အလွယ်ဆုံး ပူတင်းလုပ်နည်း

shwe pontAugust 6, 20121min014

etone ရဲ ့ စွဲလမ်းမိသော ဝေဒနာပိုစ့်ကိုဖတ်ပြီး အိမ်မှာလုပ်စားနေကျ လွယ်ကူရိုးရှင်းတဲ့ ပူတင်း လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်

နွားနို ့ တစ်ပိသာကို ကျက်အောင်ကျို

ကျက်ပြီးသားနွားနို ့ထဲ ကြက်ဥ ငါးလုံး ခေါက်ပြီးထည့်

သကြား ဟင်းခပ်ဇွန်းနှင့် အပြည့်သုံးဇွန်း (အချိုကြိုက်ရင် ပိုထည့်)

ဆားအနည်းငယ် ထည့် ပြီး အကုန်သကြားကြေအောင်ခေါက်

ပြီးရင် ပူတင်းတယောက်စာပန်းကန်(ကော်ဖီပန်းကန်လို ကြွေပန်းကန် ထမင်းပေါင်းအိုးနဲ့ ထည့်လို ့အဆင်ပြေတဲ့ပန်းကန်)လေးတွေထဲကို စောစောက အကုန်မွေခေါက်ပြီးသား နွားနို ့ကိုထည့် ၊ အဖုံးလေးတွေဖုံးထား

ပြီး ထမင်းပေါင်းအိုးထဲ ရေထည့် ၊ ပန်းကန်လေးတွေရဲ ့ သုံးပုံနှစ်ပုံလောက်ထိရေရောက်အောင်ထည့်

ပြီးရင် ထမင်းပေါင်းအိုးအဖုံးဖုံးပြီး မိနစ်20 လောက် ထားလိုက်ရင် အသင့်စားလို ့ရတဲ့ ပူတင်းလေးတွေ ရပါပြီ

ပုံကတော့ အဆင်သင့်ရိုက်ပြီးသားမရှိလို ့ စာသားပဲအရင်တင်လိုက်ပါတယ်။

14 comments

  • etone

    August 6, 2012 at 4:52 pm

    မရွှေပုံ ့ရေ … thank you ပါနော် ..
    အဘဖော ပူတင်းလုပ်နည်း .. ရေးဖို့ .. ကော့မန့်ပေးသွားပေမယ့် … မနေ့ကအထိ အင်တာနက်လိုင်းပြသနာ နည်းနည်းရှိတာကြောင့် … မတင်ပေးနိုင်ခဲ့ပါဘူး … ။ အခုလို မရွှေပုံ ့ရေးပေးတာ လွယ်လည်း လွယ်ပြီး လုပ်စားလို့လည်း မြန်တာမို့ အဘဖောလည်း ဖတ်ပြီး လုပ်စားလို့ အဆင်ပြေလောက်မယ်ထင်ပါတယ် … ။

    တစ်ချို့တွေက .. မုန့်ကြွပ်တွေ ချေပြီး ထည့်ကြတယ် ….. ။ မာမာလေးဖြစ်နေအောင်ပါ …. ။
    ကျွန်မကတော့ … ချိုချို အီအီတွေ ကြိုက်တတ်တာကြောင့် …. နွားနို့ အပြင် ၊ နို့ မှုန့်လည်း ထည့်ပြီး ၊ သကြားအပြင်နို့ဆီပါရောထည့်ပါတယ် … တစ်ခါဆိုလျှင်ဆိုသလောက် သုံးထားတာတွေက … အဆီတက်စေမယ့် အစားစာတွေ ၊ အချိုတွေ များလွန်းနေတာကြောင့် …. စားချင်စိတ်ကို မျိုသိပ်ထားခဲ့တာပါ … အဟီး 😉

    Reply

  • ဆူး

    August 6, 2012 at 5:05 pm

    အလွယ်ဆုံး ပူတင်း လုပ်နည်း ကိုတွေ့မှာပဲ မသိသေးတဲ့ နည်းပညာ တခု သိရတာ အမှန်ပဲ ဗျို့..
    မိုက်ခရိုဝေ့ နဲ့ ခဏခဏ လုပ်ဖူးတယ် ပူတင်းမဖြစ်ဘူး။
    ဂျုံပါ ထည့်ပြီး ပစ်ပစ်လေး လုပ်ပြီး ဖုတ်မှ နည်းနည်း အဆင်ပြေတယ်။
    နည်းစနစ် နည်းနည်း လွဲ နေလို့ ဘယ်လိုမှ စမ်းလို့ မရဘူး ဖြစ်နေတာ ဆိုတော့ အစဖော်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

    Reply

  • we R one

    August 6, 2012 at 5:39 pm

    ဖတ်ရင်း ဖတ်ရင်း သရေတောင်ကျလာပြီ ရှလွတ်…:D

    Reply

  • may flowers

    August 6, 2012 at 5:45 pm

    ပူတင်းဆိုအရမ်းကြိုက်တာ… shwe pont ရေ ကူးမှတ်သွားပြီနော် …ကိုယ်လုပ်နေကျ နည်းတွေထက်

    လွယ်နေလို့ စမ်းလုပ်ကြည့်လိုက်ဦးမယ် ခုလိုမသိသေးတဲ့ ပူတင်းအလွယ်လုပ်နည်းလေး သိရလို့ ကျေးဇူးပါ။

    Reply

  • ko khin kha

    August 6, 2012 at 7:32 pm

    ဖတ်ရတာတကယ်လွယ်တဲ့နည်းဘဲဗျာ၊ ဒီလိုလွယ်ရင်တော့ ကိုယ်တိုင်ဘဲလုပ်စားတော့မယ်၊ သူများဆီသွားမစားတော့ဘူဗျာ။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 6, 2012 at 11:59 pm

    အလွယ်ဆုံး ပူတင်းလုပ်နည်း ထက်လွယ်တဲ့ ပူတင်းလုပ်နည်း
    အောက်ပါပူတင်းလုပ်နည်းဟာဆိုရင် အပေါ်က ပူတင်းလုပ်နည်းထက်လွယ်ကူပြီး
    အချိန်ကုန်လည်းသက်သာ လူလည်းမပင်ပမ်းဘဲ
    စွမ်းအင်ကိုလည်းခြွေတာစေမှဖြစ်ဘာဒယ်
    ဤနည်းကို အခြားသူများကိုလည်း ကြိုက်သလိုဝေငှခွင့်ပေးဘာဒယ်
    လိုအပ်သည်များမှာ
    နွားနို့တစ်ခွက် ( မိမိအလိုရှိသလောက် )
    ကြက်ဥတစ်လုံး
    သကြား အလိုရှိသေလာက် ဖြစ်ပါဒယ်
    အမှန်တော့ ပူတင်းထဲမှာပါဝင်တာကတော့ နွားနို့ရယ် ကြက်ဥရယ် သကြားရယ်ဘဲဖြစ်ပါတယ်
    ဘယ်လိုဘဲလုပ်လုပ် ဗိုက်ထဲကိုရောက်ဘို့ပါဘဲ
    သကြားကို နွားနို့ထဲ ဖျော်ထဲ့ပါ ( သကြားပျော်သွားတဲ့အထိ )
    ကြက်ဥကို အစိမ်းသောက်လိုက်ပါ
    ပြီးရင် သကြားဖျော်ထားတဲ့ နို့ကိုသောက်လိုက်ပါ
    အဲ့ဒါ ပူတင်းနဲ့တူတူပါဘဲ အပေါ်က ပူတင်းကတောင် ဝါးနေရဦးမယ်
    ဤပူတင်းကတော့ မျိုချလိုက်ယုံပါဘဲ
    ( ဟဲဟဲဟဲ အရဂါးနောက်ဒါ )

    Reply

    • မောင်ပေ

      August 7, 2012 at 10:16 pm

      အရမ်းကို ဉာဏ်အမြော်အမြင်ကြီးလှတဲ့ ကိုပုပါကလား
      မရွှေပုံ့ရေ ပူတင်းလုပ်နည်းကူးသွားပါတယ်

      Reply

  • Nadi Mg

    August 7, 2012 at 9:54 am

    သင့်ခ်ကယူပါဗျာ

    Reply

  • shwe pont

    August 7, 2012 at 11:11 am

    etone ပြောတဲ့နည်းက အချိုကြိုက်သူများနဲ့ ဆိုအဆင်ပြေမှာပါ
    ကျွန်မပြောတဲ့နည်းကတော့ အရသာက အဆိမ့်ဘက်ကိုပိုပါတယ်။
    ကျွန်မတို ့မြို ့မှာတော့ ပူတင်းကို နွားနို ့သကြားတွေနဲ ့ခေါက်ပြီး အပေါ်မီးအောက်မီးနဲ ့ဖုတ်တယ် အဲဒီတော့ အပေါ်ကြောလေးက မီးအပူရှိန်ကြောင့် ကျွပ်ကျွပ်လေးဖြစ်နေပြီး အနံ ့ပိုမွှေးပါတယ်။ အိမ်မှာက မီးသွေးမသုံး တာရယ် အဲလိုလုပ်ရင် ကြာမှာရယ်ကြောင့် ခုလိုအလွယ်လုပ်စားတာပါ။
    ဘာပဲဖြစ်ဖြစ် ပူတင်းကြိုက်သူတွေအတွက်ကတော့ လွယ်ကူပြီး ကျန်းမာရေးညီညွတ်စွာနဲ ့ ကိုယ်တိုင်လုပ်စား လို ့ရတဲ့နည်းလေးဖြစ်တဲ့အတွက် အသုံးတည့်တယ်ဆိုရင် ဝမ်းသာပါတယ်ရှင်။
    ဆရာပု ပူတင်းလုပ်နည်းကတော့ ဗိုက်ထဲတွင် ပူတင်းလုပ်နည်း ဖြစ်မယ် 😀

    Reply

  • Foreign Resident

    August 7, 2012 at 2:53 pm

    Shwe Pont , E Tone နှင့် အားလုံး ကျေးဇူးပဲ ။
    လုပ်စားကြည့်လိုက်ဦးမယ် ။

    နိုင်ငံခြားမှာ မြန်မာတွေ ပူတင်း ခေါ်တဲ့ဟာကို Custard လို့ခေါ်တယ် ၊
    သူတို့ Pudding ခေါ်တာကျတော့ နောက် တစ်မျိုး ၊ မတူဘူး ။
    သူတို့ Pudding Recipe တွေမှာ ကြက်ဥ အနှစ်ပဲသုံးပြီး အကာ မသုံးလို့ ၊
    အကာ တွေ နှမျောစရာလို့ စဉ်းစားနေတာ ၊
    မြန်မာ နည်းနှင့်ပဲ ပေါင်းတော့မယ် ။

    Reply

  • ရွာစားကျော်

    August 7, 2012 at 3:49 pm

    ညနေကျရင် အိမ်ကမိန်းမကို ပြပီး ပူတင်းလုပ်စားကြမယ်..
    ရှဲရှဲ ရွှေပုံ့

    Reply

  • mayjuly

    August 7, 2012 at 4:57 pm

    တိုက်တိုက်ဆိုင်ဆိုင် ဗျာ ..

    မနက်က ပူတင်းဖုတ်တာ … ဟိဟိ

    ပူတင်းမဲ ကြီး ဖြစ်တွားတယ်…အလွယ်ဖုတ်လိုက်တာလေ…

    ပေါင်းအိုးထဲ မထည့်ပဲနဲ့ တခြားမုန့်တွေ ဖုတ်သလို မီးအေးအေးလေးပေါ်တင်ပီး ဖုတ်လိုက်တာပေါ့ …

    တင်ထားပီး ခဏနေ သွားလဲ ကြည့်ရော အားပါးးး ပူတင်းကြီးက မဲနေလိုက်တာ မှောင်လို့ …

    အဲလိုတော်တာနော် … 😛

    Reply

  • snow white

    August 7, 2012 at 6:01 pm

    ပူတင်းတော့မကြိုက်ဘူး သူများတွေကို လုပ်ကျွေးချင်တဲ့စိတ်နဲ့ ကူးယူမှတ်သားသွားပါတယ် ။သူများကို လုပ်ကျွေးချင် လုပ်ကျွေးလို့ရတာပေါ့ ဘာပဲဖြစ်ဖြစ် ကူးယူသွားပါတယ်..

    Reply

Leave a Reply

Your email address will not be published.