***သီချင်းမဖြစ်တဲ့ .. ကဗျာ***

maung khinminAugust 25, 20121min05

သီချင်းမဖြစ်တဲ့ .. ကဗျာ

သံယောဇဉ် ရဲ့ အလွမ်းမှာ
မျှော်လင့်ခြင်း က ……..
ခမ်း လုလု

တမ်းတမှု နဲ ့ ထောင့်ချိုးတစ်ခုမှာ
အိမ်ပြန်ချိန်  ကို  …..
မေ့လို ့ ….
အတွေ ့ … အထိ … အသိ
ကာရန် ညှိ ရင်း ……
သက်ပြင်း ကို ဖျော်သောက်
အိပ်မက်လောက် မှ …. မချိုတဲ့
ရင်ဖို မှု …  မှာ
ငါ …. ဟာ
ငါ အတု ဖြစ်လို ့ …. ပေါ့

စီးဆင်း ခဲ့ဘူးတယ်လေ
ကောင်းကင် ရဲ့ …. ရင်ခွင်ဆီမှာ
ကြယ်စင်တွေကို …. ရေတွက်ရင်းးးး
လရောင် သောက် မယ့် ….နှုတ်ခမ်းတွေ က
ခု …  ဒဏ်ရာ နဲ ့
သွေ ့ခြောက် အက်ကွဲ ….
ကဗျာ ထဲပဲ  အချစ်ကို  ပွင့်ပစ် လိုက်ရ …….
တစ်ခါ တစ်ခါ  …. နောင်တ ကို
အမှောင်ချ …. ကြည့်ချင်မိတာ ပါ

ငါ့  ရင်ထဲ
စမ်းချောင်း လေး  ….
မောင်းထည့်ပေးပါ   ကောင်မလေး  ရေ
ကန ္တာ နွေ   ကို အပူငြိမ်းလှည့်
အဲဒီ့ …. ခပ်စိမ်းစိမ်း အကြည့်တွေ
ပစ်ထည့် ပေးပါ …
ရင့်မှည့် လာမယ့်
နာတာရှည် … ပန်းတွေကို
အလွမ်းဖြေ  ရာသီဥတု ထဲ
ငါ  ……  အခု
မုန်တိုင်းမိုးသည်း ထဲကနေ
လမ်းခွဲ တေးတစ်ပုဒ်
ဆွဲဆုတ် မိပြန်ပေါ့လေ…။။။။

မောင်ခင်မင်(ကျွန်းချောင်း)

၂၅.၈.၂၀၁၂

5 comments

  • မြတ်ကျော်သူ

    August 25, 2012 at 4:41 pm

    ဒီကဗျာဖတ်ရင်း ချောက်ထဲကနေ ကိုယ့်ကိုယ်ကိုယ် ပြန်ထုတ်…
    စမ်းချောင်းထဲ မောင်းထည့်ခံလိုက်ပြီး…
    ကျွန်တော်ဟာ..ကျွန်တော် အတုဖြစ်သွားတော့တယ်….

    Reply

  • မောင်ပေ

    August 25, 2012 at 7:34 pm

    သီချင်းမဖြစ်တဲ့ ကဗျာ
    မင်းချစ်တဲ့ ငါ
    နှင်းသစ်တဲ့အခါ
    အလင်းသစ်နဲ ့လာ
    ကင်းအပြစ် ငဲ့ညာ

    Reply

  • မောင်မောင်ဂေါက်

    August 25, 2012 at 8:45 pm

    ကိုခင်မင်ရေ ..
    အားပေးသွားပါတယ်ဗျာ ..
    “ကဗျာ ထဲပဲ အချစ်ကို ပွင့်ပစ် လိုက်ရ …….
    တစ်ခါ တစ်ခါ …. နောင်တ ကို
    အမှောင်ချ …. ကြည့်ချင်မိတာ ပါ”
    ဒီနေရာလေးကို ပိုကြိုက်မိတယ်ဗျာ ..
    ခံစားချက် တူလို့ ထင်ပါရဲ့ …

    ဒါနဲ့ ..
    ကျုပ်က အံစာတုံး ပါ ဆိုတဲ့အကြောင်း .. 😀

    Reply

  • si tone

    August 25, 2012 at 9:42 pm

    Si Tone ကြွေသွားပီး………………………

    Reply

  • YE YINT HLAING

    August 26, 2012 at 4:08 pm

    အို ပြန်လာပါ
    အိပ်မက် ဂဘာ
    မဆုံးသော ဒဏ်ရာများ
    ကြယ်စင် တွေလို ရေတွက်ခါ
    ငါ ဘဝ တခုလိုက်ရှာ ။ ။

    ကျွန်တော် စပ်ထားတဲ့ သီချင်း ဖြစ်သွားတဲ့ ကဗျာ လေးထဲ ကပါ ။ ကြော်ငြာ ဝင်သွားတယ်ဗျာ ! ဟဲဟဲ !

    Reply

Leave a Reply

Your email address will not be published.