တော်ပါကွာ……..

naywoon niAugust 5, 20121min010

ဘာ သတင်းအချက်အလက် အသစ်မှလည်းမပေး
အတင်းလို့ ပြောရအောင်လည်း
စကားလုံးတွေပြည့်နှက်နေပြီး ငြီးငွေ့ဖွယ်
စာမျက်နှာတွေပေါ်မှာ
စာလုံးတွေ ပြည့်နှက်နေပေမဲ့လို့
အဓိပါ္ပယ် တစ်စုံတစ်ရာမရှိ……
အသံတွေ ဆူညံနေပေမဲ့လည်း
ဘာအသံရယ်လို့မှ မဝေခွဲနိုင်အောင် ဆူညံလွန်းနေတော့
စိတ်ပျက်စရာ………………။
ယိမ်းထိုးနေတဲ့
မင်းရဲ့လက်တွေကလည်း
ဘာကိုဆိုလိုတယ်ဆိုတာပုံဖော်မရ
စည်းမကျ ဝါးမကျနဲ့
အရက်မူးသမားလမ်းလျှောက်လာတာတောင်
မင်းလို ဗရမ်းဗတာ မနိုင်ပါဘူး ……..။
ငါတော့ကွာ
မင်းရေးတဲ့စာတွေဖတ်မဲ့အစား
မင်းဆိုတဲ့သီချင်းတွေနားထောင်မဲ့အစား
မင်းနဲ့စကားပြောမဲ့အစားတော့
ငါတို့ရပ်ကွက်ထဲက စကားမပြောတတ်တဲ့
လူလည် အ,အ သာ
အကြောင်းအရာ တစ်ရပ်ရပ်ကို
အချေအတင်ငြင်းခုံလိုက်ချင်တော့တာပါပဲ……….
နေဝန်းနီ

10 comments

  • စိန်ဗိုက်ဗိုက်

    August 5, 2012 at 5:54 pm

    တော်ပါပြီကွာ..
    အဲလေ..
    အူးနေ..အူးနေ..
    ဆိတ်လျှော့ပါဗျ
    🙂

    Reply

    • နေဝန်းနီ

      August 5, 2012 at 6:04 pm

      နင်လည်းလျော့သောက်
      ပုဆိုးလျော့ပြီးသောက်……… နို့မို့ ဗိုက်အင့်တယ်…။ သိလား…….

      Reply

      • စိန်ဗိုက်ဗိုက်

        August 5, 2012 at 6:05 pm

        သိပါပြီတော်..

        Reply

  • မဟာရာဇာ အံစာတုံး

    August 5, 2012 at 6:11 pm

    ဦးနေဂျီး ..
    စကားမပြောတတ်တဲ့ လူလည် အ,အနဲ့
    ငြင်းခုန်ဖြစ်ခဲ့ရင် အနော့လည်း ခေါ်ဘာအုံး .. 😀
    နောက်ဒါဘာ ..
    ဦးနေရဲ့ ပေါက်ကွဲသံစဉ်တွေကို
    ဖတ်ရှုသွားဘာဒယ် ခညာ ..

    Reply

  • Pye Kun Zaw

    August 5, 2012 at 7:23 pm

    ဘာမှန်းမသိတာတွေဟာဘဲ တခါတလေ ပေါ်ပြူလာဖြစ်တာပါတယ်။

    Reply

  • ဝေးလွင့်တိမ်

    August 5, 2012 at 7:57 pm

    မင်းနဲ့စကားပြောမဲ့အစားတော့
    ငါတို့ရပ်ကွက်ထဲက စကားမပြောတတ်တဲ့
    လူလည် အ,အ သာ
    အကြောင်းအရာ တစ်ရပ်ရပ်ကို
    အချေအတင်ငြင်းခုံလိုက်ချင်တော့တာပါပဲ……….

    Reply

  • အတိသဌ္ဇနာဂရ

    August 5, 2012 at 8:24 pm

    ဆရာရေ တခါတည်းကို ကျနော့်ကိုဆုံမနေသလို ခံစားရပါတယ်ဗျာ။
    ကျနော့်စာတွေအရည်မမှီလို ့ပါဗျာ။

    Reply

  • marblecommet

    August 5, 2012 at 9:19 pm

    ဘိုနေကြီးရေ့….
    ဘဇာအရေးကိုများ
    အလိုမကျဖြစ်နေပါလိမ့်နော်…

    Reply

  • မောင်ပေ

    August 5, 2012 at 9:24 pm

    ကျွန်တော်ကတော့ ဘိုနီ ့ကဗျာဖတ်အပြီးမှာ ဟန်ထူးလွင် သီချင်းလေးကို ဆိုချင်မိသွားတယ်ဗျာ
    တစ်ကယ်ပါ
    ““ နားလည်ကြပါ… နားလည်ကြပါ… မင်္ဂလာဆောင်သွားကြ… ကျွန်တော်သာ ကျန်ခဲ့ရ… ””

    Reply

  • ရဲစည်

    August 6, 2012 at 10:05 am

    စိတ်မဆိုးပါနဲ့
    အူးနေရယ်。。 မှားတာချိရင် တောင်းပန်ပါတယ်
    အူးရယ်。。
    တကယ်ဆို အူးစိတ်ထဲ
    သံမှိုဆွဲသလို…. အာ… မရတော့ဘူး
    ပေါက်ကွဲရသမ်တွေနဲ့ အတူ လိုက်ပါစီးမျော သွားပါကြောင်း

    လက်မထောင်သွားပါကြောင်း :)

    Reply

Leave a Reply

Your email address will not be published.