အပြစ်သား

koyoAugust 7, 20121min04

လူဟာ လူပဲ၊

လူဟာ အပြစ်သား မဟုတ်။

ခေါင်းမူးတာနဲ့ ဦးခေါင်း…

ဗိုက်နာတာနဲ့ ဝမ်းဗိုက်…

မူးတာက မူးတာတွေပဲ ဟုတ်တယ်။

နာတာက နာတာတွေပဲ ဟုတ်တယ်။

ဦးခေါင်းက၊

မူးတာမှ မဟုတ်တာ။

ဝမ်းဗိုက်က၊

နာတာမှ မဟုတ်တာ။

မူးတာက မူးတာပဲ…

နာတာက နာတာပဲ…

ဆရာ…ရှာပါ…

ကုပါ…ပျောက်မှာ…။

လူဟာ လူပဲ၊

လူဟာ အပြစ်သားမဟုတ်။

အပြစ်က၊

အပြစ်တွေပဲ ဟုတ်တယ်။

ဆရာ…ရှာပါ…

ကုပါ…ပျောက်မှာ…။

 

4 comments

  • ko khin kha

    August 7, 2012 at 11:52 pm

    လူ နဲ့ အပြစ် ——-။
    အင်း ဘယ်လိုပြောရမလဲ မသိဘူးဗျာ၊

    Reply

  • ချစ်တိုးလေး

    August 8, 2012 at 12:04 am

    တိုးလေးက ပိန်းလို ့ဘာဆိုလိုချင်တာလဲနားမလည်ပါဘူး။ နည်းနည်းလောက် ရှင်းပြပေးကြပါဦးနော်။

    Reply

  • မောင်ပေ

    August 8, 2012 at 9:31 pm

    အနာသိ ဆေးရှိ
    ဆေးကဈေးကြီး လူနာငြီး
    ဂွဂွကျကျ မပြီး

    Reply

Leave a Reply

Your email address will not be published.