မိန်းမချစ်အောင်နေနည်း နိဿရည်း…

lu ta loneJuly 6, 20101min01

http://advisecouples.com/wp-content/uploads/2009/04/last-longer-during-sex-3.jpg

(၁) ကိုယ်က ပိုင်ဆိုင်ရပြီဆိုကတည်းက သူ့ကို ရှောင်ဖယ်ဖယ် မလုပ်သင့်ဘူး။
(၂) မရခင်က သေတော့မတတ် စကားတွေပြောခဲ့ပြီးမှ ရပြီးချိန်မှာ တခြားဇာတ်ရှုပ်တွေ မထွင်ရဘူး။ (အနှိပ်ခန်းမသွားရဘူးနော်)
(၃) သူဘာကို လိုချင်နေတယ်ဆိုတာကို ကိုယ်က ကြည့်ပြီး သိလိုက်ပါ။ ပိုက်ဆံမကုန်ပဲ ပေးလို့ရရင် အချိန်မရွေးပါနဲ့။
(၄) ကိုယ့်မိဘတွေရှေ့မှာ သူမကျွမ်းကျင်တာတွေကို တော်တယ်လို့သာ ချီးမွမ်းစကားပြောပါ။ (တကယ်ကျွမ်းကျင်လာပါလိမ့်မယ်)
(၅) ကိုယ်အလုပ်သွားခါနီးတိုင်းမှာ မိန်းမဖြစ်သူကို အမြဲတမ်း အနမ်းတွေ ပေးသွားပါ။ (ကလေးတွေရှိရင် အိပ်ခန်းထဲမှာပေးနော်)
(၆) ကိုယ်မရှိခိုက် မိန်းမ မဖောက်ပြန်ရအောင် ခွဲခွာခါနီးမှာ မိန်းမဖြစ်သူကို လက်သုပ်စုံလို သဘောထားလိုက်ပါ။
(၇) အလုပ်ကပြန်လာချိန်မှာ မိန်းမဖြစ်သူရဲ့ မျက်နှာကြောကို ကြည့်ပြီး ဆက်ဆံတတ်ရပါမည်။
(မျက်နှာကြောတင်းနေလျှင် ရီပြလိုက်ပါ။)
(၈) ညအိပ်ယာဝင်တိုင်း မိန်းမရဲ့ဆန္ဒက ဘာကိုလိုချင်နေသလဲဆိုတာကို အမြဲစဉ်းစားပြီး ဖြည့်ဆည်းပေးပါ။
(၉) လခထုတ်ရက် အိမ်ပြန်ချိန်တွေကို စောနိုင်သမျှ စောပေးပါ။
(၁၀) အူတူတူ၊ အတတ၊ မထုံတတေး၊ အလိုက်ကမ်းဆိုးမသိ၊ အရိပ်သုံးပါးနားမလည်၊ မအူမလည်၊ ရိုးအအ မိန်းမကို ပိုင်ဆိုင်ထားရပြီဆိုရင် အထက်ပါအချက်များကို မလိုက်နာခြင်းသည် မိန်းမတို့ချစ်ကြောင်း အကြောင်းများတည်း။
(ကျမ်းကိုး – ဆရာတော် အရှင်ဉာဏ်သေးသေးရဲ့ မိန်းမတို့အကြောင်းဘာသာပြန်မှ စစ်နဲ့ငြိမ်းချမ်းရေးကို မှီငြမ်းသည်။)

One comment

  • cobra

    July 7, 2010 at 6:55 am

    တကယ်မိုက်တယ်ဗျာ
    ဒီနည်းတွေကိုအသုံးပြုတော့မယ်။

    Reply

Leave a Reply

Your email address will not be published.