ခံစားတက်သွားပြီ

snow whiteAugust 7, 20121min09

ခံစားတက်ပါတယ်
နှလုံးသားတစ်စုံတစ်ခု ပွန်းပဲ့သွားရုံ နဲ့
င့ါရဲ့မျက်ရည် ကျလိမ့်မယ် မထင်ပါနဲ့
ခံစားတက်ပါတယ်
နင့်မချစ်ဖို့ကြိုးစားနေပေမယ့်     ငါ့ရဲ့ဖြူစင်တဲ့ စိတ်ဓာတ်နဲ့
ငါ့ခင်မင်တက်တဲ့စိတ်ဓာတ် နဲ့  ဘယ်သူမှငါနားက ခွဲခွာသွားကျလိမ့်မည်မဟုတ်
ခံစားတက်ပါတယ်
နင့်မျက်နှာကိုမြင်ရုံနဲ့ နင့်ရဲ့ချစ်စိတ်တွေ ငါ့ဆီမှာရှိသေးတယ်ဆိုတာ
နင့်လည်းအတင်းမေ့ဖို့ ကြိုးစားနေတယ်မဟုတ်လား
ခံစားတက်ပါတယ်
အသွေးသားနဲ့နေနေရတဲ့ လူဘဝ ဖြစ်သင့်တာမဖြစ် မဖြစ်သင့်တာ ဖြစ်နေကျရမှာပဲလေ
ချစ်စစ်ကို အတင်းလုပ်ယူလို့ ရလိမ့်မယ် မထင်နဲ့ ချစ်သူ
ခံစားတက်ပါတယ်
ဝေးကွာရမယ် ဆိုု ဘယ်သူကမငိုပဲနေမလဲ ချစ်သူ
နင်ကိုချစ်လက်ဆလေးနဲ့ဘဲ မငိုပဲနေနေပါ့မယ်
ခံစားတက်ပါတယ်
ဖြစ်တက်တဲ့လူသဘာဝအရ   မချစ်ဘဲလည်းမနေနိုင်ဘူး
ချစ်ပြန်တော့ လည်းဝေးကွာခြင်းတဲ့
ခံစားတက်ပါတယ်
တူတူသွားခဲ့တဲ့လမ်းတွေ တူတူသောက်ခဲ့ဖူးတဲ့ ကော်ဖီတွေ
ခုတော့ အကုန်အတိတ်မှာပါလား
ခံစားတက်ပါတယ်
ချစ်စစ်ချစ်မှန်မဟုတ်လို့ ဝေးကွာရတယ်ပဲ
မှတ်လိုက်ချင်တော့တယ်   ချစ်သူ
ခံစားတက်ပါတယ်
နောင်ဘဝဆိုတာလည်း ကိုယ်မြင်ရသည့် ကိစ္စမဟုတ်
နောင်ဘဝဆိုတာလည်းဆုမတောင်းရဲဘူးချစ်သူ။။။။

9 comments

  • YE YINT HLAING

    August 7, 2012 at 9:05 pm

    အားပေးဖတ်ရှု ခံစားသွားပါတယ် စနိုး ရေ — ကျွန်တော် လည်း ခံစားတတ်ပါတယ်ဗျ !

    Reply

  • မဟာရာဇာ အံစာတုံး

    August 7, 2012 at 10:10 pm

    ဒီလိုကဗျာတွေက
    ခံစားတတ်တဲ့ ကျနော့်ရင်ကို ဆွ …
    အော် … မေ့မရသေးတဲ့ အတိတ်ဆီက
    တစ်စုံတစ်ခုကို သတိတရ x x x
    တော်ပြီကွာ သတိမရတော့ဘူး
    အတိတ်ကို ပြည်ဖုံးကားချခဲ့ပြီးပြီ … ဒါပဲ ..

    ကဗျာလေးကို
    ဖတ်ရှုကာ အားပေးသွားပါတယ်
    သမီးအပျိုလေးရေ ..

    Reply

  • ko khin kha

    August 7, 2012 at 11:12 pm

    တူတူသွားခဲ့တဲ့လမ်းတွေ တူတူသောက်ခဲ့ဖူးတဲ့ ကော်ဖီတွေ
    ခုတော့ အကုန်အတိတ်မှာပါလား။

    ကျွန်တော်တော့ပိုစ့်လေးရေးပြီး ခွက်ထဲကျန်တဲ့တငုံစာ ကော်ဖီလေး
    မော့လိုက်ကာ ဘေးကိုကြည့်တော့ တစ်ယောက်ထဲပါလားနော်။
    (၂၃း၁ဝ နာရီ)

    Reply

  • ကြောင်ကြီး

    August 8, 2012 at 8:38 am

    ခံစားတက်
    ဂစ်..ဂစ်..ဂစ်
    ညဏ်များချက်
    ဝှစ်..ဝှစ်..ဝှစ်
    ရန်ပွားဖက်
    စစ်..စစ်..စစ်
    သံပြားကပ်
    ့ဖျစ်..ဖျစ်..ဖျစ်
    ဒဏ်သွားညက်
    အစ်..အစ်..အစ်
    ကြံသမားခက်
    ထစ်..ထစ်..ထစ်
    ဘဏ်ကားပျက်
    လစ်..လစ်..လစ်
    တန်စားဝက်
    ကစ်..ကစ်..ကစ်..။

    Reply

  • etone

    August 8, 2012 at 11:26 am

    ညီမလေး စနိုးရေ ….. ဖတ်ပြီ ဘာကော့မန့် ပေးလို့ …. ဘယ်လို အားပေးရမှန်းတောင် မသိတော့ပါဘူး …… ။

    အချစ်ကို အချစ်လို့ပဲ သိရုံ၊တကိုယ်စာ ခံစားရုံလို့ပဲ သဘောထားပါညီမလေးရေ ။ အချစ်ရဲ့ နောက်ကွယ်မှာ …. တခြား ဘာမှ ကပ်မထည့်ထားပါနဲ့ … ။ မျှော်လင့်တာတွေနဲ့ ရောထွေးသွားတဲ့အခါ ….. ပူလောင်ရပါတယ် ။ ပူလောင်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ …… ရင်နာရဦးမယ် … ။ ဒီတော့ …. နီးခြင်း၊ဝေးခြင်း ၊ကွေကွင်းခြင်း၊ပေါင်းဖက်ခြင်း … … ဘာတွေ ၊ ညာတွေ အားလုံး ဘေးဖယ်ထားပြီး ……. ချစ်နေရရုံနဲ့သာ ကျေနပ်နိုင်မယ်ဆို … ဘယ်လောက်အေးချမ်းလိုက်မလဲ …….. အဟဲ ….. 😀 😀

    Reply

  • manawphyulay

    August 8, 2012 at 11:56 am

    ခံစားတတ်ပါတယ်
    ခင်မင်မှုနဲ့စတင်ခဲ့တဲ့ သံယောဇဉ်တစ်ခု
    အစပြုတုန်းရှိသေး….
    ခံစားတတ်ပါတယ်
    ခွဲခွာခြင်းနဲ့ ကြုံဆုံလာခဲ့…
    ခံစားတတ်တဲ့စိတ်ထက်ပိုတဲ့
    ခံစားခဲ့ပါတယ်…

    Reply

  • အတိသဌ္ဇနာဂရ

    August 8, 2012 at 1:53 pm

    နောင်ဘဝဆိုတာ မရေရာတော့ ဒီဘဝချစ်ခွင့်တော့ရနိုင်ပါစေ

    Reply

  • မောင်ပေ

    August 8, 2012 at 9:30 pm

    စနိုလေးရယ်
    ဒီနေ ့မှ တိုက်တိုက်ဆိုင်ဆိုင်
    ရခိုင်အလှူနေ ့တုန်းက မှတ်တမ်းဓါတ်ပုံတွေထဲမှာ
    စနိုးလေး ကို မြင်ခဲ့ရတာ
    အခုဒီပိုစ့်ထဲမှာ စနိုးလေးခံစားနေရတာတွေ ဖတ်ရတော့
    အရမ်း ဝမ်းနည်းမိသွားပြီကွာ….

    Reply

  • snow white

    August 9, 2012 at 10:47 am

    ဟဟလို့တောင်မရယ်ချင်ဘူး ဘယ်အလှူတုန်းကမှ မပါဘူး ဘယ်မှာမှလည်းစနိုးပုံမရှိဘူးလေးလေးပေကတော့ တကယ်ကိုစံပါဘဲ ။။အာဖြံကွီး။

    Reply

Leave a Reply

Your email address will not be published.