ပုဂံရှေးဟောင်းဇုန်ကြေးများ နှင်. ပွင်.လင်းမြင်သာမှု

Knowledge SeekerAugust 16, 20121min03

တစ်ခတ်တစ်ခါ က ဖြစ် သည် ရှေးဟောင်းဇုန်ကြေးများ ကောက်ခံပေးရန် ကူပွန်များကို စာအုပ်လိုက် ဟိုတယ်အသီးသီးသို. ပို.ဆောင်ပြီး ဌာန ရုံး စာ ဖြင်. ကူညီကောက်ခံစေ ခဲ.ရာ ၎င်းဟိုတယ် အချို.တို.မှ ဘောက်ချာစာရွက်အလွတ် များ တွင် လက္ခံပြေစာ ရေးပေးပြီး ဌာန ရုံး စာကို ပြပြီး ရယူခဲ.ကြပြိး ရာနှုန်း အနည်းငယ် ကို သာ အမှန်တကယ်ကောက်ခံ ပေးပို. ခဲ.သဖြင်. နိုင်ငံတော် ဝင်ငွေများစွာ နစ်နာခဲ.ကြရသည်။ ၎င်းကိစ္စတို.ကို လိုက်လံစစ်ဆေးရန် မစီမံ နိုင်ခဲ.ပေ။ ဥပဒေစိုးမိုးမှုကာ ဤနေရာ၍ အထူးလိုအပ်ခဲ.ပေသည်။ ဤကား ယ္ခင်တည်း….

ယခု အခါကား

နိုင်ငံခြားသား ၁ဝ ဥိီး ဝင်လာလျှင် ကူပွန် တစ်စောင် ထဲ တွင် Mr. John + 9 ဟူရွေ. ရေး ပေးပြီး မိမိအိပ် ထဲ ၉ယောက် စာ ထည်.ခြင်း၊ Validity – တစ်လစာ တရား ဝင်သည် ဖြစ် ရာ Average Stay ပျမ်းမျှ ၃ ရက်သာ နေ သော ပုဂံ မှ ပြန် သွား ပြီး ဧည်.သည် များ၏ ကူပွန် များကို အပြန်ပြန် အထပ်ထပ် သုံးစွဲ နိုင် ရန် အချင်းချင်း ပူးပေါင်း ဆောင် ရွက် ရန် အထူး ညီညွတ် ကြ ရကား နိုင်ငံတော် ဝင်ငွေများစွာ နစ်နာခဲ.ကြရသည်။ ၎င်းကိစ္စတို.ကို လိုက်လံစစ်ဆေးရန် ယခုတိုင် လည်း မစီမံ နိုင်သေးပေ။ ထို မျှသာ မက ဝင်ကြေးငွေကောက်ခံ ရရှိမှု ကို မှန်ကန် စွာ ရရှိ ခြင် ရှိမရှိ စစ်ဆေးမည်. အဖွဲ.လည်း မရှိ၊ မည်သို.စစ်ဆေးရ မည်ကို လည်း မသိသကဲ.သို.ပင်တည်း။ အနည်းငယ်မျှ သော ရရှိ သည်. ဝင်ကြေးကို လည်း မည်သည်. နေရာ တွင် မည်သို.သုံးသည် ဟု ပွင်.လင်း မြင်သာ မှုမရှိ သည်.ပြင် ထို ကွာဟမှု ကို လည်း မည်.သည်.အခါကမှ ဖော် ထုတ် နိုင် ခြင်း မရှိသေး ရကား ယခုအခါ သက် ဆိုင် ရာ တို. မှ လွန် စွာ အရေးတယူပြု ဆန်းစစ် သင်လှ ပါပေ သည် ဟု တင် ပြ ရ ပါသည်၊

3 comments

  • လေပြေ ရှိုင်း

    August 17, 2012 at 8:58 am

    သံသရာကို မကြောက်သူများ
    ဂုဏ်သိက္ခာကို မကိုးကွယ်သူများ
    မြန်မာ လူမျိုး ဗုဒ္ဓဘာသာတိုင်းပြည်ဆိုတဲ့
    ဒါန သီလ ဆိုတဲ့ အထိန်းအကွပ်တွေကြားက
    လူမျိုးကို အိုးမဲသုတ်သူများ
    ရှက်တတ်ရင် လဲသေဖို့ ကောင်းပါတယ်။…

    Reply

  • P chogyi

    August 17, 2012 at 9:10 am

    အထက်အောက် အပြန်အလှန်ဆက်သွယ်မှုပါ။
    အဆက်သွယ်ဖြတ်လို့မဖြစ်ဘူး။

    Reply

Leave a Reply

Your email address will not be published.