မျှော်လင့်ရင်းဝေး……

who whoAugust 20, 20121min07

ကျနော် နာကြားဖူးတဲ့ တရားလေးထဲက ဇာတ်လေးတစ်ပုဒ်ကို ပြောပြချင်မိတာနဲ့ ဒီစာလေးချရေးမိတယ်။
အမည်ကိုတော့ “ပေါက်ပွင့် ခွေးမျှော်” ဇာတ်လို့ ပေးထားလိုက်မိတယ်။
ဒီလိုဗျ။
တစ်ခါတုန်းက ခွေးတစ်ကောင်ဟာ အလွန်ဆာလောင် မွတ်သိပ်လွန်းလို့ အရမ်းကို အစာကို တောင့်တရှာဖွေနေ တဲ့အချိန်ပေါ့။ အဲအချိန်မှာ သူဟာ ပေါက်ပွင့်ရဲရဲတွေ ပွင့်နေတဲ့ ပေါက်ပင်ကြီးကို တွေ့ပါသတဲ့။ ဒီတော့ ဒီခွေးစိတ်ထဲမှာ ဒီပေါက်ပွင့် ရဲရဲတွေကို အမဲသားတွေလို့ ထင်ပြီး အာသာငမ်းငမ်းနဲ့ ပေါက်ပင်အောက်ကနေ ဆာလောင်မွတ်သိပ်စွာနဲ့ ဒီအမဲသား ကျလာမယ့် အချိန်ကို စောင့်မျှော်နေပါတယ်တဲ့။
အဲကြွေကျပါပြီ။
ပေါက်ပွင့်တပွင့်။
ဒီခွေးဟာ ဝမ်းသာအားရနဲ့ အမဲသားအထင်နဲ ့ပြေးပြီး နမ်းကြည့်လိုက်တော့ ပေါက်ပွင့်ကြီး ဖြစ်နေပါရောတဲ့။ သူထင်သလို အမဲသားမဟုတ်ဘူးလေ။
ဒါပေမယ့် သူကတွေးတယ်။ ေဩာ် ဒီတစ်ပွင့်ကသာ ပေါက်ပွင့်ဖြစ်နေတာပါ။ ကျန်တဲ့အပင်ပေါ်က နီနီရဲရဲ တွေကတော့ အမဲသားပဲဖြစ်မှာပါဆိုပြီး ဆာလောင်စွာနဲ့ ဆက်မျှော်နေပါသတဲ့။
ဒါပေမယ့် ကျလာသမျှကို ကြည့်လိုက်တော့ အမဲသားမဟုတ်ပဲ ပေါက်ပွင့်သာ ဖြစ်နေပါသတဲ့။
ဒါလည်း သူက ဇွဲမလျော့ဘူး။ အင်း အပေါ်မှာ ကျန်တာတွေကတော့ အမဲသားဖြစ်မှာပဲဆိုပြီး ဆက်စောင့်ပြန်ပါသတဲ့။ ဒီလိုနဲ့ ပေါက်ပွင့်တွေ တစ်ပွင့်ပြီးတစ်ပွင့် တဖြုတ်ဖြုတ်ကြွေသာသွားတယ် သူမျှော်လင့်တဲ့ အမဲသားကိုတော့ အစတောင်ရှာ မရခဲ့ပါဘူး။ နောက်ဆုံး ရနိုးရနိုးနဲ့သူဟာ မျှော်လင့်တောင့်တရင်းနဲ့ပဲ ပေါက်ပင်အောက်မှာ အဆာလွန်လို့ သေပွဲဝင် ရရှာတယ်။ သူသေသာသွားတယ် သူမျှော်လင့်တဲ့အမဲသားကိုရမသွားရှာပါဘူး။

——————————–xxxxxxxxxx—————————————-
ဒီမှာတစ်ခန်းရပ်လို့ စဉ်းစားကြည့်မိတယ်။
အင်း…တို့တွေ လည်းဘာထူးလို့လဲ။ ဒီလိုပါပဲ။
ရထားတဲ့ ခန္ဓာက ဒုက္ခခန္ဓာ။
မျှော်လင့် တောင့်တ နေတာက သုခချမ်းသာ။
ဒုက္ခပြီးရင်းဒုက္ခပဲရှိတဲ့ ပေါက်ပင် ကနေ သုခနဲ ့တူတဲ့ အမဲသား ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။
ဒါလည်းမျှော်တုန်းပါပဲ။ မွေးကတည်းကမျှော်ခဲ့ရတဲ့ သုခချမ်းသာတွေ အိမ်ထောင်ပြုရင်ကောင်းမှာပဲလို့တွေးပြီး ပြုလိုက်ပြီ။ ဟောပေါက်ပွင့်တစ်ပွင့်ကြွေပြီ။ ဘာရလဲ။ ဒုက္ခပဲတွေ ့တယ်။
ဒါပေမယ့် အင်း သားသမီး ရှိရင်ပိုပြီး သာယာချမ်းမြေ့လာမှာပဲလို့ ချမ်းသာကို ဆက်မျှော်ပြန်တယ်။ ရလာပြီသားသမီး။ ဟောပေါက်ပွင့် နောက်တစ်ပွင့်လေ။
သူ့အတွက် အပူတွေ တိုးလာတာပဲလေ။
ဒါလည်း အင်း မြေးလေး သာရှိလာခဲ့ရင် သုခချမ်းသာ ပိုပြည့်စုံမှာပဲလို့ဆက်မျှော်ပြန်ရော။
ဟောရလာပြီ မြေးလေး။ နောက်တစ်ပွင့် ထပ်ကြွေပြန်ပြီ။
နောက်ဆုံးတော့ ရလာတာသမျှတိုင်းသည်ပင် ဒုက္ခချည်းပဲဖြစ်နေတာကိုး။
အင်းဘာပဲပြောပြော ရနိုးရနိုးနဲ ့မျှော်ရင်း မျှော်ရင်းနဲ့သာ သေကြရတော့မယ်။ အခုထိ ကိုယ်မျှော်နေတာတွေဟာ ဒုက္ခဖြစ်ကြောင်းတွေပါလားလို့ မစဉ်းစားမိသေးဘူးလေ။
အင်း သေခါနီးထိလည်း မျှော်နေဦးမှာပါပဲ။
ရလာတဲ့ ဒုက္ခအပင်က ပွင့်သမျှ၊ သီးသမျှတွေဟာ ဒုက္ခတွေသာ ဖြစ်မှာပါလားလို ့ မတွေးမိသမျှကတော့ ဒီ ဒုက္ခထဲက သုခကို မရှိတာ မျှော်နေသလို ဖြစ်နေမှာပေါ့။
ဒါကြောင့် ဒီခန္ဓာကြီးကို အဟုတ်အရှိလို့ ထင်နေသမျှ သတ္တဝါတိုင်းဟာ ဒီ“ပေါက်ပွင့် ခွေးမျှော်”ဇာတ်ထုတ်ကြီး ခင်း နေတာနဲ့ မခြားပါလားဆိုတာလေး နှိုင်းယှဉ်မိရင်း….ကိုယ့်အဖြစ်ကိုယ် ရင်မောစွာဖြင့် အမြန်ဆုံး ကြိုးစားရုန်းထွက်နိုင်မှ တော်ကာကျပေတော့မည်ဖြစ်ကြောင်းလေး ပြန်လည်ဖောက်သည်ချလိုက်ရပါတော့သည်။

7 comments

  • လေပြေ ရိုင်း

    August 20, 2012 at 5:04 pm

    ပေါက်ပွင့်လေးရေ…
    မင်းက အနစ်မရှိတဲ့ ပန်းပွင့်
    ငါထင်တဲ့ မင်းက ငါ့ရဲ့အစာ
    ချိုမြနေမည့်အသားတုံး
    ဒါပေမဲ့ အရသာမရှိဘူးလေ…
    ဒီတခါထားတော့
    ငါအပင်ပေါ်မော့ကြည့်တယ်
    နောက်ထပ်အသားတုံးတွေ
    ဟား..ဟား…ဟား….မင်း လစ်တော့
    ငါအပေါ်က အသားတုံးကိုပဲစောင့်တော့မယ်….
    နောက်တပွင့်…နောက်တပွင့်…
    ဪ …နေဝင်ပြီ၊….

    Reply

  • မောင်ပေ

    August 20, 2012 at 7:20 pm

    ဆရာမရေ
    ပြန်ရေးပြီပေါ့နော်
    စောင့်နေခဲ့တာဗျာ… ဆရာမရဲ ့တရားဓမ္မတွေကို ဖတ်ရဖို ့
    အခု ဆရာမနဲ ့ဂေဇက်မှာ ပြန်တွေ ့ရလို ့
    ဝမ်းသာမိပါတယ်
    တပည့်ကျော်
    မောင်ပေ

    Reply

  • pooch

    August 21, 2012 at 9:45 pm

    ဟူးဟူးရေ မတွေ့တာကြာပြီနော်။ စာပြန်ရေးလို့ ဝမ်းသာပါတယ်။ တီချယ်ဒီရက်ပိုင်း ရွှေကျီးမြင့်တရားစခန်း သွားတယ်ပြောတယ်။ ပေါက်ပွင့်တွေ တပွင့်ပြီး တပွင့်မျှော်နေတဲ့ ကျမကို စိတ်ကုန်လို့ လှမ်းတောင် မမေးတော့ဘူး ထင်ပါတယ်။

    Reply

  • ကြောင်ကြီး

    August 22, 2012 at 8:52 am

    သဂျီးဥိးခိုင်ကတော့ ကိုဘေးနွားကင်ကြီး မျှော်နေတုန်းပဲဒဲ့…။ သဂျီးရေ အဲဒါ နွားသားမဟုတ်ဘူး ပေါက်ပွင့် ပေါက်ပွင့် ဟူးဟူးလေးက သတိပေးနေပြီ။
    ဟူးဟူးဂလေး
    ပူးခြူးမေး
    တူးတူးသူဌေး
    မြူးထူးကွေး
    ကူးလူးပလေး
    ဒူးပူးနွေး
    ရူးဖူးအတွေး
    ဦးဦးဂေး..။

    Reply

  • manawphyulay

    August 22, 2012 at 11:33 am

    ဟုတ်ကဲ့ပါ ခုဒီခန္ဓာက မကောင်းဘူးဖြစ်နေတယ်။ အေးရင် အေးတယ် ပူရင် ပူတယ်ဖြစ်နေပြီး
    ခေါင်းကိုက်တာနဲ့ မူးတာနဲ့ဖြစ်နေတယ်။ စိတ်သွားတာ ကိုယ်ပါဖို့ ကြိုးစားနေပါတယ်။

    Reply

  • kai

    August 22, 2012 at 1:24 pm

    ဟင့်…
    ခွေးခေါင်းထဲ..လူဦးနှောက်ထည့်စဉ်းစားတာကိုး..
    မပြောလိုက်ချင်ဘူး..

    ဆိုတော့..
    ခွေးက.. လူထက်အဆသောင်းချီသာတဲ့.. အနံ့ခံစွမ်းရည်ရှိပါတယ်..
    မျက်လုံးကတော့ လူလောက်မကောင်းရှာဘူးတဲ့..
    ဒါပေမဲ့.အနံ့နဲ့တင်.. ကွယ်နေ..ဖုံးနေ… မမြင်နိုင်တဲ့..အရာတွေကို.. ပုံဖေါ်မှန်းဆ… တိုက်ရိုက်သိပါသတဲ့..

    ပြောရရင်..
    ပေါက်ပွင့်လား..အမဲသားလား.. ကို..ခွေးက.. အပင်နားမရောက်ခင် ပေ၁၀ဝလောက်ကတည်းက အတိအကျသိပြီးသား..
    =

    A human can recognize 10,000 scents

    “Generally” dogs have an olfactory sense approximately 100,000 to 1,000,000 times more acute than a human’s. A Bloodhound, (The dog with the highest sense of smell) has a 10,000,000 to 100,000,000 higher ability than a human.

    Read more: http://wiki.answers.com/Q/How_much_better_can_a_dog_smell_than_a_human#ixzz24Fu46Wih

    Reply

  • kotun winlatt

    August 22, 2012 at 1:40 pm

    ဟာ…တဂျီးးးးဒါက ပုံပြင်လေဗျ…
    ဟိုစကားးပုံမကြားဘူးဘူးးလားးး
    မယုံရင် ပုံပြင်မှတ်ဆိုတာလေ…..
    တဂျီးပြောသလိုဆို..ဟိုစကားပုံလည်း မှားမှာပေါ့..
    “ဆင်ဟိုဒင်းးးးးခွေးမျှော်ဆိုတာလေ..”
    အဟိ…လစ်မှ..လစ်မှ..ဂီဂီရေ…နင့်မြင်းးးခဏငှားးးသွားးးတယ်…
    ဒက်ဂလောက်..ဒက်ဂလောက်..ဒက်ဂလောက်…

    Reply

Leave a Reply

Your email address will not be published.