို့လေ။

 

 

ကျေးဇူးအထူးတင်ပါတယ်ရှင်။

49 comments

  • P chogyi

    August 27, 2012 at 12:18 pm

    ရွှေကြည်ကိုအရမ်းကြိုက်တယ်။
    Ocean Center ရောက်ရင်အမြဲဝယ်ဖြစ်တယ်။ ဟဲ…ဟဲ။

    Reply

  • maung khinmin

    August 27, 2012 at 12:35 pm

    ရွှေကြည်ရေ …..
    ဘဝပေးဆိုတာ … ရှက်စရာမဟုတ်ပါကွယ့်
    ကံရဲ့အလုပ် … ထုတ်နှုတ်အဖြေ
    ရှာဖွေစစ်ဆေး … ကျော်မတွေးနဲ ့

    Reply

  • mocho

    August 27, 2012 at 1:00 pm

    ”ဘဝဆိုတာတိုက်ပွဲလား၊ ကြိုးစားရုန်းကန်ရခြင်းလား”
    ”အောင်မြင်မှုဆိုတာမရေရာပဲ အသက်တွေကြီးလာတာကိုပဲရှက်ရမလား ” တဲ့ လား ရွှေ ကြည် ရေ ။
    ကြိုးစားရုန်းကန် ဖို့ အခွင့် ရေး ရှိ နေ သမျှ အောင်မြင်မှု ဆိုတာ၏ တချိန် မဟုတ် တချိန်ကြုံ မှာ ပဲ။

    အောင် မြင်မှု ဆိုတာဝေးလို့ ၊ ဆန္ဒရှိ တာတောင် ကြိုး စား ရုန်း ကန် ခြင်း ဖို့ အခွင့် အရေး မရှိ တဲ့ သူ မျိုး တကယ် ရှိ နေ တယ် ဆိုရင် ယုံမှာ လား။

    Reply

  • lynn lynn

    August 27, 2012 at 1:51 pm

    ညီမလေးရွှေကြည်ရေ ကိုယ့်ကိုကိုယ် ညံ့တယ်လို့ထင်ရယ်။ ကိုယ်ထက်ညံ့တဲ့သူတွေ အများကြီးရှိတာကို မမေ့ပါနဲ့။ ကိုယ်က ညံ့လို့ဆိုပြီး စိတ်မညစ်ပါနဲ့။ တော်အောင်ကြိုးစားလို့ရပါတယ်။ ညီမလေးက ပင်ကိုတော်ပြီးသားပါ။

    Reply

  • ကို ခင်ခ

    August 27, 2012 at 2:14 pm

    မရွှေကြည်ရေ ဘဝဆိုတာ အဆင်ပြေတာလည်းရှိသလို၊ ခက်ခဲမှု့တွေလည်းရှိကြစမြဲမို့
    အားမလျှော့ဘဲ ကြိုးစားပေးပါလား။ ကြိုးစားသူအတွက် အောင်မြင်ခြင်း၊ ကံကောင်းခြင်းတွေ ရောက်လာတတ်ပါတယ်။

    Reply

  • သုရှင်

    August 27, 2012 at 2:15 pm

    အင်းဗျာ…………..
    ဘုန်းကြီးတောင် ဝတ်ချင်လာပြီ ။
    သင်္ကန်းလှူမလား…။:mrgreen:

    Reply

  • Ma Ei

    August 27, 2012 at 2:24 pm

    အမေကချစ်နေဆဲ
    အဖေကလည်းဂုဏ်ယူနေဆဲ
    မိဘကိုစိတ်ဒုက္ခမပေးတဲ့သမီးတဲ့…
    တော်လိုက်တာရွှေကြည်လေးရေ…
    အောင်မြင်တဲ့ဘဝရမှာသေချာပါတယ်…

    Reply

  • ပစ်ပစ်ချန်

    August 27, 2012 at 2:45 pm

    မမရွှေကြည်
    မိဘကိုစိတ်ဒုက္ခမပေးတဲ့သမီး ဆိုမှတော့ ဘယ်ကလာဆန်ကုန်မြေလေးဖြစ်တော့မှာလဲနော်
    အနော်သာ တကယ့်ဆန်ကုန်မြေလေး 😥
    အဖေတော့ အနော့်ရှိနေတာ ဗြဟ္မာကြီးဦးခေါင်း ပိုက်ထားသလိုပါပဲလေ 🙁

    Reply

    • Mလုလင်

      August 27, 2012 at 11:45 pm

      နင့် ကတော့ ဘယ်တော့ မှ ဆန်ကုန် မြေလေး ဖြစ်မလာ နိုင်ပါဘူး .. အဲဒါလေး .. 🙂

      Reply

  • may flowers

    August 27, 2012 at 3:00 pm

    ရွှေကြည်ရဲ့ကဗျာလေးကို အားပေးသွားပါတယ်နော်… ရွှေကြည်ရေနောက်ရေးလာမဲ့ ကဗျာလေးတွေလည်း

    မျှော်နေမယ်နော်….ဘာပဲပြောပြော အဖေ၊ အမေ ဂုဏ်ယူရတဲ့သမီး ဖြစ်နေတာကိုက ကျေနပ်စရာပါလို့။

    Reply

  • pooch

    August 27, 2012 at 3:20 pm

    “The Glory is not in never falling, but in rising every time you fall.”
    ဂုဏ်သိက္ခာဆိုတာ ကျရှုံးတဲ့အပေါ် မတည်ဘူး
    လဲကျတိုင်းပြန်ထနိုင်တဲ့အပေါ်သာ မူတည်တယ်။ ( ဖတ်ဖူးခဲ့တဲ့ စကားပုံတခု)

    Reply

  • YE YINT HLAING

    August 27, 2012 at 3:21 pm

    ”ခက်ခဲလှတဲ့လောကကြီးမှာ ၂၈ နှစ်တိုင်အောင်ရှင်သန်နိုင်ခဲ့တာကိုဂုဏ်ယူရမလား'”
    ဂုဏ်ယူ လိုက်ပါဗျာ ! ( ၂၈ ) နှစ်ကြီးတောင် ရှင်သန်လာတာ ။ မိဘတွေ ကို လုပ်ကျွေးရင်းလေ !

    Reply

    • ရွှေ ကြည်

      August 27, 2012 at 3:38 pm

      မမေဖလားဝါးရေ မတောက်တခေါက်ကဗျာလေးကိုအားပေးတဲ့အတွက်ကျေးဇူးတင်ဝမ်းသာရပါတယ်။

      ပုချ်လေးရေ စကားပုံလေးအတွက်ရောအားပေးလို့ရောကျေးဇူးကမ္ဘာပါ။

      ကိုရဲရင့်လှိုင်ရေ မိဘကိုလုပ်ကျွေးနိုင်ခဲ့တဲ့အချိန်ကာလကအသက်ထက်စာရင်တိုတောင်းနေတယ်လို့ခံစား
      နေရတယ်။ အားပေးလို့ကျေးဇူးပါနော်။

      Reply

  • ရွှေ ကြည်

    August 27, 2012 at 3:30 pm

    ကို ပီချို ရွှေကြည်ပဲကြိုက်တာလား ဟာလဝါတို့၊ ထိုးမုန့်တို့ရောမကြိုက်ဘူးလား 😀
    ဖတ်ပေးလို့ကျေးဇူးပါ။

    ကိုခင်မင်ရေ အားပေးလို့ကျေးဇူးတင်ပါတယ်။ အရမ်းစိတ်ရှုပ်လာလို့ချရေးလိုက်မိတာပါ။

    အစ်မမိုချိုရေ ယုံပါတယ်အစ်မရယ်။ ကျေးဇူးပါနော်။

    မလင်းလင်းရေ အားပေးလို့ရော ပင်ကိုတော်ပြီးသားပါလို့ပြောတဲ့အတွက်ရော ကျေးဇူးပါ။

    လေးခင်ခရေ ရွှေကြည်ကြိုးစားပါ့မယ်။ ကျေးကျေး။

    သုရှင်ရေ ရွှေကြည်ကိုယ်တိုင်တခါတခါမယ်သီလရှင်ဝတ်ချင်စိတ်ဖြစ်မိပေမယ့် ဝိနည်းညီနေနိုင်မှဝတ်မယ်ဆိုပြီးတခါမှမဝတ်ဖြစ်ဘူးရယ်။

    မအိနဲ့ပစ်ပစ်ချန်ရေ မိဘကအဲလိုပြောလေ ရွှေကြည်ကငိုချင်လေပဲ။

    မအိရဲ့အားပေးစကားကြောင့် အားရှိသွားပြီ။

    ပစ်ပစ်ချန်ညီမလေးရေ ညီမလေးကတော်ပါတယ်ကွယ်။ ညီမလေးအတွက်သူတို့ဂုဏ်ယူနေတာနေမှာပါ။

    အားပေးခံချင်လို့ရေးသလိုဖြစ်သွားရင် ရွာသူားတွေကိုစိတ်ညစ်သွားစေရင်တောင်းပန်ပါတယ်နော်။
    စိတ်ညစ်လွန်းလို့ပါ။

    Reply

  • ကိုရင်မောင်

    August 27, 2012 at 4:39 pm

    ညီမလေး ရွှေကြည်ရေ လောကကြီးမှာတခါတလေ
    ပါတ်ဝန်းကျင်နဲ့အံဝင်ဂွင်မကျတာလေးတွေလဲရှိတတ်ပါတယ်
    ကိုယ်ရဲ့ဘေးမှာမိတ်ဆွေကောင်းအဖေါ်မွန်ဆိုတာလဲရှိသင့်ပါတယ်…
    စိတ်ညစ်စရာတွေဘဲတွေ့မနေပါနဲ့ရွှေကြည်လေးရေ….
    ဘဝရဲ့ပျော်ရွင်မှု့အမြန်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်

    Reply

    • ရွှေ ကြည်

      August 27, 2012 at 4:42 pm

      အစ်ကို ကိုရင်မောင်ရေ ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ ကျေးဇူးပါနော်။

      Reply

  • Inz@ghi

    August 27, 2012 at 6:40 pm

    ဟုတ်. သူ့ကို. ခုအရွယ်ထိ. မျဘဒုက္ခပေးသူရယ်လို့
    တံဆိတ်မကပ်စေချင်ဘူးရယ်လေ
    အာပျိုဂျီးတွေများ. ချဉ်ထှာ

    အော်. ကွာသကိုး.
    သူကလေးနဲ့

    ခိခိ

    Reply

    • ရွှေ ကြည်

      August 27, 2012 at 7:01 pm

      နာမည်မျိုးစုံနဲ့နေသောနာမည်ကျော်ကိုဂီရေ
      ချဉ်တာတယ်ဝါသနာပါသကိုး 😀
      ဒါနဲ့ ကိုဂီပြောပြောနေတဲ့မေးစေ့အကွဲလေးဆိုတာ ဦးဉာဏ်ဝင်းကိုပြောတာလားဟင်င်င်င်..။
      မန့်ပေးလို့ကျေးဇူးပါ။

      Reply

  • မဟာရာဇာ အံစာတုံး

    August 27, 2012 at 7:09 pm

    အမလေးဂျာ ..
    သူ့လို သမီးလိမ္မာလေးကများ “ဆန်ကုန်မြေလေး” ဒဲ့ ..
    ဂလိုဆို ..
    အနော်တို့လို လူမျိုးတွေဆို ဘယ့်နှယ့် ပြောရပါ့ .. 😀

    မမကြီးရေ …
    ကိုယ့်ရဲ့ အထက်မှာလည်း အများကြီးပဲ ..
    ကိုယ့်ရဲ့ အောက်မှာလည်း အများကြီးပဲဗျ …
    ကျုပ်ကတော့ ဒါကြောင့်မို့ ..
    ဘယ်အခါမှ စိတ်ဓါတ်မကျဘူး ..
    ငါ့ထက် တတ်တဲ့လူတွေလည်း အားကြီးပဲ ..
    ငါ့လောက် မတတ်တဲ့ လူတွေလည်း အားကြီးပဲ … ဆိုပြီးတော့ပဲ ..
    ကိုယ့်ကိုယ်ကို နှစ်သိမ့်စမြဲပါပဲ ဆိုတာလေးကို ဘာမဆိုင်၊ ညာမဆိုင် ပြောလိုက်ပါရစေဗျာ ..

    ချစ်တဲ့ …
    အံစာတုံး

    Reply

    • ရွှေ ကြည်

      August 27, 2012 at 7:43 pm

      ဘယ်လိုပြောရမလဲဆိုတော့ အေးလေအဲလိုပါပဲ။ မှန်ပါတယ်မောင်အံစာရယ် 😀

      Reply

  • အရီးခင်လတ်

    August 27, 2012 at 8:52 pm

    ရွှေကြည် သမီးရေ

    စိတ်ရဲ့လွတ်လပ်ခြင်း ဆိုတာ ကိုယ်နဲ့ဘဲ ဆိုင်ပါတယ်။
    ဘဝအဓိပ္ပါယ် ဆိုတာ လဲ တစ်ယောက်နဲ့ တစ်ယောက် ဖွင့်ဆိုပုံ မတူကွဲပြားကြပါတယ်။
    အေးချမ်းမှု ကတော့ လူအများနဲ့ ပေါင်းသင်း နေရသမျှ အနဲ နဲ့အများ လူတိုင်းအတွက် ပျောက်နေမှာပါ။

    ဘဝ ဆိုတာ လူတိုင်း ရုန်းကန် ရပါတယ်။
    ဒါပေမဲ့တော့ ရှိပါတယ်။
    တစ်ချို့ က ဘဝ ပေးကောင်းခဲ့တော့ မိဘ ရဲ့ အပံ့အပိုး တွေ နဲ့ သက်သက်သာသာ အောင်မြင်မှု ရနိုင်တယ်။
    တစ်ချို့ က ဘဝ ပေးကောင်းပြီး အပံ့အပိုး ကောင်းပေမဲ့ မကြိုးစားတော့ မအောင်မြင်ဘူး။
    တစ်ချို့ က ဘဝ ပေးမကောင်း တော့ ပံ့ပိုးပေးသူ မရှိဘူး။ ဒီတော့ ပိုပြီးအားစိုက်ရပါတယ်။ ဒါပေမဲ့ ဇွဲရှိရင် အောင်မြင်ကြပါတယ်။
    တစ်ချို့ က ဘဝ ပေးလဲ မကောင်းဘူး။ အပံ့အပိုးမရှိဘူး။ မကြိုးစားဘူး။ ဖြစ်သလိုနေနေကြတယ်။

    အောင်မြင်မှု ကို ဘွဲ့တွေ၊ ငွေကြေး တွေ နဲ့ ယှဉ်ပြီး သတ်မှတ် မှာလား။
    အဲဒါတွေ နဲ့ တိုင်းရင်တော့ သမီးဘဝ မှာ ဘယ်တော့မှ အေးချမ်းမှု မရနိုင်ပါဘူး။
    အရီး ဆရာ တစ်ယောက်က အော်တို ရေးပေးဘူးတယ်။
    ကိုယ့်အောင်မြင်မှု ကို ကိုယ်နဲ့ ဘဲ နှိုင်းပါတဲ့။
    လက်ရှိ အချိန်မှာ သမီး ကြိုးစားမှု ကို သမီး မြင်နေရသမျှ အောင်မြင်နေတာပါဘဲ။

    တစ်ခါတစ်လေမှာ မမြင်နိုင်တဲ့ ကံ တွေ ရှိပါတယ်။
    အဲဒါတွေက တစ်ခါတစ်ခါလုပ်တိုင်း ဖြစ်တယ်။
    တစ်ခါတစ်ခါ လုပ်တိုင်းမဖြစ်ဘူး။
    ဒါကို သိထားပါ။
    ဒါပေမဲ့ မဖြစ်နိုင်ဘူး ဆိုပြီး ထိုင်နေလို့ တော့ မရပါဘူး။
    ကြိုးစားတော့ ကြိုးစားရမှာပါဘဲ။

    လက်ရှိ သမီးမှာ အအောင်မြင်ဆုံး တစ်ခု ရှိပါတယ်။
    မိဘ ကို လုပ်ကျွေးနေခြင်း လောက် မြတ်တဲ့ အလုပ်မရှိပါဘူး။
    တစ်ချို့ ချမ်းသာပြီး မိဘ ပိုက်ဆံ ထိုင်ဖြုန်း နေတာထက်စာရင် သမီး လို ရုန်းကန်ပြီး မိဘ ကို လုပ်ကျွေးနေသူက ပိုပြီးအောင်မြင်ပါတယ်။

    ကိုပေါက်ကြီး က တော့ သီချင်းကို သိမှာဘဲ။
    အရီးတို့ ငယ်တုန်းက သီချင်းတစ်ပုဒ် ရှိတယ်။
    “အောင်မြင်ခြင်း အတူတူ ဘယ်သူမြတ်သည်လဲ” ဆိုတာ။
    ပိုက်ဆံတွေချမ်းသာပြီးနေတာကို အောင်မြင်တယ် ခေါ်မလား။
    အများအတွက် အကျိုးဆောင်ပြီး ပံ့ပိုး ပေးနိုင်နေတာ ကို အောင်မြင်တယ် ခေါ်မလား။
    မာသာထရီစာ ဆိုတာ သူ့မှာ မချမ်းသာပေမဲ့ ဆင်းရဲတဲ့ ကလေးတွေ အတွက် မရှိရှိတာ နဲ့ ပံ့ပိုးကူညီတာဟာလဲ အောင်မြင်မှုပါဘဲ။
    ဖြစ်ချင်တဲ့ စိတ်ဆန္ဒတစ်ခု ပြင်းပြင်းပြပြ ဖြစ်နေဖို့ ရယ်၊ အဲဒါကို ဖြစ်ဖို့ ကြိုးစားဖို့ရယ် လိုတာပါ။

    သမီး ကရော ဘယ်လိုပုံစံ နဲ့ အောင်မြင်တာကို ကြိုက်လဲ။
    ငွေကြေးတွေ သုံးမကုန်အောင် ရချင်တာလား။
    မိဘ ကို စိတ်ချမ်းသာအောင် လုပ်ကျွေးရင်း အများ ကို အကျိုးပြုချင်တာလား။
    ဒုတိယ ဟာဆိုရင်တော့ သမီးမှာ အောင်မြင်မှုရှိပြီးသားပါ။
    ပိုပြီး ကောင်းအောင် ကြိုးစား ထိန်းသိမ်း ဖို့သာ လိုပါတယ်။

    ဘဝ ဆိုတာကတော့ နောက်ဆုံး ထွက်သက် ရပ်ခြင်းမှာ ဆုံးသွားမဲ့ သူချည်းပါဘဲ။
    အဲဒီ နောက်ဆုံးထွက်သက် ကို ဂုဏ်သရေရှိရှိ နဲ့ မကြောက်မရွံ့ မတုံမလှုပ် သတိမပြတ် နဲ့ ထုတ်သွား နိုင်လို့ ကတော့ ဘဝ ရဲ့ အအောင်မြင် ဆုံးသူပါဘဲ။
    အဲဒီ အချိန်မှာ ငွေကြေး၊ ဂုဏ်သိမ်၊ ဘွဲ့ထူး တွေ အားလုံး ယူသွားလို့ မရ၊
    အားလုံး ထားခဲ့ရမှာပါ။
    ဒါလေးကို သိနေသမျှ၊ လိုသူ အများကို ရသလောက် ကြိုးစား ကူနေသမျှ သမီးဟာ ဘဝ မှာ အောင်မြင်သူ တစ်ယောက်ပါဘဲ။
    (အရီး မှ ပြောသည်။ ဟိဟိ 😆 )

    Reply

    • မဟာရာဇာ အံစာတုံး

      August 27, 2012 at 9:13 pm

      အရီး ..
      အနော်လည်း ဂုဏ်သရေရှိရှိနဲ့ သေနိုင်အောင် ကြိုးစားနေတယ်ဗျ ..
      ဥုံ .. အနိစ္စ .. အမြဲမရှိ .. အမြဲမရှိ ..
      သေရင် ကိုယ့်နောက်ပါတာ ဘာမှ မရှိ .. ဘာမှ မရှိ …
      အိပ်ကပ်ထဲလည်း ဗလာအတိ .. :mrgreen:
      ဒါလည်း ကိစ္စမရှိ .. လကုန်တော့မယ် .. ဟီဟိ .. 😀
      (ကိုယ့်အရီး ကိုယ်နောက်ခြင်းသာ ဖြစ်ပါ၏)

      Reply

      • အရီးခင်လတ်

        August 27, 2012 at 9:55 pm

        ကြည့်လေ။
        ဂါထာစွမ်းကြောင်း မြင်လာစေရမယ်။
        အနဲဆုံးတော့ အိပ်မပျော်တဲ့ ရောဂါ မဖြစ်မှာတော့ သေချာတယ်။ 😆

        Reply

    • ရွှေ ကြည်

      August 28, 2012 at 9:21 am

      အရီးရေ ကျေးဇူးတင်လိုက်တာနော်။ သမီးပိုကောင်းအောင်ကြိုးစားပါ့မယ်။
      နောက်ဆုံးထွက်သက်ကို ဂုဏ်သရေရှိရှိ နဲ့ မကြောက်မရွံ့ မတုံမလှုပ် သတိမပြတ် နဲ့ ထုတ်သွား နိုင်ဖို့လည်းကြိုးစားပါ့မယ် အရီးရယ်။

      ချစ်တဲ့
      မိရွှေကြည်

      Reply

  • အလင်းဆက်

    August 27, 2012 at 9:29 pm

    အိုး…ခံစားချက်တွေ….တူလိုက်တာ…။

    မမရွှေကြည်ရေ…

    ကျွန်တော်လည်း..အဲဒီ စာသားတွေလို ပါပဲ..။အောင်မြင်မှုဆိုတာမရေရာပဲ အသက်တွေကြီးလာတာကိုပဲရှက်ရမလား

    သေချာတာကတော့ အမေကချစ်နေဆဲ

    အဖေကလည်းဂုဏ်ယူနေဆဲပဲ

    မိဘကိုစိတ်ဒုက္ခမပေးတဲ့သမီးတဲ့လေ။

    တော်လွန်းသူတွေကြားမှာ သိမ်ငယ်ခဲ့ရတဲ့အခါ

    ကိုယ့်ကိုယ်ကိုညံ့တယ်လို့မြင်လာတဲ့အခါ

    လူ့လောကကနေသာအငွေ့ပျယ်ပျောက်ကွယ်သွားချင်မိပါရဲ့။

    သိပ်ရှက်လို့လေ။

    ကျွန်တော် အတွက်..ရည်ရွယ်ပြီးရေးလိုက်သလားလို ့တောင် ထင်သွားတယ်

    တစ်ခုပဲ.. သမီးနဲ ့ သားနဲ ့… ကွာခြားသွားတာလေး…

    မမရွှေကြည်ရေ….

    တိုတိုလေးနဲ ့ထိမိ တဲ ့စာသားလေးတွေ.. အတွက်..ကျေးဇူး..
    😀

    Reply

  • မောင်ပေ

    August 27, 2012 at 9:46 pm

    အရမ်းရှက်တတ်တဲ့ ရွှေကြည်မို ့လေ….. မောင်ပေ ဆိုးမိတာပါ….
    🙂

    Reply

  • surmi

    August 28, 2012 at 12:10 am

    လှေခွက်ချည်းကျန် ၊ အလံမလှဲ
    မုန်တိုင်းထဲက ၊ ဟဲ ဟဲ အော်၍ငါရယ်အံ့ …….တဲ ့ ။
    ဘယ်သူရေးထားမှန်းတော ့ မသိဘူး ။
    ကျုပ်ကတော ့ သိပ်မွန်းကျပ်လာရင် ….ဟာသလုပ်ပစ်လိုက်တာပဲ ။

    Reply

  • ရွှေ ကြည်

    August 28, 2012 at 9:32 am

    အလင်းဆက်ရေ ဘဝတူတွေဆိုတော့ စာနာမိပါတယ်။ ဒီပို့စ်မှာ ရေးထားတဲ့ရွာသူားတွေရဲ့မန့်တွေကိုအသေအချာဖတ်ပြီးအားမွေးပေတော့။

    အူးပေ မွေးနေ့မှာပျော်ရဲ့လား။ မိဘတွေကိုရော ကန်တော့ဖြစ်လားဟင်။
    မဒမ်နဲ့ရောဘုရားတွေဖူး ကောင်းမှုကုသိုလ်တွေရောလုပ်ဖြစ်သေးလား။ မေးတာတွေများသွားပြီ။
    စပ်စုတယ်မထင်ပါနဲ့နော်။ ၈ လပိုင်းတူချင်း ရုပ်ချောသဘောကောင်းကြတာချင်းတူလို့မေးမိတာပါ 😀

    ကိုရင်ဆာမိ ကောင်းလိုက်တဲ့ စကားလေးပဲ။ ကျေးဇူးတင်ပါတယ်။

    သူကြီးရဲ့ စကားတွေအများကြီးပြောသွားတဲ့ ပုံလေးတွေအတွက် ကျေးဇူးပါ။

    အားပေးကြသောရွာသူား အပေါင်းကို ကျေးဇူးအထူးတင်ရပါကြောင်း..။

    Reply

  • MaMa

    August 28, 2012 at 10:31 am

    ခက်ခဲလှတဲ့လောကကြီးမှာ ၂၈ နှစ်တိုင်အောင်ရှင်သန်နိုင်ခဲ့တာကိုဂုဏ်ယူရမလား)
    ဂုဏ်ယူလိုက်ပါ ရွှေကြည်လေးရေ။
    က်အဖေကို ဂုဏ်ယူစေလောက်တဲ့ မိဘကိုစိတ်ဒုက္ခမပေးတဲ့ သမီးလိမ္မာတစ်ယောက်ရဲ့ ဖြစ်တည်မှုအနေနဲ့လေ။
    🙂

    Reply

    • ရွှေ ကြည်

      August 28, 2012 at 11:14 am

      ချစ်မမရေ မိဘကအဲလိုမြင်နေတာကိုက ကိုယ့်ကိုယ်ကိုအရှက်ရစေပါတယ်မမရယ်။
      အားမရဖြစ်ရတယ်။ အားပေးလို့ကျေးဇူးတင်ပါတယ်ချစ်မမရေ။

      Reply

  • kyeemite

    August 28, 2012 at 11:18 am

    စာရေးဖွဲ့ပုံလေး အလွန်လှပပါဂျောင်း…
    “သမီးတစ်ကောင်၊ နွားတစ်ထောင်” လို့ဆိုရိုးရှိတဲ့ကြားထဲ…
    “မိဘကိုစိတ်ဒုက္ခမပေးတဲ့သမီးတဲ့လေ။” ဆိုတာနဲ့တင်
    မိဘအတွက် ကျေနပ်ပီတိဖြစ်စရာပါ…
    အောင်မြင်မှု့ ဆိုတာနဲ့ပါတ်သက်လို့တော့…အရီးခင်လတ်ရေးထားတာအတော်စုံနေတာမို့
    မပြောလိုတော့ပါဂျောင်း…အရီးပြောသလိုပဲပေါ့…လို့သာ…ဟီးးးး
    ခင်တဲ့..
    ကြိုက်မီး။

    Reply

    • ရွှေ ကြည်

      August 28, 2012 at 1:19 pm

      ဦးကြိုက်မီးရေ အားပေးလို့ကျေးဇူးပါ။
      စာရေးဖွဲ့ပုံလေးအလွန်လှပပါဂျောင်း ဆိုလို့ အလွန်ဝမ်းသာပါဂျောင်း 😀

      Reply

  • etone

    August 28, 2012 at 4:48 pm

    မရွှေကြည်ရေ …
    ဆန်ကုန်မြေလေးဆိုလို့ ……… ကျွန်မကိုများ ခေါ်သလားလို့ ပြေးလာကြည့်တာပါ .. အဟီး ။
    အိမ်မှာ ခဏခဏ ထောပနာပြုခံနေရတဲ့ နာမည် မို့ပါ … ။ 😛

    မရွေကြည်ရယ် …. တစ်ခါတစ်လေ စိတ်အားငယ်နေတဲ့ အချိန်တွေမှာ .. အခိုးငွေ့ အဖြစ်နဲ့ ပျောက်သွားချင်ပေမယ့်လည်း …. မဖြစ်နိုင်တာကြောင့်…အခက်ခဲ ကြုံလာတိုင်း ရှိသမျှ အင်အားသုံးပြီး ပြန်တွန်းလှန်ခဲ့ရတာမဟုတ်လားဟင် .. .ဒီတော့ တဆုံး ကြီးမတွေးလိုက်ပါနဲ့ ……… အခက်ခဲတိုင်းမှာ ထွက်ပေါက်ဆိုတာရှိပါတယ် ။ သွေးအေးတဲ့အ ချိန်ကျမှ မြင်တတ်လာတာမျိုးမို့ …… အမှောင်တွေ ကုန်လျှင် အလင်းရောက်လာပါလိမ့်မယ် … ။

    Reply

  • ရွှေ ကြည်

    August 28, 2012 at 4:57 pm

    အိတုံရေ အားတင်းထားတယ် အလင်းကိုစောင့်နေတယ်။ ကျေးဇူးပါနော်။

    Reply

  • တနေ ့တာ ကုန်ဆုံးချိန်တိုင်းကျနော်လဲ ကိုယ်တိုင် ဆန်ကုန်ေုမလေးဖြစ်နေပြီလား တွေးမိပါတယ်။

    Reply

    • ရွှေ ကြည်

      August 29, 2012 at 9:37 am

      ကိုနာဂရရေမဖြစ်နိုင်ပါဘူးနော်။ မတွေးပါနဲ့တော့။ 😀

      Reply

  • ကြောင်ကြီး

    August 29, 2012 at 10:18 am

    ဦးကြောင် ရင်ခွင်ထဲ အပြေးဝင်လာခဲ့ပါ ရွှေကြည်ဂလေးရယ်…။ ဦးကြောင် ဆနွမ်းမကင်း ငတ်နေတာကြာပေါ့…။

    Reply

    • ရွှေ ကြည်

      August 29, 2012 at 10:48 am

      အူးကြောင်ကြီး အာလူးဆနွင်းမကင်းပို့ပေးလိုက်ရမလား။ စားလို့ကောင်းတယ်။ 😀
      ဝင်ရောက်ဖတ်ရှုပေးလို့ကျေးဇူးပါ။

      Reply

  • မွန်မွန်

    August 29, 2012 at 1:17 pm

    မရှက်ပါနဲ့ အစ်မရယ်…လူတိုင်းမှာ သူများထက်သာနဲ့ အရည်အချင်းတစ်ခုစီ ရှိကြပါတယ်။

    သေချာတာကတော့ အမေကချစ်နေဆဲ
    အဖေကလည်းဂုဏ်ယူနေဆဲပဲ
    မိဘကိုစိတ်ဒုက္ခမပေးတဲ့သမီးတဲ့လေ။

    မိစုံဖစုံနဲ့ ၂၈ နှစ်တိုင်အောင် နေနိုင်ပြီး မိဘကိုစိတ်ဒုက္ခမပေးတဲ့သမီး လို့ သတ်မှတ်ခြင်းခံထားရတာကိုက အစ်မရဲ့ ဆုလာဘ်တစ်ခုပါ။
    ဂုဏ်ယူပါတယ် အစ်မရေ…။

    မွန်မွန်ကတော့ လာစမ်းဟဲ့ လောကဓံ ဆိုပြီး မျက်နှာမော့ထားပေးလိုက်တယ်။ သူနိုင်မလား ကိုယ်နိုင်မလားဆိုပြီး စိန်ခေါ်ပစ်လိုက်တယ်။

    စကားမစပ်… ကွန်မန့်တွေဖတ်ကာမှ ရွှေကြည်နဲ့ ဆနွင်းမကင်းစားချင်လာတယ်….။

    Reply

    • ရွှေ ကြည်

      August 29, 2012 at 4:44 pm

      မွန်မွန်ရေကျေးဇူးတင်ပါတယ် ညီမရယ်။ အစ်မအခုတော့အားအင်တွေရှိနေပါပြီ။
      ဆနွင်းမကင်းဝယ်ကျွေးမယ်နော် ဆုံဖြစ်ရင် 😀

      Reply

      • မဟာရာဇာ အံစာတုံး

        August 29, 2012 at 6:48 pm

        ကျုပ်ကိုရော ..
        ဆနွင်းမကင်း ဝယ်ကျွေးဘာ ..
        မမကြီး ကျွေးတဲ့ ဆနွင်းမကင်းဂို စားချင်လို့ဘာ ..
        ဝယ်ကျွေးမှာ မဟုတ်လား ..
        မကျွေးရင် ခင်ဒေါ့ဘူး .. ဒါဗြဲ .. အဟိ .. 😀

        Reply

        • ရွှေ ကြည်

          August 30, 2012 at 10:33 am

          မောင်အံစာ ဝယ်ကျွေးပါ့မယ် ထီထိုးလိုက်ဦးမယ်ကွဲ့။
          ထီပေါက်ရင် ဆနွင်းမကင်းအစုံဝယ်ကျွေးမယ် 😀

  • we R one

    August 29, 2012 at 4:57 pm

    ကမာ္ဘပျော်သလို နေနိုင်ရင် လူဖြစ်မရှုံးဘူး လို့သာ တွေးထားလိုက် ပါမရွှေကြည်ရယ်………….။

    Reply

    • ရွှေ ကြည်

      August 30, 2012 at 10:34 am

      ညီမရေ အဲလိုပဲတွေးလိုက်မယ်နော်။ ကျေးဇူးပါကွယ်။

      Reply

  • mobile (mandalay)

    December 19, 2012 at 11:39 pm

    မင်းစိတ်မပျက်နဲ့ လုံးဝမပျက်နဲ့ မင်းစိတ်မလျှော့နဲ့ လုံးဝမလျှော့နဲ့

    Reply

    • ရွှေ ကြည်

      December 20, 2012 at 6:20 pm

      ကိုရင်မိုဘိုင်းက အသံကောင်းသားပဲ :harr:

      Reply

  • ကိုရင်စည်သူ

    December 20, 2012 at 6:43 pm

    အဲ့လိုဒွေလျှောက်တွက်မနေရဘူး.. ရွှေကျည်လေးရဲ့..
    လူတစ်ယောက်မှာ လုပ်နိုင် စွမ်းနိုင်တာ အတိုင်းအတာတစ်ခု
    အထိပဲရှိတယ်။ ရွှေကျည် အဲ့လို ဖြစ်နေဒါ.. အိမ်ထောင်မကျသေးတာနဲ့လည်း
    နည်းနည်းသက်ဆိုင်နေမရားဘဲ…
    ဘဝမှာ မျှော်လင့်ချက်မရှိတော့ဘူး။ ဆန်ကုန်မြေလေးဖြစ်နေပြီလို့ ညဉ်းတတ်ဒဲ့
    အကိုတစ်ယောက်တော့ မိန်းမရပြီး အသံတိတ်သွားတာပဲ…။ :kwi:
    အပျိုဂျီး… လန်ဒန်မြေပဲယို.. 😛

    Reply

    • ရွှေ ကြည်

      December 20, 2012 at 6:57 pm

      ကိုရင်စည်နော် အိမ်ထောင်မကျတာနဲ့ဆိုင်ဘူးဆိုဆိုင်ဘူးပဲ :mrgreen:
      ကိုယ်စွမ်းနိုင်တာလေးက မိဘတွေအတွက်ဘာမှအာမခံချက်မရှိဘူးလို့ခံစားရတဲ့အခါ
      မိဘကအပြစ်မမြင်တဲ့အခါ ကိုယ့်ကိုယ်ကို မြင်မိတဲ့အမြင်လေးပါ။

      Reply

Leave a Reply

Your email address will not be published.