Related Articles Creative WritingDrama, Essays..My Dear Diary နေ့ဆီကို အမြန်ရောက်ချင်နေတဲ့ည Interviews & ProfilesMy Dear Diary Day 1/ Describe your personality Creative WritingMy Dear Diary သမီးကို သိစေချင်သော ရင်ထဲက စကားများ My Dear Diaryဝမ်းရေးက ခက်ပါဘိ။ ခင္ခAugust 16, 20121min027 ကဲ ဘယ်လိုပြောကြမလဲ။ ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။ Post Views: 0
မောင်ပေAugust 16, 2012 at 2:23 pm ကျွန်တော့်အမြင်ပေါ့လေ အခြေခံလူတန်းစားများအားလုံးအတွက် ကောင်းမွန်တဲ့လစာများပေးနိုင်တဲ့ အလုပ်အကိုင်များပေးနိုင်ရန် ဆိုသည်မှာ အသေးစားနဲ ့အလတ်တန်းစား စီးပွားလုပ်ငန်းများ လည်ပတ်နိုင်မှ ဖြစ်မယ်လို ့ထင်ပါတယ် အခြေခံလူတန်းစားတွေကို တစ်ကယ်တမ်းလက်တွေ ့ကျကျ အလုပ်ပေးနေတာက အလတ်စားနဲ ့အသေးစား စီးပွားလုပ်ငန်းတွေကမို ့ပါပဲ ။ မနှစ်ကတော့ အစိုးရအသစ်ရဲ ့လမ်းစဉ်တွေထဲမှာ အလတ်စားနဲ ့အသေးစား စီးပွားလုပ်ငန်းများကို ဖွံဖြိုးတိုးတက်ဖို ့ထောက်ပံ့မယ်လို ့ဖတ်ခဲ့ဖူးတာပဲ။ Reply
ko khin khaAugust 16, 2012 at 2:41 pm ကိုပေရေ အစိုးရက ပြောတာလဲပြောတာပေါ့၊ ပြောပြီးလည်း လုပ်အုံးမလေ။ သတင်းစာထဲ သတင်းရေးကောင်းအောင်ဘဲ ပြောတာဘဲ ဆိုရင်တော့။ နောက်ပိုင်း ၅ နှစ်ပြည့်ရင် ကျောင်းထားရမယ်အစား မူလတန်းကို စာပေးစာယူအနေနဲ့တက်ရရင် တက်ပြီး အလုပ်သွားရမလားဘဲ။ မျှော်——–။ Reply
etoneAugust 16, 2012 at 3:17 pm အန်ကယ်ရေ .. အဲ့ဒီပုံလေး …. ဖေ့စ်ဘွခ်မှာ ဒီရက်ပိုင်း ပျံ ့နေတာတွေ့လို့ …. ပြန်ရှဲမိလိုက်ပါသေးတယ် … ။ ကလေးတွေကျောင်းတက်ဖို့ ……အကြောင်းနဲ့ .. အခြေနေအကြောင်းကြောင့် ကျောင်းတက်ဖို့ စရိတ်ထောက်မယ့်သူရှိလျှင်တောင် ၊ အိမ်မိသားစု စားဝတ်နေရေးအတွက် ကျောင်းတက်ဖို့ အခြေနေမပေးသေးတဲ့အကြောင်းတွေ အရင်ကတည်းက ရွာထဲမှာ ဆွေးနွေးခဲ့ကြဖူးတာလေး ပြန်သတိရမိတယ် ။ သူတို့လေးတွေ သူများ နည်းတူ ကလေးသဘာဝ ကစားချင်ကြ ၊ စာသင်ချင်ကြမှာပါပဲ ။ ဒါပေမယ့် ဘဝပေး ကံကြမ္မာကြောင့် ကြုံရာ ကျပန်း ရှာစားနေရရှာတယ် ။ မြင်ရတာ စိတ်မကောင်းဖြစ်မိတယ် ။ စာသင်ဖို့အထက် ၊ တနေ့ တနေ့ ထမင်း နှပ်မှန်ဖို့က ပိုအရေးကြီးနေကြတော့လည်း အကျိုးပေးမကောင်းတဲ့ သူတို့ကံကြမ္မာကိုပဲ အပြစ်တင်ရတော့မလိုပဲ ။ သမီးချောင်းသာသွားတုန်းက ဈေးရောင်းနေတဲ့ကလေးလေးတွေဆို ငယ်ငယ်လေးတွေပဲ ရှိသေးတယ် … တချို့ဆို စကားတောင် မပီသေးဘူး … သားလေး အသက်ဘယ်လောက်ရှိပြီလဲလို့မေးတော့ ….. ငါးနှစ်တဲ့လေ ……. ။ ငါးနှစ်မပြည့်သေးတာလေးတွေလည်းပါတယ်.. အရွယ်စုံ ဆိုဒ်ဆုံပါပဲ … ။ ငါးနှစ်ဆိုတဲ့ အရွယ်လေးက … အိမ်က တူလေးနဲ့ ယှဉ်လျှင်တောင်နည်းနည်း ပိုငယ်နေသေးတယ် …. ။ မိဘရင်ခွင်ထဲမှာ ဂျီကျပြီး ဆိုးလို့ ချွဲလို့ကောင်းနေတဲ့ အရွယ်လေးတွေလေ … ။ ချောင်းသာက ကလေးတွေကတော့ … မနက်မျက်လုံး နှစ်လုံးပွင့်ကတည်းက ဈေးရောင်းရတာ ညဘက်အထိပဲဆိုတော့ … စာသင်ချိန်လည်း ရှိမယ်မထင်ဘူး ။ သူ့ဘဝ သူကျောင်းပြီး အဆင်ပြေသလို နေရရှာတယ် … ။ ကလေးတွေကို နေစရာ ၊ စားစရာပေးပြီး ကျောင်းတက်ဖို့ စီစဉ်ပေးမယ်ဆိုလျှင်တောင် ..သူ့နောက်ကွယ်က မှီခိုပြီးစားသောက်နေတဲ့ မိသားစုအတွက် ..သိပ်အဆင်မပြေလှဘူး ။ ……. ဒီတော့ ……. ဘာဆက်ပြောရမှန်းတောင် မသိလောက်အောင် စိတ်မောသွားပါတယ် အန်ကယ်ရေ ။ 🙄 Reply
kaiAugust 16, 2012 at 3:37 pm အဖြေက.. နိုင်ငံ(ဖယ်ဒရယ်)ကနေ.. လူတွေကို.. အမြတ်ခွန်သေသေချာချာကောက်ရလိမ့်မယ်.. ပြည်နယ်တွေကလည်း…. လူခွန်.. အမြတ်ခွန်ကောက်ရလိမ့်မယ်.. အဲဒီလိုနဲ့.. ထိမ်းညှိရမယ်..။ ယူအက်စ်က အဲလိုလုပ်တယ်..။ ဆိုတော့… ကလေးတွေမွေးထားရင်.. အစိုးရက..ရထားတဲ့ပိုက်ဆံတွေထဲက.. ပြန်ထောက်ပံ့လို့ရတာပေါ့.. ကလေးများလေ.. ထောက်ပံ့လေပေါ့… ကလေးတွေအလုပ်လုပ်ခိုင်းရင်.. ထောက်ပံ့ငွေဖြတ်ပေါ့.. မိဘနဲ့.. အလုပ်ခိုင်းတဲ့သူတွေကို.. အရေးယူပေါ့…။ စသဖြင့်… Reply
etoneAugust 16, 2012 at 3:49 pm သဂျီးရဲ ့အဲ့လို လုပ်ဖို့က ….. ဒီနိုင်ငံက အခွန် စည်းကြပ်တာ မှန်မမှန်ကနေ သွားပြန်လိုက်ရတော့မယ် …. ။ ကြားရသလောက်တော့ အခွန်စည်းကြပ်နှုန်းထားတွေ မညီမျှတာလည်း ကြားထားပါတယ် ။ အခွန်ရှောင်ထားတဲ့ ကိစ္စတွေ ၊ အခွန်လိမ်ဆောင်တာတွေ ၊ ငွေဖြူငွေမည်း ကိစ္စတွေလည်း ကြားထားတော့ …. … အခွန်နဲ့ပတ်သတ်လို့ … သိပ်ပြီး မြင်သာမှုမရှိတော့ … တကယ်အလုပ်လုပ်တယ် မလုပ်ဘူး …. ယုံကြည်ဖို ့ခက်နေကြတာပေါ့ … ။ အခွန်သာကောက်တယ် … ဒီအခွန်တွေ ဘဏ္ဍာငွေထဲ တကယ်ရောက်မရောက်နဲ့ ၊ ဘယ်လို အကျိုးရှိအောင် သုံးသလဲဆိုတာလည်း ပွင့်လင်းမြင်သာမှုမရှိတော့ ၊ နေရာတိုင်းမှာ အခွန်တွေ ချည်းကောက်လိုက်မယ်ဆိုလျှင် ၊ ကိုယ့်ဘက်က အရင်ပေးရတာပဲမြင်ပြီး ၊ ဆန္ဒထုတ်ဖော်တာတွေ ဘာတွေ ဖြစ်လာနိုင်မလားပဲ …. ။ 🙄 Reply
kaiAugust 16, 2012 at 3:54 pm အခွန်ဥပဒေတွေက..တပိုင်း.. နိုင်ငံသားတွေက..အခွန်ပေးရမှာကတပိုင်း.. အမြတ်ခွန်ဌာနက.. လိမ်တာ…လာဘ်စားတာကတပိုင်း.. အဲလို အပိုင်းလိုက်စဉ်းစားစေချင်ပါတယ်.. တခြားသူတွေအခွန်ရှောင်လို့.. ငါက..မပေးဘူးကွဆိုတာမျိုးမဖြစ်ရပါဘူး.. ပြောရရင်.. မြန်မာတွေ.. နိုင်ငံရေးစိတ်..မဟုတ်တဲ့နေရာတွေအတက်ကြွလွန်နေတယ်ထင်မိတယ်.. အစွန်းရောက်နေတယ်ပြောရင်.. မမှားလောက်ဘူး.. အင်း.. စနစ်ကြောင့်မဟုတ်… စနစ်ကြောင့်မဟုတ်.. နှစ်၁၀၀ဝ ကျိန်စာ… 😕 Reply
metallicAugust 16, 2012 at 11:01 pm လူအားလုံး ယခုအချိန်မှစ အတိတ်မေ့သွားပါက အဆင်ပြေဖွယ်ရှိဧ။် “:lol:” (လုပ်လက်စအလုပ် အမူအကျင့် အလေ့အထများကိုဆိုလိုသည်။)
ဦးဦးပါလေရာAugust 17, 2012 at 8:55 am သူကြီး အတိတ်မေ့သွားပြီပဲ… မြန်မာနိုင်ငံကို အမေဒိကန်လို အခွန်ဆောင်ချင်တိုင်းဆောင်လို့ ရတဲ့နိုင်ငံလို့ ထင်များနေသလားမသိ…. 🙂 နဲနဲအားရင် ပုံလေးတွေပြောပြဦးမယ် (မရေးဖြစ်မှာစိုးလို့စရံသတ်ထားတာ)
kaiAugust 17, 2012 at 9:41 am ဒီနေရာမှာ Brainstorming မလုပ်လို့မဖြစ်ဖူး../ ဦးပါရဲ့..ပုံလေးတွေ..နားထောင်ချင်မိပါတယ်.။ တင်ပေးစေိုပါကြောင်း.. 🙂 – ဆိုတော့… ဆက်ပြောရရင်..။ တိုင်းပြည်တပြည်မှာ.. အစိုးရဟာ..ပြည်သူသားတွေဆီကရတဲ့အခွန်ငွေနဲ့..ရပ်တည်ရမှာပါ.. ဒါက..နံပါတ်တစ်ပဲ.. ဒါကိုအရင်ဆုံး.. မလုပ်လို့ကို မရပါ..။ အရင်စစ်အစိုးရက.. ဘာလို့မလုပ်ခဲ့သလည်းဆိုတော့.. သူ့ရဲ့တရားဝင်မှုကိုသူကိုယ်တိုင် အာမမခံရဲလို့ပါပဲ.. အခွန်ဆောင်ငွေတွေလက်ခံပြီးတဲ့အခါမှာမှ.. အဲဒီအစိုးရတရပ်ဟာ.. တရားဝင်အစိုးရဖြစ်ပါတယ်..။ အခွန်ဆောင်.. လူထုကို.. ဦးထိပ်ထား.. ဆရာတင်ရပါတယ်..။ လူထုက..ဆရာသခင်ဖြစ်ပါတယ်.. အရင်စစ်အစိုးရတွေဘာလို့မလုပ်သလည်း…ဆိုတော့.. လူထုကို.. ဆရာသခင်နေရာမထားချင်လို့ပါပဲ.. ငွေကလည်းလိုတော့ကာ.. .. ဘာလုပ်သလည်းဆိုတော့..အရက်ရောင်း ..ဆေးလိပ်ရောင်း.. မြေကြိးသယံဇာတရောင်း..အခွင့်အရေး(လိုင်စင်)ရောင်း.. ဘက်ဂျက်ရှာခဲ့(ရ)ပါတယ်..။ ဆိုတော့.. လာပါမယ်..မကြာခင်..လာပါမယ်ကွယ်..။ လာကိုလာရပါမယ်ကွယ်..အခွန်တွေ..အခွန်တွေ.. ဒန်တန်တန်…
etoneAugust 17, 2012 at 2:04 pm ပြောချင်နေတာလေးကို ဦးဦးပါလေရာက ပြောသွားလို့ …. ဝမ်းသာလိုက်တာ ..ခွိခွိ … ဘယာကြော်ပါ ဦးဦးရေ … ။:D
ပန်းစံပါယ်August 16, 2012 at 3:56 pm အခွန်ကို အမှန်အတိုင်းကောက်ခံရရှိဖို့အတွက်ကိစ္စကလည်း မလွယ်လောက်ဘူးထင်ပါတယ်။ အခွန်ကို မှန်မှန်ကန်ကန်ကောက်ခံရရှိဖို့အတွက် အခွန်ကောက်ခြင်းကိစ္စဆောင်ရွက်တဲ့လူကြီးတွေ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်က အလွန်အရေးကြီးပါတယ်။ တစ်ချို့က တရားဝင်အခွန်ဆောင်ချင်တယ်။ တစ်ချို့က မဆောင်ချင်ကြဘူး။ ဝန်ထမ်းက အခွန်ဆောင်ချင်ပေမယ့် သူဌေး (သို့) လုပ်ပိုင်ခွင့်ရှိသူက အခွန်ရှောင်ချင်လို့ ခွင့်မပြုလို့မဆောင်ရတာမျိုးတွေလည်းရှိပါတယ်။ လစာကိုအမှန်အတိုင်းမပြတာတို့ပေါ့။ နည်းအမျိုးမျိုးပေါ့။ မဆောင်ချင်တဲ့လူတွေက မဆောင်ရအောင် (သို့) လျော့နည်းအောင် ကြိုးစားကြမှာပါပဲ။ တိုင်းပြည်ဖွံဖြိုးတိုးတက်စေချင်တယ်ဆိုပြီး ကိုယ့်တာဝန်ကို မယူချင်ကြဘူး။ အခွန်ထမ်းသူနဲ့ အခွန်ကောက်ခံသူများပါ တာဝန်သိ တာဝန်ယူတတ်တဲ့စိတ်တွေ ရှိဖို့အရေးကြီးပါတယ်။ Reply
လေပြေ ရှိုင်းAugust 16, 2012 at 4:03 pm ပြီးခဲ့တဲ့ အပတ်ကထင်တယ် ဂျာနယ်ထဲက ကာတွန်းလေးတစ်ခု ပထမပုံမှာက စာလေးရေးထားတာ ” ကလေးသူငယ်များသည် ရောင်းကုန်မဟုတ်”ဟုရေးထားတယ်။ ပြီးတော့ လူကုန်ကူး ဆိုတာကို ကျက်ခြေခတ်ထားတယ်။ နောက်တကွက် အောက်က ကာတွန်းလေးထဲမှာ ကလေးလေးက လက်ထဲမှာ တပွေ့တဘတ်နဲ့ အခြားတဘက်က မြောက်ပြီး ဈေးရောင်းနေတယ်။ စာတမ်းလေးအောက်မှာ ရေးထားတယ်။” ကုန်ရောင်းများဖြစ်သည်”… တဲ့….. နှစ်ကြောင်းပေါင်းလိုက်တော့ “ကလေးသူငယ်များသည် ရောင်းကုန်မဟုတ်၊ ကုန်ရောင်းများဖြစ်သည်”။…. ငတ်ပြတ်တဲ့ ကမ္ဘာကို လောဘက ဖန်တီးပါတယ်တဲ့။ ငါ့ဥစ္စာ ငါပိုင်တာ ဘယ်သူမှဝေမပေးနိုင်ပါဘူး ဆိုသူတွေ လောဘတွေအားကြီးတဲ့သူတွေက ဝေမျှခံစားပေးဝေခြင်းမရှိတော့တဲ့နောက်မှာ အတိတ်ကံ အားနည်းသူတွေက လူ့ငရဲဆိုတဲ့ ခါးသီးမှုဘဝကို အပိုင်စားရသွားကြဟန်တူပါတယ်။ ဆင်းရဲ့ ပင်ပန်းခြင်းမှာ ကင်းဝေးကြပါစေ…. Reply
laypaiAugust 16, 2012 at 5:18 pm စား ဝတ် နေ ရေး တဲ့၊ လူတွေ အတွက် အရေး သုံးပါး လုံး က အရေး ကြီးပေမဲ့ မြို့နေ လူတန်းစားတွေ အတွက် က နေရေး ကို ပထမ ဦးစားပေး စဉ်းစားရတယ်။ နေစရာ ဝတ်စရာ ထက် ဆာလောင်လာရင် လဲ တစ်ရက် က နှစ်ရက် ဘယ်သူ မှ တောင့် မခံနိုင် တော့ ဘူး။ ကဲ ဝမ်းရေး ဆိုတာထက် စား၊ ဝတ်၊ နေ ရေး တဲ့ ဘယ် အရေး က အဓိက အရေး ကြီးပါသလဲ။ စားရေး က အရေး ကြီး ရှေ့ တန်းတင် ရေးတာ လား၊ နေရေး က အရေးကြီး သမို့ နောက်မှာထား ရေးတာလား။ Reply
YE YINT HLAINGAugust 16, 2012 at 6:20 pm ကလေးတွေကောလူကြီးတွေကော စားရေး နေရေးခက်ခဲကြတ်တည်းရခြင်းရဲ့ အဓိက တရားခံ က တရုတ်စီးပွါး ရေးသမားတွေကြောင့်ဗျ ! နိုင်ငံ နဲ့ အဝှမ်း နယ်စပ်ဒေသ တွေပါမကျန် အိမ် ခြံ မြေ ဈေးတွေ အဆမတန် မြင့်တက်ကုန်တာ ဒီကောင်တွေကြောင့်ပဲ ( စီးပွါးရေး သမားတွေ ကိုပြောတာနော် ) ။ မြန်မာ ထဲ က ထားစရာ မရှိတဲ့ သူတွေကလည်း များသောအားဖြင့် အိမ် ခြံ မြေ ထဲမှာပဲ ရင်းနှီးမြုပ်နှံကြတယ် ။ ဒါကြောင့် သာမာန်လူတန်းစား တွေနဲ့ လူလတ်တန်းစားတွေ အထိ နေရေးခက်ခဲကုန်တယ် ။ ဒီအတွက် စားဖို့ရှာထားတဲ့ အထဲက ငှါးရမ်းနေထိုင်ဖို့ သုံးရတယ် ။ ပြီးတော့ လုပ်ခ နည်းနည်း လုပ်အား များများလိုချင်သေးတယ် ဒီကောင်တွေက ။ ဒါကြောင့် စားရေး နေရေး အတွက် မခံနိုင်တဲ့အဆုံး အငတ်ခံပြီး ဆန်ဒ ထပ်ပြကြရတယ် ။ စစ်ရေး ( ၄ ) နည်းထဲကEconomic Mean နဲ့ တရုတ်စီးပွါးရေး သမားတွေ မြန်မာပြည် ၊ မြန်မာ့မြေ နဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်း ကိုသိမ်းယူထားတာ နှစ်ပေါင်း ( ၂ဝ ) ကျော်ပြီ ။ Reply
YE YINT HLAINGAugust 16, 2012 at 6:45 pm မြေအောက် ရေအောက်ကဟာ ၊ မြေထဲ ရေထဲ ကဟာ တွေ ကုန်ခါနီးပြီ ဆိုတော့ မြေပေါ် ရေပေါ်က ဟာတွေကို နည်းလမ်းအမျိုးနဲ့ ရယူဖို့ ဆက်ကြိုးစားနေပြီ ။ မြို့ကြီး ပြကြီးတွေမှာကော မြို့ငယ် ဇနပုပ် မှာကော ကောင်းပေ ညွန့်ပေ့ ဆိုတဲ့ နေရာကောင်းတွေ ရောင်းဝယ်လုပ်ကိုင်လို့ကောင်းတဲ့နေရာကောင်းတွေဆို ဒီကောင်တွေချည်းပဲ ။ မြန်မာတွေ က ရိုးရိုးအေးအေးကြီးတွေ ။ တဖြေးဖြေးနဲ့ မြို့ပြင်ရောက်ရာကနေ နောက်ဆုံး သူတို့ဆီမှာပြန်ငှါးနေရမယ် ။ စားဝတ်နေရေး နဲ့ ပတ်သက်ပြီး မြန်မာဆိုတာ တရုတ်စီးပွါးရေး သမားတွေရဲ့ ခေတ်သစ် ကျွန်ပဲ ။ Reply
ma me kyawAugust 16, 2012 at 7:59 pm တို့တွေအားလုံးဘာလုပ်ပေးနိုင်မှာလဲ. သေချာစဉ်းစားပေးပါအုံး. ့ Reply
အတိသဉ္ဖာ နာဂရချစ်သူAugust 16, 2012 at 10:22 pm တကယ်တော့ ခေတ်အဆက်ဆက်က မြန်မာပြည်ပညာရေးက ရော စီးပွားရေး အစီအမံတွေ အားလုံး အလိမ်အညာတွေမို ့မအောင်မြင်ခဲ့လို ပြည်သူားတွေ ခုလို ခံစားနေကြရတာပါဗျာ။သူတို ့အမျိုးတွေဘဲ ကောင်းစားနေတာလေ။ Reply
ကိုပေါက်(မန္တလေး)August 16, 2012 at 10:27 pm မြန်မာပြည်မှာ လက်တွေ့အကောင်အထည်ဖော်သူနည်းပြီး စကားလုံးစစ်ပွဲနဲ့လေတိုက်ပွဲတွေများနေလို့ တိုင်းပြည်ရဲ့ ဂရပ်ဖ်က အောက်စိုက်ဆင်းနေတယ် ဆိုရင် မမှားလောက်ပါဘူးနော်.။ Reply
မိုက်ကယ်ဂျော်နီအောင်ပုAugust 16, 2012 at 11:30 pm ဒီမိုကရေစီခေတ်ထဲရောက်လာဘီဆိုတော့ ကျုပ်က ဘယ်သူနဲ့မှမတူအောင်ပြောကြည့်မယ် ( မကျေနပ်ရင် သဂျီးဂိုဝိုင်းဘေဂျ 😀 ) တစ်ခုရှိတာကတော့ ( အချို့ ) ကာတွန်းဆရာတွေရဲ့ တွေးခေါ်ရေးဆွဲချက်တွေဟာ အလွန်ပြောင်မြောက် လှပါတယ်လို့ ဆိုခြင်ပါပြီး အထူးသဖြင့် ဧရာဝတီမှာ ရေးဆွဲတဲ့ ကာတွန်းဟန်လေး ( ကိုဟန်လေး ) ဆိုတာ ကျုပ်ရဲ့ ဖေးဘရစ် တစ်ယောက်ပါ ( လူအထင်ကြီးအောင် ဘိုလိုရေးခြင်တာ စာလုံးပေါင်းမတတ်လို့ ) ယနေ့ ခင်ဗျားတို့ကျုပ်တို့ မြင်နေတွေ့နေရတဲ့ လူငယ်လေးတွေ ဈေးရောင်းဈေးဝယ်ခေါ်မလား ဘာလုပ်နေသလဲ အဲ့သည်လူငယ်လေးတွေရဲ့ စိတ်ထဲမှာ မိသားစု ဆိုတဲ့ စိတ်တွေ ဆိုခဲ့ပြီးသလို အနှီးလူငယ်လေးတွေဟာ မိသားစုပေါ်မှာထင်သလောက် ပူပင်မှု့မရှိလှပါဘူးလို့ ဆိုခြင်ပါတယ် အဲ့သည်လူငယ်လေးတွေရဲ့စိတ်ထဲမှာကိန်းအောင်းနေတာဟာ အတတ်ပညာ ( ကျောင်းစာ ) ဆိုတာ သင်ရကောင်းမှန်းသိတဲ့အရာလို့ မထင်တာရယ် အတတ်ပညာ ( ကျောင်းစာ ) ဆိုတာ ပိုက်ဆံရတဲ့အလုပ်တစ်ခု မဟုတ်ဘူး လို့ဘဲ မှတ်ချက်ချထားသူတွေဖြစ်ပါတယ် အထူးသဖြင့် ကျောင်းစာကို သင်ယူဘို့ အလိုမရှိတော့သူတွေ ( အမှန်တော့ သူတို့ရင်ထဲမှာနေရာယူသွားတဲ့ ကျောင်းစာ ( အတတ်ပညာ ) ကို ငြီးငွေ့စေတဲ့ အကြောင်း တွေကြောင့် ) ဖြစ်ပါတယ် Reply
Foreign ResidentAugust 17, 2012 at 2:35 am ကလေး အရွယ်နှင့် လမ်းဘေး ဈေးရောင်းရတာကို ၊ မြန်မာလူမျိုးတွေ ဘယ်လိုမြင်ကြသလဲ မသိဘူး ။ အဘ သူငယ်ချင်း တရုတ်လေးဟာ ငယ်ငယ်က ၊ နေ့စဉ် နံနက် ကျောင်းမသွားမှီနှင့် ၊ ညနေ ကျောင်းကပြန်လာတိုင်းမှာ ၊ တရုတ်မုန့်လေးတွေကို တစ်ယောက်ထဲ ၊ လမ်းဘေးမှာဈေးဘန်းလေးချပြီး ရောင်းခဲ့ရပါတယ် ။ လမ်းဘေး ရေဘုံပိုင်မှာ ရေချိုး ၊ ခုံဖိနပ်စီးပြီး ကြီးခဲ့ရတာပါ ။ အခု သူ စက်ရုံပိုင်ရှင် သူဋ္ဌေးကြီးဖြစ်နေပါပြီ ။ အဘ အမြင်ကတော့ ၊ လမ်းဘေး ဈေးရောင်းတာဟာ ၊ ကလေးတစ်ယောက်အတွက် တကယ့် လေ့ကျင့်ရေးကွင်း ပါ ။ တကယ်သာ စိတ်ဓါတ် မှန်မှန်နှင့် ကြိုးစားသွားရင် ၊ အဲဒီ လမ်းဘေး ဈေးရောင်း တဲ့ ကလေးဟာ ၊ သာမာန် ကျောင်းတက် ၊ စာသင် ၊ သာမာန် ဘွဲ့ရ ၊ စာရေးစာချီ လုပ်တဲ့ ၊ သာမာန် လူတစ်ယောက်ထက်တော့ ၊ ချမ်းသာ မှာ သေချာပါတယ် ။ အဘကတော့ ၊ လမ်းဘေး ဈေးရောင်းတာကို ၊ အထင် ကို မသေးရဲတာ ။ အဓိက က စိတ်နေစိတ်ထားပဲ အရေးကြီတာပါ ။ Reply
ko khin khaAugust 17, 2012 at 10:10 am Foreign Resident ရေ၊ ဈေးရောင်းတာကို အထင်မသေးပါဘူး မိမိအင်အားနဲ့လုပ်တာမို့ ဂုဏ်ယူမိပါကြောင်း ၊ အခုက ကျောင်းနေအရွယ်ကျောင်းမနေနိုင်ဘဲ ဝမ်းရေးအတွက်လုပ်နေရတဲ့ ကလေးတွေဖြစ်နေလို့ပါ။ Reply
Shwe EiAugust 17, 2012 at 2:24 pm တလောက ဦးဝိစာရလမ်းနဲ့ ဓမ္မစေတီလမ်း မီးပွိုင့်မှာ အသက်၁ဝနှစ်ဝန်းကျင်ခလေးတွေ သဇင်အခွေလိုက်ရောင်းနေတာတွေ့တယ်။ ဒီအခွေဟာ ဘာလဲဆိုတာ သူတို့သိစရာမလိုဘူး ပိုက်ဆံရဖို့သာအဓိကလို့ တွေးရင်မှန်ပါ့မလား။ သိသွားရင်ရော ဘယ်သူက ကောင်းသည်ဆိုးသည်ပြောပြပေးမှာတဲ့လဲ။ လမ်းသွား လမ်းလာ လူကြီးတွေက ဒီခလေးတွေလက်ထဲက အခွေကို တခွေ ၅၀ဝနှုန်းနဲ့ အားပေးနေကြသေးဗျာ။ ပိုက်ဆံရှာရင်းရတဲ့ ဆိုးကျိုးလား ပိုက်ဆံရှာရင်းရတဲ့ အတွေ့အကြုံလား စဉ်းစားစရာဖြစ်သွားဘီဗျ။ Reply
ko khin khaAugust 17, 2012 at 4:53 pm ကလေးတွေကတော့ ရောင်းကုန်တစ်ခု အနေနဲ့ရောင်းတာဖြစ်နိုင်ပါတယ်။ ဖြန့်တဲ့သူကလည်း အမြတ်အစွန်းအတွက် ဖြန့်တာနေမှာပါ။ အဲ ဝယ်ယူအားပေးတဲ့သူတွေကတော့———။ ( ဝယ်တဲ့သူရှိလို့လဲ ရောင်းရတာပေါ့လေ။) Reply
27 comments
မောင်ပေ
August 16, 2012 at 2:23 pm
ကျွန်တော့်အမြင်ပေါ့လေ
အခြေခံလူတန်းစားများအားလုံးအတွက် ကောင်းမွန်တဲ့လစာများပေးနိုင်တဲ့ အလုပ်အကိုင်များပေးနိုင်ရန် ဆိုသည်မှာ အသေးစားနဲ ့အလတ်တန်းစား စီးပွားလုပ်ငန်းများ လည်ပတ်နိုင်မှ ဖြစ်မယ်လို ့ထင်ပါတယ်
အခြေခံလူတန်းစားတွေကို တစ်ကယ်တမ်းလက်တွေ ့ကျကျ အလုပ်ပေးနေတာက အလတ်စားနဲ ့အသေးစား စီးပွားလုပ်ငန်းတွေကမို ့ပါပဲ ။ မနှစ်ကတော့ အစိုးရအသစ်ရဲ ့လမ်းစဉ်တွေထဲမှာ အလတ်စားနဲ ့အသေးစား စီးပွားလုပ်ငန်းများကို ဖွံဖြိုးတိုးတက်ဖို ့ထောက်ပံ့မယ်လို ့ဖတ်ခဲ့ဖူးတာပဲ။
ko khin kha
August 16, 2012 at 2:41 pm
ကိုပေရေ အစိုးရက ပြောတာလဲပြောတာပေါ့၊ ပြောပြီးလည်း လုပ်အုံးမလေ။
သတင်းစာထဲ သတင်းရေးကောင်းအောင်ဘဲ ပြောတာဘဲ ဆိုရင်တော့။
နောက်ပိုင်း ၅ နှစ်ပြည့်ရင် ကျောင်းထားရမယ်အစား မူလတန်းကို စာပေးစာယူအနေနဲ့တက်ရရင် တက်ပြီး အလုပ်သွားရမလားဘဲ။ မျှော်——–။
မောင်ပေ
August 16, 2012 at 2:50 pm
ဟားးးး
ကောင်းလိုက်တဲ့ ဥပမာဗျာ
ဒီလူကြီးတယ်နောက်
etone
August 16, 2012 at 3:17 pm
အန်ကယ်ရေ .. အဲ့ဒီပုံလေး …. ဖေ့စ်ဘွခ်မှာ ဒီရက်ပိုင်း ပျံ ့နေတာတွေ့လို့ …. ပြန်ရှဲမိလိုက်ပါသေးတယ် … ။
ကလေးတွေကျောင်းတက်ဖို့ ……အကြောင်းနဲ့ .. အခြေနေအကြောင်းကြောင့် ကျောင်းတက်ဖို့ စရိတ်ထောက်မယ့်သူရှိလျှင်တောင် ၊ အိမ်မိသားစု စားဝတ်နေရေးအတွက် ကျောင်းတက်ဖို့ အခြေနေမပေးသေးတဲ့အကြောင်းတွေ အရင်ကတည်းက ရွာထဲမှာ ဆွေးနွေးခဲ့ကြဖူးတာလေး ပြန်သတိရမိတယ် ။
သူတို့လေးတွေ သူများ နည်းတူ ကလေးသဘာဝ ကစားချင်ကြ ၊ စာသင်ချင်ကြမှာပါပဲ ။ ဒါပေမယ့် ဘဝပေး ကံကြမ္မာကြောင့် ကြုံရာ ကျပန်း ရှာစားနေရရှာတယ် ။ မြင်ရတာ စိတ်မကောင်းဖြစ်မိတယ် ။ စာသင်ဖို့အထက် ၊ တနေ့ တနေ့ ထမင်း နှပ်မှန်ဖို့က ပိုအရေးကြီးနေကြတော့လည်း အကျိုးပေးမကောင်းတဲ့ သူတို့ကံကြမ္မာကိုပဲ အပြစ်တင်ရတော့မလိုပဲ ။ သမီးချောင်းသာသွားတုန်းက ဈေးရောင်းနေတဲ့ကလေးလေးတွေဆို ငယ်ငယ်လေးတွေပဲ ရှိသေးတယ် … တချို့ဆို စကားတောင် မပီသေးဘူး … သားလေး အသက်ဘယ်လောက်ရှိပြီလဲလို့မေးတော့ ….. ငါးနှစ်တဲ့လေ ……. ။ ငါးနှစ်မပြည့်သေးတာလေးတွေလည်းပါတယ်.. အရွယ်စုံ ဆိုဒ်ဆုံပါပဲ … ။ ငါးနှစ်ဆိုတဲ့ အရွယ်လေးက … အိမ်က တူလေးနဲ့ ယှဉ်လျှင်တောင်နည်းနည်း ပိုငယ်နေသေးတယ် …. ။ မိဘရင်ခွင်ထဲမှာ ဂျီကျပြီး ဆိုးလို့ ချွဲလို့ကောင်းနေတဲ့ အရွယ်လေးတွေလေ … ။ ချောင်းသာက ကလေးတွေကတော့ … မနက်မျက်လုံး နှစ်လုံးပွင့်ကတည်းက ဈေးရောင်းရတာ ညဘက်အထိပဲဆိုတော့ … စာသင်ချိန်လည်း ရှိမယ်မထင်ဘူး ။ သူ့ဘဝ သူကျောင်းပြီး အဆင်ပြေသလို နေရရှာတယ် … ။ ကလေးတွေကို နေစရာ ၊ စားစရာပေးပြီး ကျောင်းတက်ဖို့ စီစဉ်ပေးမယ်ဆိုလျှင်တောင် ..သူ့နောက်ကွယ်က မှီခိုပြီးစားသောက်နေတဲ့ မိသားစုအတွက် ..သိပ်အဆင်မပြေလှဘူး ။ ……. ဒီတော့ ……. ဘာဆက်ပြောရမှန်းတောင် မသိလောက်အောင် စိတ်မောသွားပါတယ် အန်ကယ်ရေ ။ 🙄
kai
August 16, 2012 at 3:37 pm
အဖြေက..
နိုင်ငံ(ဖယ်ဒရယ်)ကနေ.. လူတွေကို.. အမြတ်ခွန်သေသေချာချာကောက်ရလိမ့်မယ်..
ပြည်နယ်တွေကလည်း…. လူခွန်.. အမြတ်ခွန်ကောက်ရလိမ့်မယ်..
အဲဒီလိုနဲ့.. ထိမ်းညှိရမယ်..။
ယူအက်စ်က အဲလိုလုပ်တယ်..။
ဆိုတော့…
ကလေးတွေမွေးထားရင်.. အစိုးရက..ရထားတဲ့ပိုက်ဆံတွေထဲက.. ပြန်ထောက်ပံ့လို့ရတာပေါ့..
ကလေးများလေ.. ထောက်ပံ့လေပေါ့…
ကလေးတွေအလုပ်လုပ်ခိုင်းရင်.. ထောက်ပံ့ငွေဖြတ်ပေါ့..
မိဘနဲ့.. အလုပ်ခိုင်းတဲ့သူတွေကို.. အရေးယူပေါ့…။
စသဖြင့်…
etone
August 16, 2012 at 3:49 pm
သဂျီးရဲ ့အဲ့လို လုပ်ဖို့က ….. ဒီနိုင်ငံက အခွန် စည်းကြပ်တာ မှန်မမှန်ကနေ သွားပြန်လိုက်ရတော့မယ် …. ။
ကြားရသလောက်တော့ အခွန်စည်းကြပ်နှုန်းထားတွေ မညီမျှတာလည်း ကြားထားပါတယ် ။ အခွန်ရှောင်ထားတဲ့ ကိစ္စတွေ ၊ အခွန်လိမ်ဆောင်တာတွေ ၊ ငွေဖြူငွေမည်း ကိစ္စတွေလည်း ကြားထားတော့ …. … အခွန်နဲ့ပတ်သတ်လို့ … သိပ်ပြီး မြင်သာမှုမရှိတော့ … တကယ်အလုပ်လုပ်တယ် မလုပ်ဘူး …. ယုံကြည်ဖို ့ခက်နေကြတာပေါ့ … ။
အခွန်သာကောက်တယ် … ဒီအခွန်တွေ ဘဏ္ဍာငွေထဲ တကယ်ရောက်မရောက်နဲ့ ၊ ဘယ်လို အကျိုးရှိအောင် သုံးသလဲဆိုတာလည်း ပွင့်လင်းမြင်သာမှုမရှိတော့ ၊ နေရာတိုင်းမှာ အခွန်တွေ ချည်းကောက်လိုက်မယ်ဆိုလျှင် ၊ ကိုယ့်ဘက်က အရင်ပေးရတာပဲမြင်ပြီး ၊ ဆန္ဒထုတ်ဖော်တာတွေ ဘာတွေ ဖြစ်လာနိုင်မလားပဲ …. ။ 🙄
kai
August 16, 2012 at 3:54 pm
အခွန်ဥပဒေတွေက..တပိုင်း..
နိုင်ငံသားတွေက..အခွန်ပေးရမှာကတပိုင်း..
အမြတ်ခွန်ဌာနက.. လိမ်တာ…လာဘ်စားတာကတပိုင်း..
အဲလို အပိုင်းလိုက်စဉ်းစားစေချင်ပါတယ်..
တခြားသူတွေအခွန်ရှောင်လို့.. ငါက..မပေးဘူးကွဆိုတာမျိုးမဖြစ်ရပါဘူး..
ပြောရရင်..
မြန်မာတွေ.. နိုင်ငံရေးစိတ်..မဟုတ်တဲ့နေရာတွေအတက်ကြွလွန်နေတယ်ထင်မိတယ်..
အစွန်းရောက်နေတယ်ပြောရင်.. မမှားလောက်ဘူး..
အင်း..
စနစ်ကြောင့်မဟုတ်… စနစ်ကြောင့်မဟုတ်..
နှစ်၁၀၀ဝ ကျိန်စာ… 😕
metallic
August 16, 2012 at 11:01 pm
လူအားလုံး ယခုအချိန်မှစ အတိတ်မေ့သွားပါက အဆင်ပြေဖွယ်ရှိဧ။် “:lol:”
(လုပ်လက်စအလုပ် အမူအကျင့် အလေ့အထများကိုဆိုလိုသည်။)
ဦးဦးပါလေရာ
August 17, 2012 at 8:55 am
သူကြီး အတိတ်မေ့သွားပြီပဲ…
မြန်မာနိုင်ငံကို အမေဒိကန်လို အခွန်ဆောင်ချင်တိုင်းဆောင်လို့ ရတဲ့နိုင်ငံလို့ ထင်များနေသလားမသိ…. 🙂
နဲနဲအားရင် ပုံလေးတွေပြောပြဦးမယ် (မရေးဖြစ်မှာစိုးလို့စရံသတ်ထားတာ)
kai
August 17, 2012 at 9:41 am
ဒီနေရာမှာ Brainstorming မလုပ်လို့မဖြစ်ဖူး../
ဦးပါရဲ့..ပုံလေးတွေ..နားထောင်ချင်မိပါတယ်.။ တင်ပေးစေိုပါကြောင်း.. 🙂
–
ဆိုတော့… ဆက်ပြောရရင်..။
တိုင်းပြည်တပြည်မှာ.. အစိုးရဟာ..ပြည်သူသားတွေဆီကရတဲ့အခွန်ငွေနဲ့..ရပ်တည်ရမှာပါ..
ဒါက..နံပါတ်တစ်ပဲ..
ဒါကိုအရင်ဆုံး.. မလုပ်လို့ကို မရပါ..။
အရင်စစ်အစိုးရက.. ဘာလို့မလုပ်ခဲ့သလည်းဆိုတော့.. သူ့ရဲ့တရားဝင်မှုကိုသူကိုယ်တိုင် အာမမခံရဲလို့ပါပဲ..
အခွန်ဆောင်ငွေတွေလက်ခံပြီးတဲ့အခါမှာမှ.. အဲဒီအစိုးရတရပ်ဟာ.. တရားဝင်အစိုးရဖြစ်ပါတယ်..။
အခွန်ဆောင်.. လူထုကို.. ဦးထိပ်ထား.. ဆရာတင်ရပါတယ်..။ လူထုက..ဆရာသခင်ဖြစ်ပါတယ်..
အရင်စစ်အစိုးရတွေဘာလို့မလုပ်သလည်း…ဆိုတော့.. လူထုကို.. ဆရာသခင်နေရာမထားချင်လို့ပါပဲ..
ငွေကလည်းလိုတော့ကာ..
.. ဘာလုပ်သလည်းဆိုတော့..အရက်ရောင်း ..ဆေးလိပ်ရောင်း.. မြေကြိးသယံဇာတရောင်း..အခွင့်အရေး(လိုင်စင်)ရောင်း.. ဘက်ဂျက်ရှာခဲ့(ရ)ပါတယ်..။
ဆိုတော့..
လာပါမယ်..မကြာခင်..လာပါမယ်ကွယ်..။ လာကိုလာရပါမယ်ကွယ်..အခွန်တွေ..အခွန်တွေ..
ဒန်တန်တန်…
etone
August 17, 2012 at 2:04 pm
ပြောချင်နေတာလေးကို ဦးဦးပါလေရာက ပြောသွားလို့ …. ဝမ်းသာလိုက်တာ ..ခွိခွိ … ဘယာကြော်ပါ ဦးဦးရေ … ။:D
ပန်းစံပါယ်
August 16, 2012 at 3:56 pm
အခွန်ကို အမှန်အတိုင်းကောက်ခံရရှိဖို့အတွက်ကိစ္စကလည်း မလွယ်လောက်ဘူးထင်ပါတယ်။ အခွန်ကို မှန်မှန်ကန်ကန်ကောက်ခံရရှိဖို့အတွက် အခွန်ကောက်ခြင်းကိစ္စဆောင်ရွက်တဲ့လူကြီးတွေ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်က အလွန်အရေးကြီးပါတယ်။ တစ်ချို့က တရားဝင်အခွန်ဆောင်ချင်တယ်။ တစ်ချို့က မဆောင်ချင်ကြဘူး။ ဝန်ထမ်းက အခွန်ဆောင်ချင်ပေမယ့် သူဌေး (သို့) လုပ်ပိုင်ခွင့်ရှိသူက အခွန်ရှောင်ချင်လို့ ခွင့်မပြုလို့မဆောင်ရတာမျိုးတွေလည်းရှိပါတယ်။ လစာကိုအမှန်အတိုင်းမပြတာတို့ပေါ့။ နည်းအမျိုးမျိုးပေါ့။ မဆောင်ချင်တဲ့လူတွေက မဆောင်ရအောင် (သို့) လျော့နည်းအောင် ကြိုးစားကြမှာပါပဲ။ တိုင်းပြည်ဖွံဖြိုးတိုးတက်စေချင်တယ်ဆိုပြီး ကိုယ့်တာဝန်ကို မယူချင်ကြဘူး။ အခွန်ထမ်းသူနဲ့ အခွန်ကောက်ခံသူများပါ တာဝန်သိ တာဝန်ယူတတ်တဲ့စိတ်တွေ ရှိဖို့အရေးကြီးပါတယ်။
လေပြေ ရှိုင်း
August 16, 2012 at 4:03 pm
ပြီးခဲ့တဲ့ အပတ်ကထင်တယ် ဂျာနယ်ထဲက ကာတွန်းလေးတစ်ခု
ပထမပုံမှာက စာလေးရေးထားတာ ” ကလေးသူငယ်များသည် ရောင်းကုန်မဟုတ်”ဟုရေးထားတယ်။ ပြီးတော့ လူကုန်ကူး ဆိုတာကို ကျက်ခြေခတ်ထားတယ်။ နောက်တကွက် အောက်က ကာတွန်းလေးထဲမှာ ကလေးလေးက လက်ထဲမှာ တပွေ့တဘတ်နဲ့ အခြားတဘက်က မြောက်ပြီး ဈေးရောင်းနေတယ်။ စာတမ်းလေးအောက်မှာ ရေးထားတယ်။” ကုန်ရောင်းများဖြစ်သည်”… တဲ့….. နှစ်ကြောင်းပေါင်းလိုက်တော့ “ကလေးသူငယ်များသည် ရောင်းကုန်မဟုတ်၊ ကုန်ရောင်းများဖြစ်သည်”။….
ငတ်ပြတ်တဲ့ ကမ္ဘာကို လောဘက ဖန်တီးပါတယ်တဲ့။ ငါ့ဥစ္စာ ငါပိုင်တာ ဘယ်သူမှဝေမပေးနိုင်ပါဘူး ဆိုသူတွေ လောဘတွေအားကြီးတဲ့သူတွေက ဝေမျှခံစားပေးဝေခြင်းမရှိတော့တဲ့နောက်မှာ အတိတ်ကံ အားနည်းသူတွေက လူ့ငရဲဆိုတဲ့ ခါးသီးမှုဘဝကို အပိုင်စားရသွားကြဟန်တူပါတယ်။ ဆင်းရဲ့ ပင်ပန်းခြင်းမှာ ကင်းဝေးကြပါစေ….
laypai
August 16, 2012 at 5:18 pm
စား ဝတ် နေ ရေး တဲ့၊ လူတွေ အတွက် အရေး သုံးပါး လုံး က အရေး ကြီးပေမဲ့ မြို့နေ လူတန်းစားတွေ အတွက် က နေရေး ကို ပထမ ဦးစားပေး စဉ်းစားရတယ်။
နေစရာ ဝတ်စရာ ထက် ဆာလောင်လာရင် လဲ တစ်ရက် က နှစ်ရက် ဘယ်သူ မှ တောင့် မခံနိုင် တော့ ဘူး။
ကဲ ဝမ်းရေး ဆိုတာထက် စား၊ ဝတ်၊ နေ ရေး တဲ့ ဘယ် အရေး က အဓိက အရေး ကြီးပါသလဲ။
စားရေး က အရေး ကြီး ရှေ့ တန်းတင် ရေးတာ လား၊ နေရေး က အရေးကြီး သမို့ နောက်မှာထား ရေးတာလား။
YE YINT HLAING
August 16, 2012 at 6:20 pm
ကလေးတွေကောလူကြီးတွေကော စားရေး နေရေးခက်ခဲကြတ်တည်းရခြင်းရဲ့ အဓိက တရားခံ က တရုတ်စီးပွါး ရေးသမားတွေကြောင့်ဗျ ! နိုင်ငံ နဲ့ အဝှမ်း နယ်စပ်ဒေသ တွေပါမကျန် အိမ် ခြံ မြေ ဈေးတွေ အဆမတန် မြင့်တက်ကုန်တာ ဒီကောင်တွေကြောင့်ပဲ ( စီးပွါးရေး သမားတွေ ကိုပြောတာနော် ) ။ မြန်မာ ထဲ က ထားစရာ မရှိတဲ့ သူတွေကလည်း များသောအားဖြင့် အိမ် ခြံ မြေ ထဲမှာပဲ ရင်းနှီးမြုပ်နှံကြတယ် ။ ဒါကြောင့် သာမာန်လူတန်းစား တွေနဲ့ လူလတ်တန်းစားတွေ အထိ နေရေးခက်ခဲကုန်တယ် ။ ဒီအတွက် စားဖို့ရှာထားတဲ့ အထဲက ငှါးရမ်းနေထိုင်ဖို့ သုံးရတယ် ။ ပြီးတော့ လုပ်ခ နည်းနည်း လုပ်အား များများလိုချင်သေးတယ် ဒီကောင်တွေက ။ ဒါကြောင့် စားရေး နေရေး အတွက် မခံနိုင်တဲ့အဆုံး အငတ်ခံပြီး ဆန်ဒ ထပ်ပြကြရတယ် ။ စစ်ရေး ( ၄ ) နည်းထဲကEconomic Mean နဲ့ တရုတ်စီးပွါးရေး သမားတွေ မြန်မာပြည် ၊ မြန်မာ့မြေ နဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်း ကိုသိမ်းယူထားတာ နှစ်ပေါင်း ( ၂ဝ ) ကျော်ပြီ ။
YE YINT HLAING
August 16, 2012 at 6:45 pm
မြေအောက် ရေအောက်ကဟာ ၊ မြေထဲ ရေထဲ ကဟာ တွေ ကုန်ခါနီးပြီ ဆိုတော့ မြေပေါ် ရေပေါ်က ဟာတွေကို နည်းလမ်းအမျိုးနဲ့ ရယူဖို့ ဆက်ကြိုးစားနေပြီ ။ မြို့ကြီး ပြကြီးတွေမှာကော မြို့ငယ် ဇနပုပ် မှာကော ကောင်းပေ ညွန့်ပေ့ ဆိုတဲ့ နေရာကောင်းတွေ ရောင်းဝယ်လုပ်ကိုင်လို့ကောင်းတဲ့နေရာကောင်းတွေဆို ဒီကောင်တွေချည်းပဲ ။ မြန်မာတွေ က ရိုးရိုးအေးအေးကြီးတွေ ။ တဖြေးဖြေးနဲ့ မြို့ပြင်ရောက်ရာကနေ နောက်ဆုံး သူတို့ဆီမှာပြန်ငှါးနေရမယ် ။ စားဝတ်နေရေး နဲ့ ပတ်သက်ပြီး မြန်မာဆိုတာ တရုတ်စီးပွါးရေး သမားတွေရဲ့ ခေတ်သစ် ကျွန်ပဲ ။
အလင်းဆက်
August 16, 2012 at 6:47 pm
ဟက် ..ထိတယ်…ဟက်ထိတယ်..ဟေ့…။
ma me kyaw
August 16, 2012 at 7:59 pm
တို့တွေအားလုံးဘာလုပ်ပေးနိုင်မှာလဲ. သေချာစဉ်းစားပေးပါအုံး. ့
အရီးခင်လတ်
August 16, 2012 at 8:50 pm
ဘာမှဆက်မပြောရင် ဘာပြောကြမလဲဟင် ???? 😛
ko khin kha
August 16, 2012 at 9:58 pm
မပြောဘဲမနေနိုင်တဲ့ထိစောင့်ရုံပေါ့ အရီးရယ်။
အတိသဉ္ဖာ နာဂရချစ်သူ
August 16, 2012 at 10:22 pm
တကယ်တော့ ခေတ်အဆက်ဆက်က မြန်မာပြည်ပညာရေးက ရော စီးပွားရေး
အစီအမံတွေ အားလုံး အလိမ်အညာတွေမို ့မအောင်မြင်ခဲ့လို ပြည်သူားတွေ ခုလို
ခံစားနေကြရတာပါဗျာ။သူတို ့အမျိုးတွေဘဲ ကောင်းစားနေတာလေ။
ကိုပေါက်(မန္တလေး)
August 16, 2012 at 10:27 pm
မြန်မာပြည်မှာ လက်တွေ့အကောင်အထည်ဖော်သူနည်းပြီး
စကားလုံးစစ်ပွဲနဲ့လေတိုက်ပွဲတွေများနေလို့ တိုင်းပြည်ရဲ့ ဂရပ်ဖ်က အောက်စိုက်ဆင်းနေတယ်
ဆိုရင် မမှားလောက်ပါဘူးနော်.။
မိုက်ကယ်ဂျော်နီအောင်ပု
August 16, 2012 at 11:30 pm
ဒီမိုကရေစီခေတ်ထဲရောက်လာဘီဆိုတော့ ကျုပ်က ဘယ်သူနဲ့မှမတူအောင်ပြောကြည့်မယ်
( မကျေနပ်ရင် သဂျီးဂိုဝိုင်းဘေဂျ 😀 )
တစ်ခုရှိတာကတော့ ( အချို့ ) ကာတွန်းဆရာတွေရဲ့ တွေးခေါ်ရေးဆွဲချက်တွေဟာ
အလွန်ပြောင်မြောက် လှပါတယ်လို့ ဆိုခြင်ပါပြီး
အထူးသဖြင့်
ဧရာဝတီမှာ ရေးဆွဲတဲ့ ကာတွန်းဟန်လေး ( ကိုဟန်လေး ) ဆိုတာ ကျုပ်ရဲ့ ဖေးဘရစ် တစ်ယောက်ပါ
( လူအထင်ကြီးအောင် ဘိုလိုရေးခြင်တာ စာလုံးပေါင်းမတတ်လို့ )
ယနေ့
ခင်ဗျားတို့ကျုပ်တို့ မြင်နေတွေ့နေရတဲ့ လူငယ်လေးတွေ ဈေးရောင်းဈေးဝယ်ခေါ်မလား
ဘာလုပ်နေသလဲ
အဲ့သည်လူငယ်လေးတွေရဲ့ စိတ်ထဲမှာ မိသားစု ဆိုတဲ့ စိတ်တွေ
ဆိုခဲ့ပြီးသလို အနှီးလူငယ်လေးတွေဟာ မိသားစုပေါ်မှာထင်သလောက် ပူပင်မှု့မရှိလှပါဘူးလို့
ဆိုခြင်ပါတယ်
အဲ့သည်လူငယ်လေးတွေရဲ့စိတ်ထဲမှာကိန်းအောင်းနေတာဟာ
အတတ်ပညာ ( ကျောင်းစာ ) ဆိုတာ သင်ရကောင်းမှန်းသိတဲ့အရာလို့ မထင်တာရယ်
အတတ်ပညာ ( ကျောင်းစာ ) ဆိုတာ ပိုက်ဆံရတဲ့အလုပ်တစ်ခု မဟုတ်ဘူး လို့ဘဲ
မှတ်ချက်ချထားသူတွေဖြစ်ပါတယ်
အထူးသဖြင့် ကျောင်းစာကို သင်ယူဘို့ အလိုမရှိတော့သူတွေ
( အမှန်တော့ သူတို့ရင်ထဲမှာနေရာယူသွားတဲ့ ကျောင်းစာ ( အတတ်ပညာ ) ကို ငြီးငွေ့စေတဲ့ အကြောင်း တွေကြောင့် )
ဖြစ်ပါတယ်
Foreign Resident
August 17, 2012 at 2:35 am
ကလေး အရွယ်နှင့် လမ်းဘေး ဈေးရောင်းရတာကို ၊
မြန်မာလူမျိုးတွေ ဘယ်လိုမြင်ကြသလဲ မသိဘူး ။
အဘ သူငယ်ချင်း တရုတ်လေးဟာ ငယ်ငယ်က ၊
နေ့စဉ် နံနက် ကျောင်းမသွားမှီနှင့် ၊
ညနေ ကျောင်းကပြန်လာတိုင်းမှာ ၊
တရုတ်မုန့်လေးတွေကို တစ်ယောက်ထဲ ၊
လမ်းဘေးမှာဈေးဘန်းလေးချပြီး ရောင်းခဲ့ရပါတယ် ။
လမ်းဘေး ရေဘုံပိုင်မှာ ရေချိုး ၊ ခုံဖိနပ်စီးပြီး ကြီးခဲ့ရတာပါ ။
အခု သူ စက်ရုံပိုင်ရှင် သူဋ္ဌေးကြီးဖြစ်နေပါပြီ ။
အဘ အမြင်ကတော့ ၊
လမ်းဘေး ဈေးရောင်းတာဟာ ၊
ကလေးတစ်ယောက်အတွက် တကယ့် လေ့ကျင့်ရေးကွင်း ပါ ။
တကယ်သာ စိတ်ဓါတ် မှန်မှန်နှင့် ကြိုးစားသွားရင် ၊
အဲဒီ လမ်းဘေး ဈေးရောင်း တဲ့ ကလေးဟာ ၊
သာမာန် ကျောင်းတက် ၊ စာသင် ၊
သာမာန် ဘွဲ့ရ ၊ စာရေးစာချီ လုပ်တဲ့ ၊
သာမာန် လူတစ်ယောက်ထက်တော့ ၊
ချမ်းသာ မှာ သေချာပါတယ် ။
အဘကတော့ ၊
လမ်းဘေး ဈေးရောင်းတာကို ၊ အထင် ကို မသေးရဲတာ ။
အဓိက က စိတ်နေစိတ်ထားပဲ အရေးကြီတာပါ ။
ko khin kha
August 17, 2012 at 10:10 am
Foreign Resident ရေ၊ ဈေးရောင်းတာကို အထင်မသေးပါဘူး မိမိအင်အားနဲ့လုပ်တာမို့ ဂုဏ်ယူမိပါကြောင်း ၊ အခုက ကျောင်းနေအရွယ်ကျောင်းမနေနိုင်ဘဲ ဝမ်းရေးအတွက်လုပ်နေရတဲ့ ကလေးတွေဖြစ်နေလို့ပါ။
Shwe Ei
August 17, 2012 at 2:24 pm
တလောက ဦးဝိစာရလမ်းနဲ့ ဓမ္မစေတီလမ်း မီးပွိုင့်မှာ အသက်၁ဝနှစ်ဝန်းကျင်ခလေးတွေ သဇင်အခွေလိုက်ရောင်းနေတာတွေ့တယ်။ ဒီအခွေဟာ ဘာလဲဆိုတာ သူတို့သိစရာမလိုဘူး ပိုက်ဆံရဖို့သာအဓိကလို့ တွေးရင်မှန်ပါ့မလား။ သိသွားရင်ရော ဘယ်သူက ကောင်းသည်ဆိုးသည်ပြောပြပေးမှာတဲ့လဲ။ လမ်းသွား လမ်းလာ လူကြီးတွေက ဒီခလေးတွေလက်ထဲက အခွေကို တခွေ ၅၀ဝနှုန်းနဲ့ အားပေးနေကြသေးဗျာ။ ပိုက်ဆံရှာရင်းရတဲ့ ဆိုးကျိုးလား ပိုက်ဆံရှာရင်းရတဲ့ အတွေ့အကြုံလား စဉ်းစားစရာဖြစ်သွားဘီဗျ။
ko khin kha
August 17, 2012 at 4:53 pm
ကလေးတွေကတော့ ရောင်းကုန်တစ်ခု အနေနဲ့ရောင်းတာဖြစ်နိုင်ပါတယ်။
ဖြန့်တဲ့သူကလည်း အမြတ်အစွန်းအတွက် ဖြန့်တာနေမှာပါ။
အဲ ဝယ်ယူအားပေးတဲ့သူတွေကတော့———။
( ဝယ်တဲ့သူရှိလို့လဲ ရောင်းရတာပေါ့လေ။)