တောင်ဒဂုံလိုင်စင်ရုံးကတောင်းချက်

kokothandarAugust 12, 20121min03

ဂျူလိုင်လ(၃၀)ရက်က ကားဝှီးတက် ပျောက်လို့ ရဲစခန်းတိုင်ချက်။ယာဉ်ထိန်းရဲကပြစ်မှုကင်းထောက်ခံချက်တွေ နဲ့တောင်ဒဂုံ့ ကားလိုင်စင်ရုံးကို

သွားခဲ့ပါတယ်။စာရွက်စာတမ်းတွေကို စားပွဲအဆင့်ဆင့် ဖြတ်ပြီး ခရိုင်မှုးရုံးခန်းဝမှာ ကားလိုင်စင်နဲ့အထောက်အထားစာရွက် ကို စာရေးမတစ်ယောက်ကလက်ခံ ပြီး ခရိုင်မှုးအခန်းထဲကို ပို့ပေးပါတယ်။ အခန်းပြင်မှာထွက်စောင့်ရပါတယ်။ခဏနေတော့ကားနံပါတ် အော်ခေါ်ပါတယ်။ကျွှှန်တော်လဲ သိတတ်စွာနဲ့ တစ်ထောင်တန်လေးချပေးပါတယ်။ နေရာက ခရိုင်မှုးအထွက်စားပွဲမှာပါ။ စာရေးမလေးက  မော့ြ့ကည့် ခရိုင်မှုးက ငွေကောက်ခိုင်းတယ် အရင်က နှစ်သောင်း ခု တစ်သောင်းဘဲပေးပါလို့ပြောတော့ပြေစာရမလားလို့မေးရာ ပြေစာမပေးကြောင်းပြောပါတယ်။စာရွက်စာတမ်းတွေ နောက်ကျမှာစိုးလို့ ပေးခဲ့ရပါတယ်။ဝှီးတက်

ထုတ်ပေးတဲ့နောက်ဆုံးစားပွဲရောက်တော့ ၁၅၀ဝ တောင်းပြန်ပါတယ်။ ှဒီအဆင့်ထိရောက်ဖို့ တစ်ထောင် တွေ ပေးခဲ့ရတာကို ကြေနပ်ပါတယ်။ နောက်ဆုံးနှစ်နေရာက တောင်းတဲ့ ခရိုင်မှုးရုံးနဲ နောက်ဆုံးတောင်းတဲ့ စားပွဲကို မကြေလည်ပါ ။နောက်နေ့မှာ ခရိုင်မှုးရဲ့ဖုန်း ဝ၉၅၀၃၉၅၅၆ကိုဖုံးဆက်ပြီး မေးတော့ ပမာဏမပြောကြောင်း သဒ္ဒါကြေးလို့သာ ပြောကြောင်းဖြေပြီးဖုန်းပိတ်လိုက်ပါတယ်။တစ်သောင်းတောင်းခံလိုက်ရတာမကြေလည်ပါ။ တစ်စီ တစ်သောင်း တစ်နေ့ ဘယ်နှစ်စီးများရှိပါလိမ့်။ ခုဟာ လာတ်ယူတာမဟုတ်ဘဲ လာတ်တောင်းတာဖြစ်နေတော့ ဘယ်လို ပြင်သင့်ပါလိမ့်မလဲ။

 

 

3 comments

  • ဒီစနစ်တွေက ရှိနေအုံးမယ် ထင်ပါတယ်။အရင်ကတည်းက ခိုးတယ်၊ခုလဲခိုးတယ်၊
    နောက်လဲ ခိုးမယ်။ဥပဒေမတည်မြဲသေးသရွေ ့ရသလောက်ခိုးကြပါလိမ့်မယ်လို ့။

    Reply

  • ဦးဦးပါလေရာ

    August 12, 2012 at 10:55 pm

    အဲဒါမျိုးကျတော့ မရစ်ကြေးလို့ ခေါ်သကွဲ့ …:D

    ကားဝှီးတက်ပျောက်တာမှာ ရဲစခန်းက အပျောက်တိုင်ကြားအမှု့ဖွင့်ထားကြောင်း ထောက်ခံစာ၊ လမ်း၅ဝ က ပြစ်မှု့ကင်းရှင်းကြောင်းထောက်ခံစာနဲ့ ထုတ်ပေးနိုင်တာမှန်ပေမယ့်
    လိုအပ်မည်ထင်လျှင် လိုအပ်သလို စိစစ်ခွင့်လဲ ရှိပြန်တော့…..

    လာဘ်ပေးလာဘ်ယူ ပ ပျောက်စေလိုလျှင် လာဘ်ပေးလာဘ်ယူကိစ္စများ ဖြစ်ပေါ်စေရန်
    ဟ ပေးထားတဲ့ လုပ်ထုံးလုပ်နည်း၊ စံနစ် များကို ပြင်ရပါမယ်။

    Reply

  • ကိုသင်း

    August 14, 2012 at 7:40 am

    လိုင်စင်ရ ဓါးပြဆိုတာ တို့နိုင်ငံမှာ မှိ ုထက်ပေါတယ်။

    Reply

Leave a Reply

Your email address will not be published.