***ကင်းထောက်***

maung khinminAugust 9, 20121min03

ကင်းထောက်

ကိလေသာ အောက် ..
အသိ မပါပဲ လျှောက်ခဲ့လို ့လား
အမှား အမျိုးမျိုးကို ….
အသွား တစ်မျိုး … အပြန် တစ်မျိုး
ဆင်ကန်း တောတိုးသလို
ကံတရား ကိုအညွန် ့ချိုးခဲ့ပေါင်း များပြီ ….၊

သုခရဲ့ ခံစားမှု  ….. ဝေဒနာ အစု
ဒုက္ခရဲ့ ခံစားမှု ….. ဝေဒနာ အစု
အရုဏ် ရဲ့ …..ဆွဲခေါ်မှု နောက်
မော့သောက်လိုက်ရ တဲ့ ….
တန်ပြန်သက်ရောက်မှု တဲ့လား …၊

ပုထုဇဉ် သားဆိုတော ့ ….
ကိလေသာ နဲ ့ …. ဖွားဘက် ဖြစ်ခဲ့ရတယ်
အထားမတတ် တော့ ….
ကိလေသာ အထက် … ဉာဏ် ကတတ်မလာ
အဝိဇ္ဇာ ဆိုတာ ……………………………..
သံသရာ ခရီးကို …. မီးလောင်ရာ လေပင့်သလို
လူ ဆိုတဲ့ ရခဲတဲ့ …. အခွင့် ကို
ခွာချ ပစ်လိုက်လို ့ ရတယ်တဲ့ ….၊

တရား ရဲ့ အမှန်မှာ ….
သွားချင်ရာ ကို…. အဓိပတိ တင်
မဂ္ဂင် ယဉ်ကို စီး …. ကိစ္စ ပြီးလိုက် လို ့ရတယ် …
ဘဝ ကို ငြီးငွေ  ့  မယ် ဆိုရင်ပေါ့  …..၊

မရှာ လို ့ …. မတွေ  ့
သေမယ့် နေ ့ကို …. ထိုင်လို ့ စောင့်
ဒါဆို …… ငါ
စိတ်မှောက် နေသေးတယ် …
ဘယ်ကို ရောက်ရောက်ဆိုပြီး ..
လျှောက်ရအောင် လည်း … လမ်း ဆိုတာကို
စိတ်ချ လက်ချ  … မယုံရ
ဒါ   အနိစ္စ လားတော့ မသိ ….
ကိစ္စ များလွန်းတဲ့ …. ငါ … ကို
စောင့်ကြည့်ဖို ့ …..
သတိ  ဆိုတဲ့ … ကင်းထောက် တစ်ယောက် အကူနဲ ့
မြတ်ဗုဒ္ဓ ရဲ့ အရိပ်အောက်မှာ ….
ခန္ဓာ ကို စောင့်ကြည့် မှ ဖြစ်တော့မယ် …။။။။။

3 comments

  • မောင်ပေ

    August 9, 2012 at 8:26 pm

    ကင်းထောက်
    ပုလင်းပျောက်
    ဆင်းကောက်
    နင်းလျှောက်
    အတင်းကြောက်
    မင်းသောက်

    Reply

  • P chogyi

    August 10, 2012 at 10:47 am

    ရပ်ကွက်ထဲက မီးကင်းသမားကိုတော့
    ကင်းမထောက်ခိုင်းနဲ့နော်။

    Reply

Leave a Reply

Your email address will not be published.